NEWS

ထိုင်းနိုင်ငံ၊ Home Richfull စက်ရုံတွင် မြန်မာလုပ်သားများ အတင်းအကျပ် ခိုင်းစေခံနေရ

CoverLogo
493 Views
 
ထိုင်းနိုင်ငံ Home Richfull ပလတ်စတစ်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ၊ အလုပ်ရှင် ကိုယ်စားလှယ် The First အေဂျင်စီ ဝန်ထမ်းတွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ခြိမ်းခြောက်ပြီး အချိန်ပို ဆင်းဖို့နဲ့ လုပ်ခလစာ ဖြတ်တောက်မှုတွေပြုလုပ်နေတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကိုပြောပါတယ်။
 
"နေမကောင်းလို့ ဆေးခန်းသွားဖို့ ကားစီစဉ်ပေးဖို့ တောင်းတာ၊ စက်ရုံကို အကြောင်းကြားပြီးတာတောင် ကားမလာခဲ့ဘူး။ မကျေနပ်လို့ ပြောရင် အဲ့ဒီဝန်ထမ်းက 'လာခဲ့၊ ဘာဖြစ်တယ် ညာဖြစ်တယ်' ဆိုပြီး စိန်ခေါ် ရန်ရှာနေတာ" လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
The First အေဂျင်စီ ဝန်ထမ်းတွေက စက်ရုံဘက်က ရပ်တည်ပြီး အာဏာပိုင်စိတ်ဓာတ်နဲ့ ဆက်ဆံနေလို့ ကျန်းမာရေးကိစ္စ တွေမှာ ပိုမိုဆိုးရွားစွာ ဆက်ဆံခံနေရတယ်လို့ ပြောပါတယ်။
 
" ခေါ်ရင်လာရမယ်၊ ပြန်ခိုင်းရင်ပြန်ရမယ်၊ စောဒက မတက်နဲ့ ဆိုတဲ့ ပုံစံမျိုး အမိန့်ပေးနေတာတွေ ရှိပါတယ်" လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံက ပလပ်စတစ် ကုန်ပစ္စည်းတွေ ထုတ်လုပ်နေပြီး လုပ်ငန်းခွင်က အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
"စက်ရုံဂိုဒေါင်အတွင်းမှာ ကော်စေ့တွေကို အရည်ဖျော်ပြီး မို လောင်းတာမှာ ငြှော်လိုက်တဲ့အခါ ငွေ့မီးခိုးတွေက မြူတွေကျနေသလား အောက်မေ့ရတယ်။ အဲလိုဖြစ်လဲ ကျန်းမာရေးအတွက် ဘာမှ ပြန်လုပ်မပေးဘူး" လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
Home Richfull စက်ရုံ အလုပ်ချိန်က အလုပ်သမား ဥပဒေပါ သတ်မှတ်ချက်ထက် အဆမတန် ပိုနေပြီး၊ အချိန်ပို (OT) ကို အတင်းအကျပ် ခိုင်းစေနေတယ်လို့ ပြောပါတယ်။
 
အလုပ်ချိန် အိုတီ ၃ နာရီပါ မနက် ၈ နာရီမှ ည ၈ နာရီအထိ ဖြစ်လို့ အလုပ်ချိန် စုစုပေါင်း ၁၂ နာရီကြာ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ည ၈ နာရီ အထိ အလုပ်ဆင်းပြီးလို့ နောက်ထပ် ည ၁၀ နာရီအထိ ထပ်ဆင်းခိုင်းတယ်။ ဆင်းဖို့ ငြင်းတဲ့ အလုပ်သမားကို ဖယ်ရီပေါ်က အတင်းအကျပ် ဆွဲချတယ်။ အလုပ်ပြန်ဆင်းခိုင်းတယ်” လို့ ပြောပါတယ်။
 
ထိုင်း အစိုးရရုံးပိတ်ရက်အတွက် OT သုံးဆ ပေးရမည်ဟု သတ်မှတ်ထားသော်လည်း စက်ရုံဘက် ပုံသေ အချိန်လုပ်ခအတိုင်းသာ ပေးချေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
" သာမန် OT ၁ နာရီကို ၇၅ ရတယ်။ တနင်္ဂတွေ ပိတ်ရက်ဆို ၂ ဆ။ တစ်နေ့ကို ၃ နာရီဆင်းပေးရတယ် ။ ပုံမှန်နေ့ဆို ၂၂၅ ရတယ် ။ တနင်္ဂနွေဆို ၄၅၀ ရတယ် ။ အစိုးရပိတ်ရက်မှာ ၃ ဆ ဆိုပြီး တနင်္ဂနွေနေ့ ပေးသလိုဘဲ ၄၅၀ ဘဲရတယ် ။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
တိုင်ကြားမှုတွေကြောင့် စက်ရုံကို လာရောက်စစ်ဆေးခဲ့ပေမဲ့ အဲ့ဒီနေ့ကို စက်ရုံ ပိတ်ထားခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Home Richfull စက်ရုံ က ထိုင်းနိုင်ငံ Moo 11 Nong Bua, Ban Khai, Rayong မှာရှိပြီး ပလပ်စတစ်ပစ္စည်း ထုတ်ကုန်တွေ ထုတ်လုပ်နေပါတယ်။
 
စက်ရုံရဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား လုပ်ကိုင်နေရပြီး ဘေးအန္တရာယ်အကာအကွယ်ပေးတာ အားနည်းနေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026