NEWS

တပတ်လျင် အချိန်ပို ၃၄ နာရီလုပ်ကိုင်နေရပြီး အလုပ်သမားအချို့ကို ၃၆၀၀ ကျပ်ဖြင့် ခိုင်းစေနေ

CoverLogo
1.4K Views

အော်ဒါအရေးကြီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တစ်ရက်လျင် မနက် ၇ နာရီ ခွဲကနေ ည ၈ နာရီအထိ ၃ လဆက်တိုက်ဆင်းခဲ့ရသလို တနင်္ဂနွေနေ့ပါ ဆင်းခဲ့ရတာဖြစ်ပြီး တပတ်လျင် အိုတီ ၃၄ နာရီ ကျော် အလုပ်လုပ်ကိုင်ခဲ့ရတယ်လို့ HUNTER TEXTIEL အထည်ချုပ်စက်ရုံအလုပ်သမားကပြောပါတယ်။

"အော်ဒါအရေးကြီးတယ်ဆိုပြီး အချိန်ပို အောလင်း (ညလုံးပေါက်) ဆင်းရတာရှိတယ် အထည်မပြီးတဲ့လိုင်းတွေဆိုရင် မနက် ၈ နာရီကနေ ၁၁ နာရီအထိ ချုပ်နေရတာ တောင်ရှိတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

စက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မြဝတီမင်းကြီးလမ်းမှာ လုပ်သား ၇၀၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး OVS, MANA, Piean Pnieto, Pagattin စတဲ့နိုင်ငံတကာအမှတ်တံဆိပ်တွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ နှစ် ဇွန်လထဲမှာ ထုတ်ပြန်ထားတဲ့ “စက်ရုံ၊ အလုပ်ရုံ များ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန်ချက်” ထဲမှာ တော့ မည့်သည့် အလုပ်သမားမဆို ရက်သတ္တပတ်ကို အချိန်ပိုမပါ ၄၄ နာရီထက်ပိုပြီး အလုပ် မလုပ်ရလို့ သတ်မှတ် ထားပြီး အချိန်ပိုအနေနဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ တရက် ၃ နာရီနဲ့ ၁၅ နာရီ၊ စနေ့ တစ်ရက်အတွက် အချိန်ပို ၅ နာရီ၊ ရက်သတ္တပတ်အတွက် နာရီပေါင်း ၂၀ သာ ခေါ်ယူလုပ်ကိုင်ဖို့ သတ်မှတ် ထားပါတယ်။ 

စက်ရုံက အထည်ချုပ် အလုပ်သမားတွေအနေနဲ့ ပုံမှန်အလုပ်ချိန်မှာ အိုတီ ၂ နာရီပါဝင်ပြီး ကျန် အချိန်ပိုကြေးများကိုတော့ လစာမထုတ်မီသီးသန့်ရှင်းပေးတာဖြစ်ပြီး တစ်ပတ်လျင် အနည်းဆုံးအချိန်ပို ၃၄ နာရီလောက် လုပ်ကိုင်နေရတာလို့ သိရပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲက HP ရာထူးအတွက်ကိုတော့ နေ့စားအလုပ်သမားတွေသာခန့်ပြီး တစ်နေ့ လုပ်ခ ၃၆၀၀ ကျပ်သာပေးချေနေတဲ့အတွက် နစ်နာမှုတွေရှိတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဥပဒေအရ အနည်းဆုံးအခကြေးငွေသတ်မှတ်ချက်က ၄၈၀၀ ကျပ်ဖြစ်ပြီး လက်ရှိနေ့စားဝန်ထမ်းတွေရရှိနေတဲ့ နှုန်းက ၃၆၀၀ ကျပ်ဖြစ်တဲ့အပြင် ပိတ်ရက်ခံစားခွင့်နဲ့ အခြားခံစားခွင့်တွေဆုံးရှုံးတာကြောင့် နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်တဲ့ လုပ်ငန်းတွေမှာ အနည်းဆုံးအခကြေးငွေထက်ပိုနည်းတဲ့ ပမာဏနဲ့ လုပ်ကိုင်နေရတာ လုပ်သား ၇၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

နေ့စားဝန်ထမ်းတွေထဲက အချို့ဟာ လုပ်သက် ၃ လကနေ ၁ နှစ် ကျော်ထိရှိပြီး ဒေးကြေး တိုးတက်ပြောင်းလဲတာလည်းမရှိသလို အမြဲတမ်းဝန်ထမ်းအဖြစ်လည်း ခန့်အပ် တာမရှိဘူးလို့ သိရပါတယ်။

"အခွင့်အရေးချိုးဖောက်ခံရတာတွေတော့အများကြီးပဲ အလုပ်သမား ၇၀၀ ကျော်ရှိတဲ့ အလုပ်မှာ ဆေးပေးခန်းက နက်စ် တော့ရှိတယ်  ဝမ်းသွားလို့ ဆေးသွေားတောင်းရင် ဓါတ်ဆားရည်အတွက် တစ်ထုတ်အပြည့်ဘယ်တော့မှမရဘူး လဘက်ရည်တခွက်စာပဲရတယ် ပြီးရင် လျှက်ဆားဘာညာလောက်ပဲရှိတာ  ဆေးခန်းက လာစစ်ရင် ပြဖို့ အပြပဲရှိတယ်"လို့ အလုပ်သမားက ပြောဆိုပါတယ်။ 

လုပ်ငန်းခွင်အတွင်း ဥပဒေပါခွင့်ခံစားခွင့်တွေ ရရှိပေမဲ့ ခွင့်ယူမည်ဆိုပါက အလွယ်တကူမရရှိခြင်း၊ လူမှုဖူလုံရေးနှင့် ဆေးခွင့်ယူမည်ဆိုပါက တစ်ရက်ကြိုတင်အသိပေးအကြောင်းကြားပြီးမှသာ လူမှုဖူလုံရေးခွင့်ပေးတာကြောင့် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အလုပ်သမားတွေအနေနဲ့ အကြောင်းတစ်စုံတစ်ရာရှိပါက လစာမဲ့ခွင့်ကိုသာရွေးချယ် နေရတယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် အထည်စံချိန်ကို အလုပ်သမားချုပ်နိုင်တာထက်ပိုတိုးတောင်းတာ စံချိန်မပြည့်မီပါက ကြီးကြပ်ရေး လုပ်သားတွေဖြစ်တဲ့ စူပါ လီဒါတွေက ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုတာတွေလုပ်လေ့ရှိတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။


အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားပြီး လက်ရှိမှာတော့ လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေ တောင်းဆိုဖို့ နိုင်ငံရေးအခြေအနေကြောင့် ခက်ခဲနေတယ်လို့ ဆိုပါတယ်။
 
အလုပ်သမားတွေအနေနဲ့ ချုပ်လုပ်နိုင်တဲ့  စံချိန်ကိုသာတောင်းဆိုရန်၊ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ နေ့စားအလုပ်သမားတွေကို  (၃) လပြည့်ပါက အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးရန်။
(က) စနေ့နေ့ အချိန်ပိုကြေးများ ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန်
(ခ) တနင်္ဂနွေ အလုပ်ပိတ်ရက်များအတွက် လုပ်ခလစာကို ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန် 
၊ ခွင့်ရက်များကို ယူပါက အလုပ်သမားအခွင့်အရေးများနှင့် အညီ ခံစားခွင့်ပေးရန်၊ 
(က) ဆေးခွင့်ယူမည်ဆိုပါက ကြိုတင်ခွင့်တင်ခိုင်ခြင်းများမပြုလုပ်ရန်၊ ဆေးပေးခန်းတွင် နက်(စ်) ဆရာမအစား ဆရာဝန်ထားပေးရန်၊ ဆေးအပြည့်အစုံ ထားပေးထား ရန်၊ အချိန်ပိုများခေါ်ယူပါက အလုပ်သမားများ၏ သဘောဆန္ဒကို မေးရန်၊ ဆင်းနိုင်သူများကိုသာခေါ်ရန်၊ မဆင်းလိုသူများကို အငြိုးအတေးမထားရန်၊ အော်ဟစ်ပြောဆိုခြင်းများမလုပ်ရန်၊ ဖယ်ရီကားများကို လူဦး‌ရေနှင့် မျှတစွာ စီစဥ်ပေးရန် စတဲ့အချက်တွေ ဖြေရှင်းဆောင်ရွက်ပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


#MyanmarlabourNews

 

 

 

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026