NEWS

ထိုင်းရောက်မြန်မာလုပ်သားများ MoUစာချုပ်ပါ အလုပ်မဟုတ်သည့် အလုပ်လုပ်ကိုင်ရမှုတွေများပြားလာ

CoverLogo
1.8K Views

ထိုင်းနိုင်ငံသို့ MOU ဖြင့်သွားရောက်လုပ်ကိုင်ရတဲ့  မြန်မာအလုပ်သမားများအနက်  စာချုပ်ပါအလုပ်မဟုတ်တဲ့  အလုပ်တွေကိုသာလုပ်ကိုင်ရမှုတွေ များပြားလာတာကြောင့်  အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြုံလာရတယ်လို့  သိရပါတယ်။  

MoU စာချုပ်အရ  ရော်ဘာနှင့်ပတ်သက်တဲ့ကုန်ချောလုပ်ငန်းလုပ်ရမယ်လို့ စာချုပ်ထားပေမဲ့  စက်ရုံကိုရောက်ရှိလုပ်ကိုင်ရချိန်မှာတော့  တောရှင်းရတဲ့အလုပ်၊ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ ပန်းရံအလုပ်တွေအပြင်  အလုပ်ရှင်ကခိုင်းသမျှအလုပ်တွေကိုလုပ်ရခြင်းတွေဟာ  စာချုပ်ပါအချက် အလက်တွေနဲ့ဆန့်ကျင်နေတာဖြစ်တယ်လို့ထိုင်းရောက်အလုပ်သမားတွေထံမှ  သိရပါတယ်။

"ဒီလိုကိစ္စတွေက  ခဏခဏဖြစ်တယ်။ ခုနောက်ပိုင်းဆိုပိုများလာတယ်။  အချို့ဆိုရင် အလုပ်မတူတာတင်မကဘူး။ အလုပ်မရသေးဘဲ ထိုင်စောင့်နေရတာတွေပါဖြစ်တယ်။  အလုပ်သမားတွေနစ်နာတယ်။  စာချုပ်ပါအချက်အလက်တွေနဲ့ ကွဲလွဲမှုတွေ အလုပ်ခေါ်စာကွဲလွဲမှုတွေအပေါ် မြန်မာဘက်က၀န်ကြီးဌာနက  သေချာစစ်ဆေးမှုတွေပြုလုပ်တာ အားနည်းခဲ့လို့ဖြစ်ရတာ"လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ တစ်ဦးက ပြောပါတယ်။

အလားတူယခုလတ်တလောအတွင်း   ရာဘာခြံ၌လုပ်ကိုင်ရန်စာချုပ်ခဲ့တဲ့  မြန်မာအလုပ်သမား၁၅ဦးဟာလည်း စာချုပ်ပါအလုပ်မဟုတ်ဘဲ ဓာတုပစ္စည်းများနှင့်ထိတွေ့ရတဲ့  ကျန်းမာရေး ထိခိုက်စေတဲ့ လုပ်ငန်းတွေကိုသာ လုပ်ကိုင်ရတာကြောင့်   ဆက်လက်မလုပ်ကိုင်နိုင်တော့ဘဲ  အလုပ်သမားတစ်ဦးလျှင် ဘတ်လေးထောင်နှုန်းဖြင့်  အလုပ်သမား၁၅ဦးစာ ဘတ်ခြောက်သောင်းတိတိကို  အလုပ်ရှင်ထံလျော်ကြေးပေးကာ ပြန်လည်ထွက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

အဆိုပါဖြစ်စဉ်များကြောင့်ပင်  မြန်မာအလုပ်သမားတွေဟာ  အလုပ်ရှင်မတူခြင်းနဲ့ လုပ်ငန်းမတူခြင်းတွေကြောင့်  ရသင့်ရထိုက်တဲ့လစာမရရှိခြင်း  အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းတွေအပြင်  တရားမ၀င်အလုပ်သမားအဖြစ်ရောက်ရှိခြင်းတွေအထိပါ  ဖြစ်နိုင်တာကြောင့်  MoU လုပ်သားတွေအပေါ် စေလွှတ်ပေးတဲ့အေဂျင်စီတွေအနေနဲ့အထူးတလည် ကရုစိုက်ပေးဖို့အပြင်  တာ၀န်ယူမှုတာ၀န်ခံမှုအပြည့်အ၀ လုပ်ဆောင်ပေးရန်လိုအပ်တယ်လို့  ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။

MyanmarLabourNews
 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026