NEWS

မန်စီမြို့Honbo အထည်ချုပ် မြန်မာလုပ်သားများအား ကိုယ်ထိလက်ရောက် ကျူးလွန်၊ တရုတ်တွင် တနင်္ဂနွေ ပိတ်ရက်မရှိဟု ပြောဆို ခိုင်း

CoverLogo
569 Views
 
တရုတ်နိုင်ငံ ၊ မန်စီမြို့ ၊ ဖတီစက်မှုဇုန်၊ Honbo(ဟုန်ပေါ်) အထည်ချုပ် စက်ရုံက တာဝန်ရှိသူတချို့က မြန်မာအမျိုးသမီးလုပ်သားတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စင်ပယ်ခန်း(sample)က တရုတ်အမျိုးသမီး ဝမ့်ကျယ်နဲ့ စက်ရုံမှူး မုတ်ကျယ်ဆိုတဲ့ တရုတ်အမျိုးသမီး တွေက ရိုက်နှက်တာ၊ စက်ရုံက တခြားတရုတ်လည်း ဆဲဆို ရိုက်နှက်နေတာ။ အမြဲးတမ်းလက်ပါတယ်။ ။ တစ်ခုခုဆို ရိုက်တာပဲ ၊ တစ်ဗျန်းဗျန်းနဲ့။ ရိုက်တာ၊ ထုတာအပြင် နာရွက်ဆွဲတာမျိုးတွေပါ လုပ်တယ်။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း တရုတ်နိုင်ငံသား ကြီးကြပ်ရေးမှူးတွေရဲ့ လက်ရောက်ကျူးလွန်နေတဲ့အပြင် မြန်မာနိုင်ငံသား ကြီးကြပ်ရေးမှူးတွေကပါ ဆဲဆိုမှုတွေ ပြုလုပ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင် ကျူးလွန်ခံရမှုတွေကို ဒေသခံ တရုတ်အာဏာပိုင်တွေဆီ တိုင်ကြားပါက လာရောက်စစ်ဆေးပေမဲ့ မြန်မာ ဘာသာပြန် မပါရှိတာကြောင့် အလုပ်သမားတွေ ကြုံတွေ့ရမှုတွေ ပြေလည်မှု မရှိဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“တနေ့တနေ့ အလုပ်လုပ်ရတာ၊ လူတွေနဲ့မတူတော့ဘူး။ ညီမတို့ကို မထင်ရင်မထင်သလို ရိုက်နှက် ခိုင်းခံနေ ရလို့ပါ။ စူပါတွေ၊ အောစူပါတွေကလည်း ေ-နဲ့ ကိုင်တုတ် ဆဲတာက ငရဲးခန်းလားတောင် အောင့်မေ့ရတယ်။ လာစစ်လဲ ဘာသာပြန်မပါဘူး။ စက်ရုံမှာရှိ့တဲ့ စကာပြန်တွေကပဲ ပြန်ပေးနေတာဆိုတော့၊ ညီမတို့မှာ ဘယ်အားကိုစရာမှ မရှိဘူး။” လို့ ပြောပါ တယ်။
စက်ရုံဘက်က အထည်စံချိန်မပြည့်လို့ ဆိုပြီး ပြန်ခွင့်မပေးဘဲ ည ၁၀ နာရီအထိလုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ သတ််မှတ်အလုပ်ချိန်ကို ကျော်လွန်လုပ်ကိုင်ရပေမဲ့ အိုတီကြေး ပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“စံချိန်တောင်းတယ်၊ မပြည့်ရင်မပြန်ရဘူး။ ၁၀ နာရီ၊ ၁၁ နာရီအထိ လုပ်ရတယ်။ OT ခမပေးတော့ဘူး။ တနင်္ဂနွေနေ့ တွေလည်း ဆင်းရရင်လည်း OT ခ မပေးဘူး။ သူတို့ တရုတ်ပြည်မှာ တနင်္ဂနွေနေ့ ပိတ်ရမယ်ဆိုတာ မရှိဘူးလို့ ပြောတယ်။ မဆင်ချင်လို့ ၊နားလို့မရဘူး။ အဆောင်တွေအထိ၊ အဆောင်မှူးတွေကို အခန်းတွေ စစ်ခိုင်းပြီး ရုံးခန်းပို့ ခိုင်းတယ်။ “ လို့ ပြောပါတယ်။
စက်ရုံမှာ အထည်ချုပ် အလုပ်ကို မနက် ၈နာရီကနေ ညနေ၆နာရီ အထိ လုပ်ကိုင်ကိုင်ပေးရမယ်လို့ နှစ်ဖက် သဘောတူထားပြီး ည ၆နာရီကျော်ပါက အချိန်ပိုကြေး ပေးမယ်ဆိုပြီးလည်း ပါဝင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်ဝင်ဖို့ ခေါ်တုန်းကတော့ အပြီးအစီး ၁၅ သိန်းနဲ့ ခေါ်တာ။ အလုပ်ဝင်တော့ တရုတ်ငွေ ၄၇၀၀ (ကျပ် ၃၅ သိန်း) အကြွေးရှိတယ်လို့ ပြောလာတယ်။ လစာ အကုန်လုံးမှ၂၁၀၀ ပဲရတယ်။ အကြွေးကို ၁၀၀၀ ဖြတ်တယ်။ တကယ်လစာက ၁၁၀၀ ပဲ ကျန်တာ။ ခေါ်တုန်းကတော့ တစ်လ တစ်လ၂၀၀ ပဲ ဖြတ်မယ်တဲ့၊ စက်ရုံဝင်တော့ တလ ၅၀၀ ဖြတ်မယ် ဖြစ်မယ်ပြန်တယ်။ အခုတော့ ၁၀၀၀ အထိ ဖြတ်ပြန််တယ်။ အချိန်ပိုကြေး မပေးတာ၊ ဖြတ်တာကတော့ အတိအကျပဲ” လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်ခွင်အတွင်း လုပ်ခလစာ ဖြတ်တောက်မှုတွေ ရှိနေပြီး ပြင်ထည် ကျပါက တစ်ထည် တရုတ်ငွေ တကျပ် (ကျပ် ၆၀၀ ဝန်းကျင်) ၊ နှစ်ကျပ် သတ်မှတ်ပြီး ချက်ချင်း ပုံးထဲ ထည့်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“သူတို့နိုင်ငံမှာ လာလုပ်ရတယ်ဆိုပြီး၊ သူတို့နဲ့ တန်းတူအခွင့်ရေး ပေးဖို့ ပြောတာမဟုတ်ပါဘူး။ လူတစ်ယောက်လို တော့ ဆက်ဆံပေးကြဖို့ ပြောတာပါ။ ကိုယ့်နိုင်ငံမှာ လစာမကောင်းလို့ ၊ မိသားစုအတွက် သူများနိုင်ငံမှာ မှိတ်ကြိတ်ပြီးလုပ်နေရတာ။ အဆင်မပြေတာတွေကြီးပါပဲ။ နားချိန်မရှိနဲ့၊ အလုပ်သမားတွေလည်း မျက်ကွင်းက နောက်စေ့ရောက်နေကြပြီ၊ ဒီလို ဖြစ်နေတာတောင် သူတို့က အရိုးကျေကျေ၊ အရည်ခန်းခန်း လုပ်ကြပါဆိုတာကြီးပဲ” လို့ အလုပ်သမားတွေ က ပြောဆိုထားပါတယ်။
Honbo စက်ရုံအတွင်းအတွင်း ကြက်ရိုး နဲ့ နံနံပင်သုတ်၊ ကန်းစွန်းရွက် နှစ်ပိုင်းဖြတ်ကြော်ကို ဟင်းအဖြစ် ကျွေးမွေးပြီး သောက်ရေစက်ကို သန့်စင်ခန်းရှေ့အနီးမှာ သန့်ရှင်းမှု မရှိတဲ့ ပုံစံနဲ့ သုံးစွဲရတာကို Myanmar Labour News က တွေ့ရှိထားပါတယ်။

Related posts

Cover
ထိုင်းသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်သာလာရောက်ကြရန် စစ်ကောင်စီအလုပ်သမားသံရုံး အသိပေး
Feb 26, 2026
Cover
၂နှစ်အတွင်း ပြည်ပတွင် အဖမ်းခံရသည့် မြန်မာ နိုင်ငံသား ၁၇၀၀၀နီးပါးရှိ
Feb 26, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
မြန်မာလုပ်သား ၅၀ ကျော် တင်ဆောင်လာသည့်ကား ရဲဖမ်းခံရမည်စိုး၍ မောင်းပြေးရာ တိမ်းမှောက်ပြီး လူအများအပြားဒဏ်ရာ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကြန့်ကြာမှုကြောင့် ခွင့်ပြန်လုပ်သားများ အခက်တွေ့နေ
Feb 25, 2026
Cover
ပွဲစားခ ဘတ် ၁၃၀၀၀ ပေးရပြီး ကားအနောက်ခန်းတွင် ကြပ်ညှပ်စွာ ပုန်းအောင်းလိုက်ပါလာရသည့် မြန်မာလုပ်သား ၁၄ ဦးအဖမ်းခံရ
Feb 25, 2026