NEWS

ပိတ်ရက်မှာ အနားယူခွင့်မရှိဘဲ အလုပ်လုပ်ကိုင်နေရတယ်လို့ TRISTATE MYANMAR စက်ရုံလုပ်သားတွေပြော

CoverLogo
2.2K Views

အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာပါ အချိန်ပိုဆင်းပေးနေရပြီး မဆင်းပါက ခြိမ်းခြောက်ပြောဆိုတာနဲ့ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်နေလို့ အခက်အခဲကြုံနေရတယ်လို့ ရန်ကုန် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင် မှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားတဲ့  TRISTATE MYANMAR စက်ရုံလုပ်သားတွေကပြောဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမားဦးရေ ၃၀၀၀ ကျော်နဲ့ လည်ပတ်နေပြီးတော့ OTTO,M&S,CP, စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ ပိတ်ရက်မရှိအလုပ်သမားသမားများကိုခိုင်းစေနေပြီး အချိန်ပိုအိုတီများကိုလည်းညဘက် (၉:၀၀)နာရီအထိအမြဲမဆင်းမ‌နေရဆင်းခိုင်းတယ်လို့ ဆိုပါတယ်၊ ယခုနောက်ပိုင်းတွင်စစ်အာဏာရှင်ဘက်မှညမထွက်ရအမိန့်တွေထုတ်ပြန်တဲ့အတွက်အလုပ်သမားများကိုညဘက်အချိန်ပိုအိုတီမခေါ်ယူတော့ပဲနံနက်အစောချိန်(၆:၃၀)မှစ၍နေစဉ်အချိန်ပိုအိုတီကိုအလုပ်ရှင်ဘက်မှပြောင်းလဲခေါ်ယူနေခြင်းဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

နံနက်(၆:၃၀)အချိန်ပိုအိုတီခေါ်ယူရာတွင်အလုပ်သမားများမှနေစဉ်ရက်ဆက်ခေါ်ယူနေသည့်အတွက် တစ်ခါတစ်လေ ၁မိနစ်၂မိနစ်လောက်နောက်ကျ ပါက ကြီးကြပ်သူတွေဖြစ်တဲ့  စူပါတွေမှ အလုပ်သမားများအား ကြမ်းတမ်းစွာပြောခြင်း၊ ဆဲဆိုနေခြင်းများရှိနေတဲ့အတွက် လုပ်ငန်းခွင်စစချင်းမှာပဲ စိတ်ညစ်ညူးစွာနဲ့ အလုပ်လုပ်ကိုင်နေရတယ်လို့ အဆိုပါ စက်ရုံအလုပ်သမားတွေကပြောဆိုပါတယ်။

အချိန်ပိုအိုတီများကိုလည်းအလုပ်သမားသဘောဆန္ဒမပါပဲအလုပ်ရှင်ဘက်က (အချိန်ပိုအိုတီခေါ်ရင်ပိုက်ဆံပေးတာပဲအလုပ်သမားကဆင်းရမည်) ဆိုတာမျိုးစိတ်နေသဘောထားမျိုးထားဖို့ ပြောဆိုမှုတွေရှိပြီး အလုပ်သမားများအချိန်ပိုအိုတီမဆင်းလျှင်စူပါ၊‌အောစူပါများမှဆူတာ၊‌ပြောဆိုတာခံ‌နေရပြီး၊အလုပ်သမားဘက်ကအခက်ခဲကိုညှိနှိုင်းပေးခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ပုံမှန်အခြေအနေထက်စံချိန်တွေမတရားတောင်းခံနေပြီး၊စံချိန်တောင်းတဲ့အခါစူပါအောစူပါတွေကအ လုပ်သမားတွေကိုဆဲဆိုခြင်း၊ကြမ်းတမ်းစွာပြောဆိုပြီးစံချိန်‌ကိုတောင်းခံကာ  မပြည့်လျှင်နေ့လည်းထမင်းစားချိန်မှာထမင်းကိုမြန်မြန်စားရပြီးနားချိန်မှာမနားရဘဲအထည်ကိုချုပ်ပေး နေရတယ်လို့ ဆိုပါတယ်။

"အလုပ်သမားတွေက ပြန်မပြောရဲကြဘူး နေမကောင်းလို့ ခွင့်ယူရင်တောင် အော်ဟစ်ဆဲဆိုခံနေရတာ စား ဝတ် နေရေးအဆင်မပြေမှာစိုးလို့ ကြိတ်မှိတ်ပြီး လုပ်နေရတယ် စိတ်တော်တော်ဆင်းရဲရတယ် " လို့ ယင်းစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

နိုင်ငံရေးအခြေအနေမကောင်းသည့်မပေါ် လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခိုင်းစေမှုတွေ ရှိနေပြီး ၊ စီမံအုပ်ချုပ်သူတွေက စစ်တပ်အသိုင်းအဝိုင်းများ ဖြစ်နေခြင်းကြောင့် အလုပ်သမားတွေအနေနဲ့ ပြန်လည်ပြောဆိုရဲခြင်းမရှိတဲ့ အခြေအနေတွေနဲ့  အခက်အခဲကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ 
၁။ တနင်္ဂနွေနေ့ကိုအလုပ်သမားများနားရက်အဖြစ်သတ်မှတ်ပေးရန်။
၂။ စနေနေ့တွင်သတ်မှတ်ထားသည့်အချိန်တွင်အလုပ်သမားများကိုအလုပ်မှပြန်လွှတ်ရန်။
၃။ ထမင်းစားချိန်တွင်ဖိအား‌ေပး၍အလုပ်မခိုင်းစေပဲအပြည့်အ၀နားခွင့်ပေးရန်။
၄။ စူပါ၊အောစူပါများမှအလုပ်သမားများကိုဆဲဆိုခြင်း၊ကြမ်းတမ်စွာပြောဆိုချင်မပြုလုပ်ရန်။
၅။ လုပ်ငန်းခွင်ထိခိုက်မှုများရှိပါကအလုပ်ရှင်ဘက်မှတာ၀န်ယူဆောင်ရွက်ပေးရန်။
၆။နံနက်အစော(၆:၃၀)အချိန်ပိုအိုတီများကိုအလုပ်သမားသဘောဆန္ဒပါမှခေါ်ယူသွားရန်နှင့် အချိန်ပိုအိုတီမဆင်းပါကဆဲဆိုခြင်း၊ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန်။စတာတွေ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

MyanmarLabourNews
 


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026