NEWS

ပြည်ပအလုပ်အကိုင်အကျိုးဆောင်ကုမ္ပဏီ ၄၀၀ နီးပါးရှိ၊ လိုင်စင်အသစ်လျှောက်ထားလိုသူတွေရှိနေ

CoverLogo
1.9K Views

ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုသူမြန်မာအလုပ်သမားများတိုးမြင့်လာသလို ပြည်ပအလုပ်အကိုင်အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်အသစ်လျှောက်ထားလိုသူတွေလည်း များပြားနေတယ်လို့ သိရပါတယ်။

"အခုက တစ်နိုင်ငံလုံးနီးပါးနိုင်ငံခြားထွက်နေကြတာဆိုတော့  ပြည်ပအလုပ်သမားစျေးကွက်ကပြန်ကောင်းလာတော့ အသစ်လုပ်မယ့်သူတွေ လျှောက်ထားချင်တဲ့သူတွေ ရှိနေတယ်။ ဒါကြောင့်လိုင်စင်အသစ်လျှောက်တာလက်ခံမယ်ကြေငြာတာဖြစ်မယ်"လို့ ပြည်ပသို့ အလုပ်သမားပို့ဆောင်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက  ပြောပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်လျှောက်ထားလိုပါက လျှောက်လိုတဲ့
ကုမ္ပဏီမန်နေဂျာကိုယ်တိုင်လက်မှတ်ရေးထိုးပြီး သတ်မှတ်ချက်တွေနဲ့အညီ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီ အလုပ်သမားညွှန် ကြားရေးဦးစီးဌာနက ဩဂုတ် ၉ ရက်ကထုတ်ပြန်လိုက်ပါတယ်။

လျှောက်ထားရာမှာ ရင်းနှီးမြုပ်နှံမှု နဲ့နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနဲ့ကုမ္ပဏီများညွှန် ကြားမူဦးစီးဌာနမှ ထုတ်ပေးထားတဲ့ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ မှတ်ပုံတင်ထားစဥ်က တင်ပြအတည်ပြုထားတဲ့ ကုမ္ပဏီProfile ၊ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးမှတ်တမ်းတွေနဲ့ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

'' လျှောက်ရင် ဘာတွေလိုလဲဆို ဘဏ်မှာသိန်းတစ်ထောင် ၆လထားရမယ်။ ပိုင်ဆိုင်မှုသိန်းသုံးထောင်ပြရမယ်။ လိုင်စင်ကြေးက သိန်း၂၅၀ ရယ်'' လို့ ၎င်း ကဆိုပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၃၄၃ ခုရှိပြီး ယာယီပိတ်သိမ်းထားတဲ့ကုမ္ပဏီ ၄ ခုရှိရာ  လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ အေဂျင်စီ ၃၃၉ ခုရှိ တယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026