NEWS

ပထုန်ဌာနီခရိုင်ရှိ အီလက်ထရောနစ်စက်ရုံတွင် မြန်မာအလုပ်သမား ၃၀၀ ဦး ခန့် အလုပ်ဖြုတ်ခံရမှု AAC မှဖြေရှင်းပေးခဲ့ပြီး ပြေလည်မှုရရှိ

CoverLogo
1.3K Views

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်၊ နဝနခွန်နယ်မြေရှိ အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၃၀၀ ဦးခန့်ဟာ ရုတ်တရက် အလုပ်ထုတ်ခံခဲ့ရတဲ့ အတွက် အကူအညီတောင်းလာမှုအပေါ်သွားရောက် ဖြေရှင်းပေးနိုင်ခဲ့တယ်လို့  AAC မဟာမိတ်အဖွဲ့မှ သိရပါတယ်။

အဆိုပါအလုပ်ထုတ်ခံရသည့် မြန်မာအလုပ် သမားများက  AAC မဟာ မိတ်အဖွဲ့ထံ ဆက်သွယ်အကူညီတောင်းခံခဲ့ကြသဖြင့် အလုပ်သမားများ၏ အ လုပ်ဖြုတ်ခံရသည့် နစ်နာကြေးပြည့်ဝစွာရရှိရေး၊ အလုပ်ပြောင်းရွေ့ခွင့်စာရွက် စာတမ်းများနှင့်၊ ပတ်စပို့စ်၊ နေထိုင်ခွင့် သက်တမ်းတိုးထားခြင်းတို့အား ညှိနှိုင်း ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရုတ်တရက်အလုပ်ထုတ်ခံရတာ​​ကြောင့် မပြေလည်မှုတွေဖြစ်တာကြောင့် စက်ရုံပိုင်ရှင်က ထိုင်းရဲတပ်ဖွဲ့နှင့်ထိုင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူ​ တွေပါခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။
"ဒီနေ့ ညှိနှိုင်းမှုကတော့ အောင်မြင်တယ်ပြောရမှာပေါ့နော်၊ လိုအပ်တဲ့စာရွက်စာတမ်းတွေ ပန်းရောင်ကတ်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သူတို့ သတ်မှတ်တဲ့ရက်မှာ လုပ်ပေးဖို့ ကတိတဝတ်ပြုတယ်။ နောက်တချက်က အလုပ်ဖြုတ်နစ်နာကြေးတွေ ကြိုတင်အကြောင်းမကြားပဲထုတ်လိုက်တဲ့အတွက် အလုပ်ဖြုတ်နစ်နာကြေးတွေလဲ ပြည့်ပြည့်စုံစုံရကြတယ်။ ဒီနေ့ ကေစ့်ကတော့ ၉၀ရာခိုင်နှုန်းအောင်မြင်တယ် ၁၀၀ရာခိုင်နှုန်းကတော့ သူတို့သက်မှတ်တဲ့ရက်တွေမှာ ပန်ရောင်ကတ်တွေရဖို့နဲ့ ပတ်စပို့ သက်တမ်းတိုးရမယ့်လူတွေရဲ့ဟာလေးတွေဆက်လုပ်ရမယ်" လို့ ကိုရဲမင်း AAC ပြောပါတယ်။
အဆိုပါစက်ရုံမှာ မြန်မာလုပ်သားတွေအပါအဝင် လုပ်သား နှစ်ထောင်ခန့် အလုပ်လုပ်ကိုင်နေပြီး စက်ရုံလုပ်ငန်းမရှိတော့ဟုဆိုကာ အလုပ်သမား ၃၀၀ ခန့် ရုတ်တရက် အလုပ်ကထုတ်ပယ်ခံရတာလို့ သိရပါတာပါ။ အဲဒီလိုအလုပ်မှထုတ်ပယ်ခြင်းခံရသူများတွင် မြန်မာအ လုပ်သမားများအပြင် ထိုင်းနိုင်ငံသားအလုပ်သမားအချို့လည်း ပါဝင်တယ်လို့သိရပါတယ်။

"အခုကတော့ AAC မဟာမိတ်အဖွဲ့အနေနဲ့ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာဝန်ရှိသူတွေရဲ့တာဝန်ပေးချက်အရ AAC ကတာဝန်ယူဖြေရှင်းပေးတာဖြစ်တယ်။ စက်ရုံထဲထိကိုဝင်ခွင့်ရတယ်။ အလုပ်သမားတွေလဲ စိတ်ကျေနပ်မှုရှိတယ်။ ဒါပေမယ့်အလုပ်သမားတွေကတော့ အလုပ်တော့ပြုတ်သွားတာပေါ့။ အချို့သူဌေးတွေဆိုညစ်ပြီးတော့ လျော်ကြေးမပေးဘူး၊ အချို့တိုတဝက်လောက်ပဲပေးတာရှိနေတာကိုး။ ဒီအလုပ်ရှင်ကတော့ မြန်မြန်ဆန်ဆန်ပဲ မနက်ဖန်ဆို ATM ကဒ်ထဲကို လျော်ကြေးအားလုံးထည့်ပေးမယ်ပြောတယ်ပေါ့နော်။ အလုပ်ထုတ်နစ်နာကြေး သူတို့ သက်တမ်းအရပေါ့နော်ပြီးရင် ကြိုတင်မပြောပဲထုတ်တဲ့အတွက် နစ်နာကြေးတွေ ရတယ်ဆိုတော့ ဖြေရှင်းပေးမှုက အောင်မြင်တယ်ပြောရမှာပေါ့
"လို့ ကိုရဲမင်း AAC က ဆက်ပြောပါတယ်။

စက်တင်ဘာ ၈ ရက်ကလည်း အုန်းရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၂၀၀ ကျော်အားအလုပ်ထုတ်ခဲ့သဖြင့် စက်ရုံပိုင်ရှင်အား တရား စွဲဆိုထားတယ်လို့လည်း သိရပါတယ်။

MyannmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026