NEWS

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေပါ ပါ၀င်ခံစားနိုင်မဲ့ အခြေခံလုပ်အားခကို တစ်ရက်လျှင် အမြင့်ဆုံး ၃၅၄ ဘတ်နှင့် အနိမ့်ဆုံး ၃၂၈ ဘတ် တိုးမြင့်သတ်မှတ်

CoverLogo
1.4K Views

ထိုင်းနိုင်ငံမှာ၀င်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားများပါ  ပါ၀င်ခံစားနိုင်မဲ့ ထိုင်းနိုင်ငံတွင်း ဒေသအလိုက် အခြေခံလုပ်အားခကို တစ်ရက်လျှင်အမြင့်ဆုံး ၃၅၄ ဘတ်နှင့် အနိမ့်ဆုံး ၃၂၈ ဘတ်အဖြစ် တိုးမြှင့်သတ်မှတ်ပေးဖို့ ထိုင်းအစိုးရက သြဂုတ်၂၆ ရက်က အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

"ဒီကနေ့ ဩဂုတ် ၂၆  ရက် အတည်ပြုဆုံးဖြတ်ချက်အရ လာမဲ့ အောက်တိုဘာလ ၁ ရက် ၂၀၂၂ ခုနှစ်ကစပြီး လုပ်အားခ တိုးပေးသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တောင်းဆိုထားတာကတော့ အခြေခံလုပ်အားခ ၄၉၂ ဘတ်တိုးမြှင့် ပေးဖို့ တောင်းဆိုထားတဲ့အထဲကနေ တစ်ရက်လျှင် အမြင့်ဆုံး ၃၅၄ ဘတ်နှင့် အနိမ့်ဆုံး ၃၂၈ ဘတ် ဆိုပြီးဆုံးဖြတ်ပေးလိုက်တာပါ"လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူ တစ်ဦးကဆို ပါတယ်။

ထိုင်းတစ်နိုင်ငံလုံးမှာ မြန်မာအလုပ်သမားများ သုံးသန်းကျော်လေးသန်းကြားအထိ  ၀င်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်ရာ နေရာများအပြားမှာ ၀င်ရောက်လုပ်ကိုင်နေကြပေမဲ့ စမွတ်ပကန် ရှိ မဟာချိုင်နဲ့ ဘန်ကောက်မှာ အများဆုံး၀င်ရောက်လုပ်ကိုင်နေကြတယ်လို့သိရပါတယ်။ ဒါကြောင့်ဒေသအလိုက်သတ်မှတ်ချက်အရ မြန်မာလုပ်သားအများစုဟာ ၃၅၃ ဘတ်အထိ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်တစ်နိုင်ငံလုံးခြုံကြည့်မယ်ဆိုရင် ထိုင်းမှာ ခရိုင်၇၇ခရိုင်ရှိ်တဲ့အနက်  ခရိုင်ဒေသအလိုက်မူတည်ပြီးတော့ အနိမ့်ဆုံးလုပ်အားခအဖြစ်နဲ့မဲဆောက်ကအနိမ့်ဆုံး ၃၁၅ ဘတ်နဲ့ အခြားနေရာဒေသတွေမှာ ၃၂၀ ဘတ် ၃၂၅  ၃၃၀ ၃၃၆ ဆိုပြီးနေရာဒေသအပေါ်မူတည်ပြီးတိုးပေးထားခဲ့ပြီး ယခုနှစ်၅လပိုင်း၁ရက်နေ့က စပြီးသက်၀င်ကျင့်သုံးမယ်ဆိုပြီးထုတ်ပြန်ချက်မှာတာ့ ကျွမ်းကျင်လုပ်သားကိုသာ ရာခိုင်နှုန်းများများစားစား တိုးပေးခဲ့တာပဲဖြစ်ပါတယ်။

အဲ့မှာအခြေခံလက်လုပ်လက်စားနဲ့အောက်ခြေ၀န်ထမ်းတွေတော့ပါမလာခဲ့တာကြောင့် ထိုင်းနိုင်ငံအလုပ်သမားရေးဆောင်ရွက်တဲ့အဖွဲ့အစည်းတွေစုပေါင်းပြီး  အခြေခံလုပ်ခတွေ တိုးမြှင့်သတ်မှတ်ပေးဖို့တောင်းဆိုထားခဲ့တာပဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ အနည်းဆုံးအခကြေးငွေက ၄၈၀၀ ကျပ် သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် အနည်းဆုံးလုပ်ခကို ကျပ် ၈၀၀၀ ထိ တိုးမြှင့်ပေးဖို့ မြန်မာစက်မှုဇုန်လုပ်သားတွေတောင်းဆိုနေကြပါတယ်။

MyanmarLabourNews

 


Related posts

Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026