NEWS

နေ့စားအလုပ်သမား အများစု အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
903 Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် မှာဖွင့်လှစ်ထားတဲ့ JOC MYANMAR GARMENT တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ အလုပ်သမား ၁၀၀ ကျော်က နေ့စားအလုပ်သမားတွေဖြစ်ပြီး လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးတွေချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာ အငြင်းပွားမှုတွေ ဖြေရှင်းပေးဖို့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းမရှိသလို လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ လည်းဖွဲ့စည်းမထားဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်မှာ BURTLE W,W, အမှတ်တံဆိပ် အမျိုးသားဝတ်ဂျာကင်ထည်တွေချုပ်လုပ်တာလို့ သိရပါတယ်။

အလုပ်ချိန်က နံနက် ၇ နာရီ ၃၀ ကနေ ညနေ ၆ နာရီအထိ အချိန်ပို ၂ နာရီပါဝင်ပြီး နေ့စားအလုပ်သမား ၁၀၀ ကျော်ကိုတော့ အလုပ်ချိန် ၁၀ နာရီအတွက် ဒေးကြေး ၅၈၀၀ ကျပ်သာ ပေးချေပြီး စနေနေ့အတွက် ညနေ ၆ နာရီ ၃၀ အထိ ဆင်းရပေမဲ့လည်း ၅၈၀၀ ကျပ်သာ ရရှိပြီး တပတ်တခါ လုပ်ခရှင်းပေး ကာ ပိတ်ရက်အတွက် အခကြေးငွေမရှိဘဲ လုပ်ကိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။ 

"နေ့စားအလုပ်သမားတွေထဲမှာ လူငယ်တွေ အသက်မပြည့်သေးတဲ့ ကလေးလုပ်သားတွေပါ ပါတယ် ပေါ့နော် သူတို့က ဥပဒေပါခွင့်တွေလည်းခံစားခွင့်မရှိဘူး လုပ်သက် ၃ လ ကနေ ၁ နှစ်ကျော်တဲ့ အထိ ရှိတယ် သူတို့ကို အမြဲတမ်း ဝန်ထမ်းအဖြစ်မခန့်သလို ခံစားခွင့်တွေလည်းမရပါဘူး အလုပ်ထုတ်ချင်ရင် ဘာမှနစ်နာကြေးမပေးဘဲ ဒီတိုင်းထုတ်ပစ်လိုက်တာ ဒါဥပဒေမဲ့ လုပ်တာပဲလေ"လို့ အလုပ်သမားကပြောဆိုပါတယ်။

"နေ့စားတွေမှ မဟုတ်ဘူး စက်ချုပ်တွေကို ၅၈၀၀ ကျပ် ပေးထားပြီး ဟက်ပါ ( အကူ)တွေကို တော့ ၄၈၀၀ ကျပ် ပဲပေးထားတယ် အချိန်ပိုကြေးကို ၁၂၀၀ နှုန်းနဲ့ ပဲတွက်ပေးတယ် ဒေးကြေး ၅၈၀၀ အမှန်ဆိုရင် အလုပ်သမားတွေအားလုံးကို ၅၈၀၀ ပေးရမှာ ဖြစ်ပါတယ် အထည်ဆုကြေးကို တပတ်တခါရှင်းပေးမယ်ပြောထားပြီး ၂ ပတ်တခါပဲရှင်းပေးတယ် ဥပဒေပါ ခံစားခွင့်တွေ လူမှုဖူလုံရေးခံစားခွင့်တွေ ခံစားခွင့်မရပါဘူး အလုပ်သမားတွေဘက်က ပြောပေးမဲ့ သမဂ္ဂအဖွဲ့အစည်းမရှိသလို လုပ်ငန်းခွင်ညှိနှိုင်းရေးလည်းမရှိပါဘူး အလုပ်ထဲမှာ အရေးပေါ်ဖြစ်ရင် အချက်ပေးတဲ့ဟာတွေလည်းလုံလောက်စွာထားပေးခြင်းမရှိပါဘူး ဥပမာ မီးသတ်ဆေးဘူးလို ဟာမျိုးတွေဆို သတ်မှတ်ချက်အတိုင်းထားပေးတာမရှိဘူး အလုပ်သမားတွေကပဲ စိုးရိမ်နေရတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပိုကြေးတွက်ချက်ပေးရာမှာ ဥပဒေနှင့်အညီတွက်ချက်ပေးရန် နေ့စားအလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန် နေ့စားအလုပ်သမားတွေဆင်းထားတဲ့ စနေနေ့ အချိန်ပိုကြေးတွေနဲ့ တနင်္ဂနွေနေ့ ဒေးကြေးများကို ဘက်ဒိတ်ဖြင့် ပြန်လည် တွက်ချက်ပေးရန် ဒေးကြေး (၅၈၀၀) ကျပ်ရရှိသည် အလုပ်သမားများကို အချိန်ပိုကြေးကို ပြန်လည်တွက်ချက်၍ ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန် ဥပဒေပါခွင့်ခံစားခွင့်များ ပေးရန် နဲ့ ခွင့်တင်ပါက ခွင့်လက်ခံပေးရန် တာဝန်ရှိသူတွေထံတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026