NEWS

တရားဝင်ရုံးပိတ်ရက်နဲ့တနဂ်နွေပိတ်ရက်တွေပါအိုတီဆင်းပေးနေရ၊ တစ်လလျှင် အိုတီ နာရီ ၃၀ စာထပ်မံဖြတ်တောက်ခံနေရတယ်လို့စိုးမိုးခိုင်သံရည်ကျိုစက်ရုံအလုပ်သမားတွေပြော

CoverLogo
1.6K Views

အလုပ်သမားတစ်ဦးလျှင်တစ်လကို အိုတီချိန် နာရီ ၃၀ စာအိုတီကြေးဖြတ်တောက်ခံနေရတဲ့အပြင် တရားဝင်ရုံးပိတ်ရက်နဲ့တနရ်နွေပိတ်ရက်တွေပါအလုပ်ဆင်းပေးနေရတဲ့အတွက်စိုးမိုးခိုင်သံရည်ကျိုစက်ကအလုပ်သမားတွေအခက်တွေ့နေရတယ်လို့သိရပါတယ်။

စိုးမိုးခိုင်သံရည်ကျိုစက်ရုံဟာရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှု့ဇုန်ထဲမှာလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားပိုင်စက်ရုံတခုဖြစ်ပြီးလုပ်သားဦးရေ ၂၀၀ ခန့်နဲ့လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

"တစ်နေ့ကိုအချိန်ပိုလေးနာရီတစ်လကိုနာရီ  ၁၂၀ ဗျာ လစာထုတ်တော့နာရီ ၈၀ စာပဲပေးတယ် သွားတောင်းတော့မင်းတို့ထမင်းစားချိန်ထဲက တရက်ကိုတနာရီနှုတ်တာတဲ့ ကဲထမင်းစားချိန်နှုတ်တယ်ထားအုံးဘယ်မလဲကျန်တဲ့ ၁၀ နာရီစာလို့ပြောတော့လဲဘာမှမပြောဘူး အမှန်နာရီလေးဆယ် စာကျတော်တို့ရရမှာလေ"လို့အဆိုပါစက်ရံမှအလုပ်သမားတဦးကဆိုပါတယ်။

အဆိုပါစက်ရုံမှအလုပ်သမားတစ်ဦးလျှင်တစ်ရက်ကို ၁၇ နာရီလုပ်ကိုင်နေရပြီးတော့ စက်ရုံတွင်းလုပ်ငန်းသဘောအရလုံခြုံရေးအကာအကွယ်များအတွက်လည်း အလုပ်သမားတွေဆီမှသာစက်ရုံဖက်ကဖြတ်တောက်တယ်လို့အလုပ်သမားတွေက  Myanmar Labour News ကိုပြောပါတယ်။

"ကင်းဘတ်ဖိနပ်ဆို ၇၀၀၀၊ safety boot ဆို ၂၀၀၀၀ ဖြတ်တယ် တစ်လကိုတနဂ်နွေ ၂ ရက်ဆင်းပေးရတယ် အဲ့ဒါကိုလဲပုံမှန်အတိုင်း ၄၈၀၀ ပဲပေးနေတာ ပြောရမယ်ဆိုနားလှည်ပါးရိုက်ကိုလုပ်နေတာ"လို့အလုပ်သမားတဦးကဆိုပါတယ်။

အိုတီကြေး၊ safetyကြေးတွေကိုစက်ရုံဖက်ကအကြိုးအကြောင်းခိုင်လုံမှု့မရှိပဲအလုပ်သမားတွေဆီကဖြတ်တောက်နေတဲ့အတွက်အဆိုပါစက်ရုံအလုပ်သမားတွေအနေနဲ့များစွာအခက်အခဲတွေ့ကြရတယ်လို့နစ်နာသူအလုပ်သမားတွေကဆိုပါတယ်။

"ခုလဲသကြ်န်တွင်းဆင်းခိုင်းတယ် နှစ်ဆပေးမယ်လို့တော့ပြောတာပဲ လစာဆိုလဲအပြည့်လဲမပေးဘူး ပေးစလစ်ထဲမှာလဲရတဲ့လစာကိုလျော့ရေးထားတယ်"လို့အလုပ်သမားတဦးကထပ်ပြောပါတယ်။

စိုးမိုးခိုင်သံရည်ကျိုစက်ရုံမှာအလုပ်သမားသမဂ္ဂမရှိတဲ့အတွက်စက်ရုံဖက်ကအလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေအတွက်တိုင်ကြားဖို့အခက်အခဲတွေ့နေရတယ်လို့အလုပ်သမားတွေရဲ့ပြောကြားချက်အရသိရပါတယ်။

အလုပ်သမားတွေဖက်ကတော့အိုတီချိန်အပြည့်အဝထည့်တွက်ပြီးစက်ရုံဖက်ကပေးချေဖို့၊ တရားဝင်ရုံးပိတ်ရက်တွေမှာဆင်းပေးနေရတဲ့အချိန်ပိုကြေးတွေကိုနည်းလမ်းမှန်မှန်နဲ့ရရှိဖို့တောင်းဆိုနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026