NEWS

ပြည်ပ လုပ်သားစေလွှတ်ခွင့် ယာယီပိတ်ပင်ထားမှုအပေါ် နစ်နာမှုအတွက်စိုးရိမ်နေရ

CoverLogo
481 Views

ပြီးခဲ့တဲ့  တစ်ပတ်က စပြီး အလုပ်သမဝန်ကြီးဌာန မှ  ပြည်ပကို လုပ်သားစေလွှတ် ခွင့် ကို ယာယီရပ်ဆိုင်းလိုက်ပြီး လက်ရှိ အချိန်ထိ ပြန်လည် စေလွှတ်ဖို့ ရက်အတိအကျအသေချာမသိရသေးတဲ့ အတွက် ပြည်ပကို အလုပ်သွားလုပ်ရန် စာချုပ်ချုပ်ထားပြီးတဲ့ လုပ်သားတွေနဲ့ လိုင်စင်ရအေဂျင်စီ တွေကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

 

ကြိုတင်အကြောင်းကြားမှု မရှိဘဲ ပြည်ပကို လုပ်သားစေလွှတ်ရာမှာ အမျိုးသား များ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ သွားရောက်ခွင့် ကို ဇန်နဝါရီ လ ကုန်ပိုင်းမှာ ကန့်သတ်ပိတ်ပင်ခဲ့ပြီး ဖေဖေါ်ဝါရီ ၁၄ ရက် မှာတော့ ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်မှု ကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ 

 

ဒါ့အပြင် ဖေဖေါ်ဝါရီ ၁၈ ရက်မှာတော့ တရားဝင် ပြည်ပကို အလုပ်သွားရောက် လုပ်မယ့်သူတွေ အတွက် အရေးကြီးလိုအပ်တဲ့ အလုပ်သမား သက်သေခံ ကတ် ဖြစ်တဲ့ OWIC ကတ် ရိုက်ပေးခြင်း ကို ယာယီရပ်နားလိုက်တယ်လို့ လိုင်စင်ရအေဂျင်စီတွေ ထံ မှ သိရပါတယ်။ 

 

"" မနေ့က အေဂျင်စီက တာဝန်ရှိသူတွေ နဲ့ အလုပ်သမားဝန်ကြီးနဲ့ တွေ့ဆုံအစည်းဝေး လုပ်နေတဲ့ အချိန် မှာပဲ မြောက်ဒဂုံ ပင်လုံမှာ သင်တန်းကော OWIC ကတ် ကော မရိုက်ပေးတော့ဘဲအလုပ်သမားတွေ ကို  ပြန်လွှတ်တယ် ဘယ်နေ့ ပြန်ရိုက်ရမယ်ဆိုတာလည်း မသိဘူး မပြောဘူး  အစည်းဝေးမှာလည်း စေလွှတ်ခွင့်တွေ ပြန်ပေးမှာပါ ဘယ်တော့လဲ ဆိုတာ မပြောသွားဘူးလုပ်ငန်းစဉ် မူဝါဒ အပြောင်းလဲ ရှိလို့ ပါ ဆိုတာပဲ ပြောတယ် ဘယ်လို မူဝါဒတွေ ပြောင်းအုံးမလဲ ဘယ်အချိန်ထိ စောင့်ရမလဲ မသိသေးဘူး တစ်ဖက်မှာလည်း စာချုပ် ချုပ်ထားတဲ့ အလုပ်သမားတွေက နိုင်ငံအလိုက် အများကြီးရှိတယ် မူဝါဒ အပြောင်းလဲ မှာ မထွက်ရမဲ့သူတွေပါလာရင် အေဂျင်စီ ဘက်က လည်း

လျော်ရမယ့် အနေထားတွေ ဖြစ်လာမှာ ဆိုတော့ စိုးရိမ်နေကြတယ်""လို့  ပြည်ပအလုပ်ကိုင် အကျိုးဆောင်လိုင်စင် အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

 

အခုလို ပြည်ပလုပ်သားစေလွှတ်ခွင့်ယာယီရပ်ဆိုင်းထားတဲ့ အတွက် အေဂျင်စီ တွေ စိုးရိမ်နေသလို ပြည်ပ အလုပ်သွားလုပ်ဖို့ စာချုပ်ချုပ်ထားသူတွေ ပြင်ဆင်ထားတဲ့ လုပ်သားတွေ မှာလည်း ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်မယ့် အတွက် စိုးရိမ်နေရတယ်လို့ သိရပါတယ်။ 

 

""ကျွန်မ တို့က စာချုပ်ချုပ်ပြီးလို့ အေဂျင်စီမှာ ငွေလည်းအကြေပေးထားပြီးပြီ အခု လို ထွက်ခွင့်တွေ ပိတ်ထားတယ် ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ မသိရတော့ တကယ်လို့ မသွားရရင် ဒီဘက်က အတိုးနဲ့ယူထားရတာ ဘဝပျက်မှာ ပြည်ပရောက်လို့ အလုပ်လုပ်ပြီး လစာရမှ အကြွေး ပြန်ဆပ်နိုင်မှာ မသွားရလို့ အေဂျင်စီက သွင်းထားတဲ့ ငွေ ပြန်ပေးရင်တောင် ခရီးစရိတ်တွေ ဆေးစစ်ထားတာတွေ

တခြား ဘာကြေးညာကြေးတွေက ဆုံးရှုံးမှာ အဲ့တော့ အမြန်ဆုံး ပြန်ဖွင့်ပါစေပဲ ဆုတောင်းနေရတယ် ""လို့ ပြည်ပအလုပ်သွားလုပ်ရန်စာချုပ်ချုပ်ဆိုထားသူအလုပ်သမားတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာ အလုပ်သမားဝန်ကြီး အသစ် ဦးချစ်ဆွေ တက်လာပြီးနောက်ပိုင်း ပြည်ပ ကို လုပ်သား ထွက်ခွာမှု ကို ပိုမိုတင်းကြပ် ကန့်သက်ပိတ်ပင်တာတွေ ပြုလုပ်လာပြီး ပြည်ပက ခွင့်ပြန်လာတဲ့ အသက် ၁၈ မှ ၃၅နှစ်အထိ အမျိုးသားလုပ်သားတွေကို ပြန်လည် ထွက်ခွင့်မပေးတော့ဘဲ ကန့်သတ်ပိတ်ပင်တာတွေပါ ပြုလုပ်လျက်ရှိပါတယ်။ 

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026