NEWS

ထိုင်းနိုင်ငံတောင်ပိုင်းကရေလုပ်ငန်းခွင်မှာအောက်ဆီဂျင်ပြတ်ပြီး မြန်မာရေလုပ်သား ၃ ဦးသေဆုံး

CoverLogo
1K Views

လွန်ခဲ့တဲ့မတ်လ ၃၁ ရက်နေ့ ထိုင်းတောင်ပိုင်း ပါတနီမြို့ အနီး ငါးဖမ်းသဘော်ပေါ်မှာလိုက်ပါလာတဲ့မြန်မာလူမျိုးရေလုပ်သားသုံးဦးအောက်ဆီဂျင်ပြတ်လပ်သေဆုံးမှု့ဖြစ်ပွားခဲ့တယ်လို့ထိုင်းသတင်းအရင်းအမြစ်တွေရဲ့ထုတ်ဖော်ပြောဆိုချက်တွေအရသိရပါတယ်။


ဖြစ်စဥ်မှာ ပါတနီမြို့အနီး ငါးမဲလုံး ဝိုင်းလှေ
ပင်လယ်ထဲတွင် ၁၀ ရက်ကျော်ခန့် ငါးဖမ်းခဲ့ပြီး မတ်လ ၃၁ရက်နေ့ ညဖက် အချိန်ကိုးနာရီခန့်မှာဆိပ်ကမ်းကိုပြန်လာတဲ့ငါးဖမ်းသဘော်ဟာ လမ်းခရီးမှာပဲလုပ်သားတွေနဲ့လှေဝမ်းထဲမှာ ငါးပါကင်တူးရာကမှတဆင့် ငါးများမှဂတ်(စ်)ထွက်ကာ ပါကင်တူးနေတဲ့မြန်မာလုပ်သားသုံးဦးအောက်ဆီဂျက်ပြတ်လတ်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 


သေဆုံးရတဲ့အကြောင်းမှာငါးများထည့်တဲ့အထဲမှာ ရေခဲထည့်နည်းပါးခြင်း ဆားကြမ်းထည့် နည်းပါးခြင်းနှင့် လှေထဲတွင် စက်ဆရာဖြစ်သူမှ ငါးပုတ်ရေတို့ မစုတ်ထုတ်ခြင်း မဆေးကြောခြင်းတို့ကြောင့်ရေပုတ်ပြီးဂတ်(စ်)များထွက်ရာမှအခုလိုသေဆုံးရတာ ဖြစ်ကြောင်းသိရပါတယ်။


သေဆုံးသူတို့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေညှင်းတောင်ရွာက တစ်ယောက်  ဗူးရွက်မညှိုးရွာက တစ်ယောက်  တောဗွေ ရွာကတစ်ယောက် ဖြစ်ပြီးတော့ သေဆုံးသူအမည်မှာ  မောင်စံလှ(ခ)ငပြက်ချေ  ၊ ညီညီ   နှင့် ကျော်ဝင်းမောင် တို့ ဖြစ်ကြောင်းသိရပါတယ်။


လုပ်ငန်းခွင်အတွင်း သေဆုံးမှုဖြစ်တဲ့အတွက်အကျိုးခံစားခွင့်မှာ လူမှုဖုံလုံရေးဆိုင်ရာ (ပါကန်စမ်ခွမ်) ငွေစုရေးဌာနမှ အသက်အာမခံကြေးငွေ တစ်ဦးလျင်ထိုင်းဘတ်ငွေ တစ်သန်းရှစ်သောင်း ခန့် ကျန်ရစ်သူမိသားစုမှ လာရောက်ထုတ်ယူခွင့်ရှိတဲ့အတွက် ကျန်ရစ်သူမိသားစုများကိုအသိပေးဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ထိုင်းရောက်မြန်မာလုပ်သားအရေးဆောက်ရွက်သူတွေကပြောပါတယ်။


ဒါ့အပြင် ထိုင်းရောက်မြန်မာလှေလုပ်သားများအား လုပ်ငန်းခွင်အတွင်း ထူးသတိထားပြီးလုပ်ကိုင်ကြဖို့အတွက်လဲထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတွေကတိုက်တွန်းထားပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026