NEWS

တနဂ်နွေနေ့တိုင်း နေ့တစ်ဝက် အိုတီ အခမဲ့ ဆင်းပေးနေရ၊ အလုပ်တစ်ရက်ပျက်လျှင် ငွေကျပ်သုံးသောင်းအထိဖြတ်တောက်နေတယ်လို့ TANJINFASHION MILES TONE အထည်ချုပ်အလုပ်သမားတွေ ပြော

CoverLogo
2.2K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှု့ဇုန်၊ ဆိပ်ကမ်းသာလမ်းပေါ်မှာလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် TANJINFASHION MILES TONE အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို တနဂ်နွေနေ့တိုင်း နေ့တစ်ဝက်အလုပ်ဆင်းခိုင်းပြီး အလုပ်သမားတွေကိုလုပ်အားခအချိန်ပိုကြေးမရှင်းပေးဘူး လို့နစ်နာသူအလုပ်သမားတွေရဲ့ပြောကြားချက်အရသိရပါတယ်။

အလုပ်သမား ၁၀၀၀ ဝန်းကျင်လောက်နဲ့လည်ပတ်လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပြီးတော့အလုပ်သမားတွေအနေနဲ့တရားဝင်ရုံးပိတ်ရက်နဲ့ရှောင်တခင် ခွင့်ရက်ခံစားခွင့်တွေမရရှိဘူးလို့လည်းသိရပါတယ်။

"ခုကတနဂ်နွေနေ့တိုင်းနေ့တဝက်ခေါ်ပြီး အလကားပဲတင်းခိုင်းနေတာ တစ်လိုင်းကို ၁၅ ယောက်နဲ့အယောက် ၂၀ ကြားဆင်းပေးနေရတယ် မန်နေဂျာကလဲတရုတ် အကုန်တရုတ်ကြီးပဲ"လို့နစ်နာသူအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

အဆိုပါစက်ရုံဟာအလုပ်သမားတွေအပေါ်လစဥ်လူမှု့ဖူလုံရေးကြေး ၂၈၈၀ ကျပ်နှုန်းဖြတ်တောက်နေပေမယ့် အလုပ်သမားတွေအနေနဲ့လူမှု့ဖူလုံရေးခံစားခွင့်အပြည့်အဝမရရှိတဲ့အပြင် ခွင့်တစ်ရက်ပျက်ရင် သုံးသောင်းကျပ် လောက်အထိဖြတ်တောက်ခံရတယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

"ထားပါတော့ ကျမတို့ကရုံးလာနေတဲ့အချိန်အိမ်မှာအရေးပေါ်ဖြစ်လို့ပြန်ရတဲ့အခါရှိတယ် အဲ့ဒါမျိုးလဲသူတို့ကမပေးဘူး ရှောင်တခင်ခွင့်ပါဆို ရှောင်တခင်ခွင့်ကိုမန်နေဂျာ တရုတ်မကခွင့်တင်ခိုင်းတယ်ဆေးခွင့်လဲဖြတ်တယ် တစ်ရက်ပျက်တာနဲ့ဒေးကြေး၊ ဂရိတ်ကြေး၊အကုန်ဖြတ်တာ ပြီးတော့နှစ်ကြေးလဲအပြည့်မရဘူး နှစ်သောင်းကျော်ပဲရတယ် လူမှု့ဖူလုံရေးကြေးကဖြတ်သာဖြတ် ဘာမှခံစားခွင့်မရဘူး"လို့အဆိုပါအထည်ချုပ်စက်ရုံမှ အလုပ်သမတဦးကဆက်ပြောပါတယ်။

အခုလို TANJINFASHION MILES TONE အထည်ချုပ်စက်ရုံဖက်က အလုပ်စဝင်တဲ့သူတွေကိုကျွမ်းကျင်ကြေးမပေးတာတွေ အလုပ်သမားတွေအပေါ်နည်းမျိုးစုံနဲ့ဥပဒေမဲ့လုပ်အားခဖြတ်တောက်တာတွေ၊ အိုတီမဆင်းမနေရလုပ်ခိုင်းတာတွေအပါအဝင် အခြားသောလုပ်ငန်းခွင် ဖိနှိပ်မှု့တွေလဲရှိနေသေးတယ်လို့အလုပ်သမားတွေကပြောပါတယ်။

"သောက်တဲ့ရေတွေကလဲဝါလို့သွားတော့ပြောထားတယ် တနဂ်နွေနေ့ဆင်းခိုင်းပြီး အိုတီကြေးမပေးလို့သွားပြောတဲ့ အလုပ်သမားတစ်ယောက်လဲအလုပ်ထုတ်ခံလိုက်ရတယ် အိုတီကလဲအကြောင်းပြချက်မျိုးစုံပေးပြီးဆင်းခိုင်းနေတာ"လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

အခုလိုအလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေကိုအလုပ်သမားတွေဖက်ကဖြေရှင်းပေးဖို့လိုလားနေကြပြီး ဝင်ရောက်ညှိနှိုင်းပေးမယ့်စက်ရုံသမဂ္ဂမရှိတဲ့အတွက်အခက်တွေ့နေကြရတာလို့အလုပ်သမားတွေဖက်ကပြောပါတယ်။

လက်ရှိစက်ရုံဖက်ကဖွဲ့ပေးထားတဲ့ အလုပ်သမားကော်မတီရှိပေမယ့် စက်ရုံဖက်ကသူတို့လက်ဝေခံလူတွေနဲ့သာဖွဲ့စည်းထားတာဖြစ်လို့ အလုပ်သမားအရေးကိုတစ်ခုမှကူညီဖြေရှင်းပေးတာမျိုးမရှိဘူးလို့အလုပ်သမားတွေရဲ့ပြောကြားချက်အရသိရပါတယ်။

TANJINFASHION MILES TONE အထည်ချုပ်စက်ရုံဟာ လည်သာဂျက်ကက်၊အနွေးထည်၊ ဘောင်းဘီ၊ အက်ျီတွေချုပ်လုပ်နေတဲ့စက်ရုံတစ်ရုံဖြစ်ပြီး Zara၊ Only အစရှိတဲ့အမှတ်တံဆိပ်တွေကိုအဓိကထားချုပ်လုပ်ပြီးစျေးကွက်ထဲကိုတင်ပို့နေတာဖြစ်တယ်လို့လဲသိရပါတယ်။

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026