NEWS

နေ့စားအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းခန့်ပေးဖို့ နဲ့ အခွင့်အရေးချိုးဖောက်မှုတွေမလုပ်ဖို့ လုပ်သားတွေ တောင်းဆို

CoverLogo
1.4K Views

နိုင်ငံတကာ အမှတ်တံဆိပ်     JAKO  ချုပ်လုပ်နေတဲ့    Shuangxi  Myanmar  စက်ရုံမှာ  လုပ်သက် ၃ လပြည့်တဲ့ နေ့စားအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ပေးရန် ၊ လုပ်ငန်းခွင်အတွင်း အခွင့်အရေးချိုးဖောက်မှုများကို မလုပ်ဖို့  တောင်းဆိုလိုတယ်လို့ စက်ရုံက အလုပ်သမားတွေကပြောဆိုပါတယ်။

ရန်ကုန် တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မက္ခရာမင်းသားကြီးလမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တဲ့ အဆိုပါ လုပ်ငန်းခွင်ထဲမှာ လုပ်သက် ၃ လပြည့်ပြီးတဲ့ နေ့စားအလုပ်သမား ၂၀ ကျော်ရှိပြီး လစားဝန်ထမ်းအဖြစ်ခန့်အပ်ပေးစေလိုတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၆၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

လက်ရှိ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေရှိနေပြီး စံချိန် အဆမတန်တောင်းခံခြင်း လုပ်ငန်းခွင်ထဲက ကြီးကြပ်သူတွေဖြစ်တဲ့ စူပါ အောစူပါတွေက စံချိန်မပြည့်ပါက ရိုင်းစိုင်းစွာ ပြောဆိုပြီး အလုပ်ချိန်အတွင်းအလုပ်သမားအချင်းချင်းစကားပြောဆိုခြင်းကိုလည်း တားမြစ်ထားတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေချုပ်လုပ်ရတဲ့ အထည်စံချိန်ကို မချုပ်လုပ်နိုင်တဲ့ ပမာဏထိ အဆမတန်တောင်းခံတာတွေရှိပြီး တစ်နာရီလျင် အင်္ကျီအထည် ၃၀ တောင်းခံခြင်း ၊ ဘောင်းဘီ ဖြစ်လျင် အထည် ၄၀ တောင်းခံခြင်း ရှိပြီးအထည်တစ်ထည်လျင် အနည်းဆုံးနှစ်ပွိုင့် ချုပ်လုပ်တာဖြစ်လို့ လက်ဝင်တာ ချုပ်ရခက်ခဲတာတွေ ကြောင့် စံချိန်မပြည့်မီတာလို့ သိရပါတယ်။

ယင်းကဲ့သို့ စံချိန်မပြည့်မီပါက ကြီးကြပ်သူတွေက ဆဲဆိုတာ လိုင်းဖျက်မယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေ  ပြုလုပ်ခံရတယ်လို့အလုပ်သမားတွေက ပြောဆိုပါတယ်။

"တရုတ်မနဲအောစူပါက သူတို့တောင်းတဲ့အထည်မရရင်ပြောဆိုပြီး အထည့်မရတဲ့အလုပ်သမားတွေလိုင်းကို လိုင်းဖျက်ပြီး အလုပ်သမားတွေကိုအခြားလိုင်းကိုခွဲပြီးထားမယ် ပြောတယ် သင်္ကြန် ပြန်တဲ့ရက်ကိုအလုပ်သမားတွေကိုခွင့်မပေးဘူး နှစ်လတစ်ရက်ပဲပေးတယ် နှစ်လပြည့်ဖို့ရက်ပိုင်းလိုလဲခွင့်မပေး သင်္ကြန်ပြန်တဲ့အလုပ်သမားတွေအများစုပိုက်ဆံအဖြတ်ခံရတယ်"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားက ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စဉ်ပုံမှန် အလုပ်ချိန်ပြီးပါက အိုတီဆင်းရန် သတ်မှတ်ထားပြီး အရေးကြီးကိစ္စကြောင့် ပြန်ခွင့်တောင်းပါက စူပါ အောစူပါတွေက ပေးမပြန်တာတွေ ရှိပြီး အလုပ်ချိန် ၅ မိနစ်နောက်ကျပါက လစာနဲ့ ခံစားခွင့်တွေကို အချိုးစားလိုက်ဖြတ်တောက်တာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

ယခင်က လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းကာ ဦးဆောင်သူတွေက လုပ်ငန်းခွင်ဆိုင်ရာ ကိစ္စရပ်တွေ ဖြေရှင်းဆောင်ရွက်ပေးတာရှိပြီး အလုပ်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်တာတွေရှိပြီး လုပ်ငန်းခွင်မှာ ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်ခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရတာ ပြဿနာတစ်ခုရှိပါက ဦးဆောင်မည့်သူမရှိဘဲ ဖိနှိပ်မှုတွေကို ငြိမ်ခံနေရတာတွေ ဖြစ်နေတာကြောင့် အလုပ်ရှင်မှ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026