NEWS

ဒူဘိုင်းမှာအခက်အခဲဖြစ်နေသည့်မြန်မာအိမ်အကူလုပ်သား ၁၁ဦးကိုပြန်ခေါ်ဆောင်နိုင်ခဲ့

CoverLogo
843 Views

ဒူဘိုင်းမှာအခက်အခဲဖြစ်နေတဲ့ မြန်မာအိမ်ကူအမျိုးသမီး ၁၁ဦးကိုပြန်လည်ခေါ်ယူနိူင်ခဲ့ပြီလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

" ဒူဘိုင်းက ကလေးတွေပြန်ရောက်လာတယ်။ သူတို့ကို ရဲကနေစခန်းမှာအမှုဖွင့်ခေါ်ထား။ တရားခံကိုလိုက်ဖမ်း။ သူတို့ကိုပြန်ပို့နဲ့။ အန်တီတို့ကူညီထားတဲ့၂၉ယောက်အဖွဲ့ကပြန်ရောက်တာ။ ရှေ့ပိုင်းမှာပြန်ရောက်ထားပြီးပြီ ခုက၁၁ယောက်ထပ်ရောက်တာ။ ဟိုမှာသုံးယောက်ကျန်နေသေးတယ်။ အားလုံး၂၉ယောက်ပေါ့" လို့ STUM မှတာဝန်ရှိသူကပြောပါတယ်။

ယူအေအီးနိုင်ငံ၌ အိမ်အကူလုပ်ကိုင်ရန်ရောက်ရှိနေပြီး အလုပ်မရဘဲ အခက်အခဲဖြစ်ကာ  ပိတ်မိနေတဲ့ အလုပ်သမားများထဲမှအကူညီတောင်းခံလာသူအလုပ်သမားများကို STUM အနေဖြင့် ပြန်လည်ခေါ်ယူနိူင်ရန် ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက နှစ်လကြာအထိ ကြိုးစားခေါ်ယူခဲ့ရာမှ ​နှစ်လကြာပြီးနိုဝင်ဘာလကုန်မှသာ ပြန်လည်ခေါ်ယူနိုင်ခဲ့တာလို့ သိရပါတယ် ။

'' စက်တင်ဘာကတည်းကကူညီပေးနေတာ။ သူတို့ကိုကူညီပေးဖို့အေးဂျင့်တွေလိုက်ရှာရ ချိတ်ရနဲ့ နှစ်လလောက်ကြာသွားတယ်။ သူတို့ကိုကူညီဖို့ အခက်အခဲတွေအများကြီးလည်းကြုံရတယ်'' လို့ ဆိုပါတယ်။

ယင်းအဖွဲ့က ပြီးခဲ့သည့် လက အရှေ့အလယ်ပိုင်းဒေသရောက်အခက်အခဲဖြစ်နေသည့် မြန်မာအမျိုးသမီး ၁၄ဦးကို ခေါ်ဆောင်ပေးခဲ့ပြီး ယခုထပ်မံခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

ယခုပြန်လာကြသည့် အမျိုးသမီးများမှာ 
အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင်အိမ်အကူလုပ်ရမည်ဆိုကာ ယခုနှစ်ဆန်းကစ၍ ပွဲစားမှတဆင့်အလုံးအရင်းဖြင့်သွား​ရောက်ခဲ့ကြခြင်းဖြစ်ပြီး အခုလိုပြန်လာချိန်မှာလည်း ချိတ်ဆက်စေလွှတ်ပေးကြသူများထံလျော်ကြေး ကျပ်သိန်း ၃၀မှ ကျပ်သိန်းရာချီအထိလျော်ကြေးပြန်ပေးကြရတယ်လို့လည်း သိရပါတယ်။

ယင်းနိုင်ငံများသို့ သွားရောက်ကြသူတွေဟာ ရောက်ရှိပြီးနောက်အလုပ်မရခြင်း၊ ပိတ်လှောင်ခံရခြင်း၊ မူလသဘောတူထားသည့်နေရာမဟုတ်သည့်နိုင်ငံသို့ထပ်မံစေလွှတ်ခံရခြင်းအပြင် နှိပ်စက်ခံရခြင်းတွေစတဲ့ပြဿ
နာများဖြစ်ပေါ်နေတာတွေကြောင့်  နေရပ်ပြန်ရန်အကူညီတောင်းခံမှုများစွာရှိနေတာဖြစ်တယ်လို့လည်း  အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026