NEWS

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်အကိုင်ရှာဖွေရာမှာ လိမ်လည်မှုတွေ ခံနေရ

CoverLogo
2K Views

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးအခက်အခဲများကြောင့် တစ်ဖက်နိုင်ငံများသို့ တရားမဝင် ဝင်ရောက်  လာခဲ့ကြရပြီး ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာပြည်သား အလုပ်သမားတွေဟာ အလုပ်အကိုင် ရရှိဖို့ ကြိုးစားရာတွင် အလုပ်စမတ်ခတွေ ပူးပေါင်းလိမ်လည်တာတွေ ခံနေကြရပါတယ်။
.
"ထိုင်းနိုင်ငံ စမုဆာခွန်ခရိုင် မဟာချိုင်မှာစက်ရုံ သို့မဟုတ် အလုပ်တစ်ခုခု ရချင်ရင် စမတ်ခ ဆိုပြီးပွဲစားတွေကို ပိုက်ဆံပေးပြီး ရှာရတယ်လို့"  မဟာချိုင်မြို့နယ် စက်ရုံံတစ်ခု မှာနေထိုင်တဲ့ မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
.
"စက်ရုံကြီးတွေမှာအလုပ်ရဖို့ အချိတ်ဆက်မရှိရင် လွယ်လွယ်လေးနဲ့ သွားစမတ်လို့မရဘူး၊ စာရေးမတွေက အလုပ်ရှာပွဲစားတွေနဲ့ပေါင်းပြီးလုပ်နေကြတာ၊ ကျမဆိုရင် အဲဒီစက်ရုံမှာ အလုပ်ရဖို့ငွေ ဘတ် ၃၅၀၀   တောင်ပေးပြီးသွားပြီ။ ပွဲစားကိုငှားလိုက်ပေမယ့် အလုပ်ကချက်ချင်းရမလာဘူး။ စောင့်လာတာလဲ ၃ လရှိနေပြီ။ ခုထိလည်းမရသေးဘူး ဘာမှလည်းအကြောင်းကြားတာ မရှိတဲ့အပြင် သူများအိမ်မှာ တည်းခိုနေရတဲ့အတွက် အဆင်မပြေမှုတွေလည်း ရှိနေပါတယ်လို့ သူမ က ဆက်ပြောပါတယ်။

မဟာချိုင်မြို့နယ် ဝီလလမ်းမှာရှိတဲ့ စက်ရုံကြီးမှာဆိုရင် အလုပ်ရဖို့ အလုပ်စမတ်ဖို့လာတဲ့သူတွေမှာ တစ်ရက်ကို လူဦးရေ ၃၀၀ ကနေ ၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

"မနက် ၂ နာရီ ၃ နာရီကတည်းက ကြိုတင်လာတန်းစီထားကြပါတယ်။ အချို့ဆိုရင် အလုပ်မရလို့ ငိုယိုပြီးပြန်သွားကြတဲ့သူတွေရှိသလို၊ အချို့ဆိုရင် တပတ် ၁၅ ရက် မနက်တိုင်းလာပြီးတန်းစီပေမယ့် အလုပ်မရသေးတဲ့သူတွေလဲရှိနေတယ်"လို့ စက်ရုံ အလုပ်သမား တစ်ဦးက ပြောပါတယ်။
.
"အခုထိုင်းမှာက အလုပ်သမားတွေပေါပြီး အလုပ်နေရာကရှားနေတယ်။ အဲဒါကြောင့် စက်ရုံကြီးတွေဟာ အလုပ်သမားတွေကို အရမ်းရွေးတယ်။ အချိတ်အဆက်မရှိရင်ဝင်လုပ်ကိုင်ခွင့်ရဖို့မလွယ်ဘူး။ မနက်တိုင်းအလုပ်လာစမတ်ကြတဲ့ သူတွေမှာလဲ ပုလိပ်ရန်ကကြောက်ရသေးတယ်။ အလုပ်စမတ်လာတဲ့သူတွေကို ဝင်စစ်ဆေးလေ့ရှိတယ်။ အထောက်အထားမပြည့်စုံရင် ထိုင်းရဲက ဖမ်းဆီးတာတွေလဲ တွေ့နေရပါတယ်" လို့ ယင်းကဆိုပါတယ်။
.
လက်ရှိ မဟာချိုင်မှာဆိုရင် ကောင်းမွန်တဲ့ လုပ်ငန်းခွင်လို့ နာမည်ကြီးတဲ့ ပင်လယ်စာစက်ရုံကြီးတစ်ခုမှာ အလုပ်ဝင်ခွင့်ရမယ်ဆိုပြီး ထိုင်းနဲ့ မြန်မာ ပွဲစားတွေကို မြန်မာအလုပ်သမားတွေက ငွေပေးထားပြီး အလုပ်ဝင်ခွင့်ရဖို့ စောင့်ဆိုင်းရတာ ကြာလာတာကြောင့် စားဝတ်နေရေး ကြပ်တည်းလာလို့ ကြာလာတော့ အလုပ်သမားတွေဟာ ဒီကိစ္စကို ဖြေရှင်ပေးဖို့ ထိုင်းနိုင်ငံအလုပ်သမား ကူညီစောင့်ရှောက်ရေး ရုံးရှေ့မှာ ဆန္ဒပြမှုတွေပြုလုပ်လာကြပါတယ်။
.
ထောင်နဲ့ချီတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို ထိုင်းအာဏာပိုင်တွေက သတိထားမိခဲ့ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ အဲ့ဒီနေ့မှာပဲ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မဟာချိုင်မှာရှိတဲ့ အလုပ်သမားကူညီရေးအဖွဲ့များထံကသိရပါတယ်။
.
ထိုင်းနဲ့မြန်မာပွဲစားတွေကို ငွေပေးအလုပ်ရှာခိုင်းပြီး စောင့်ဆိုင်းမှုကြာမြင့်လာချိန်မှာယခုလိုဆန္ဒပြတောင်းဆိုမှုတွေရှိလာတာပါ။

ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ ပွဲစားတွေကိုငွေပေးပြီး အလုပ်သစ်တွေမရကြတာပါ။

အလုပ်သမား ၄၀၀၀ နီးပါးကို အလုပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကညှိနှိုင်းနေတယ်လို့လည်း သိရှိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026