NEWS

တစ်လလုံးပိတ်ရက်မရှိ အလုပ်ဆင်းခိုင်း၊ ဆဲဆိုခိုင်းစေ

CoverLogo
703 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မင်းသိဒ္ဓိကျော်စွာလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ Best Choice Garment  Co.,Ltd မှာ တစ်လလုံးပိတ်ရက်မရှိ အလုပ်ဆင်းခိုင်းပြီးတော့  အချိန်ပိုအလွန်အကျွံခိုင်းစေတာ ၊ ဥပဒေပါခွင့်တွေယူပါက ရက်မှန်ကြေးဖြတ်တောက်တာ အထည်စံချိန်ကို ချုပ်နိုင်တဲ့ပမာဏထက်ပိုမိုတောင်းခံတာ လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာ ဆဲဆိုခိုင်းစေတာ တွေ ပြုလုပ်နေတာကြောင့် အလုပ်သမားအခွင့်အရေးဆိုင်ရာနစ်နာမှုတွေဖြစ်နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

အလုပ်သမား ၅၀၀ ကျော်လုပ်ကိုင်နေတဲ့ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ သိရပါတယ်။ ချုပ်လုပ်တဲ့အမှတ်တံဆိပ်ကတော့ TR & LLKIDS တံဆိပ် ဂျာကင် အင်္ကျီ ဂျပန် အော်ဒါတွေချုပ်တာလို့ ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားမရှိဘူးလို့ ပြောပါတယ်။ 

အလုပ်ချိန်သတ်မှတ်ချက်က နံနက် ၇ နာရီ ၃၀ ကနေ ည ၇ နာရီအထိဖြစ်ပြီး လုပ်ခပေးချေရာမှာ ဒေးကြေး ၆၈၀၀ ကျပ် အချိန်ပိုကြေး တနာရီ ၁၅၀၀ ကျပ် ရက်မှန်ကြေး ၄၀၀၀၀ ကျပ် နှင့် တစ်ကတ်ကြေးစနစ်နဲ့လုပ်ကိုင်တာလို့ပြောပါတယ်။

"ရက်မှန်ကြေးကို ဥပဒေပါခွင့်တွေယူရင် ဖြတ်တယ် တရက်ပျက်ရင် ၂၀၀၀၀ ဖြတ်တယ် အထည်စံချိန်ကို မချုပ်နိုင်တဲ့စံချိန်တောင်းပြီး မပြည့်ရင် လိုင်းစူပါတွေက ဆဲဆိုပြီးပြောတာခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် တလလုံး ပိတ်ရက်မရှိဘဲ အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ ၄ ရက်လုံးကိုပါ အချိန်ပို အဓမ္မ ဆင်းခိုင်း ပြီး အလုပ်သမားအနေနဲ့ မိမိသဘောဆန္ဒနဲ့မဆင်းပါက အော်ဟစ်ပြောဆိုခံ၇တယ်လို့ ပြောပါတယ်။

"တနင်္ဂနွေမပိတ်ဘဲ နားရက်မရှိလုပ်ကိုင်ရတာ ၃ လကျော်ပြီ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်လာရောက်ဖို့အတွက် ဖယ်ရီစီစဉ်ပေးရာမှာ အချိန်မှန်မရှိလို့ သွားလာရေး ထပ်ဆောင်းကုန်ကျတာတွေ ၊ လုပ်ငန်းခွင်မှာ ကျန်းမာရေးနဲ့မညီညွတ်တာတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ဖူလုံသောလုပ်ခလစာ၊ သင့်တင့်မျှတသော စံချိန်သတ်မှတ်မှုနဲ့ ဘေးကင်းတဲ့လုပ်ငန်းခွင်မှာ လုပ်ကိုင်လိုတာကြောင့် အောက်ပါအချက်တွေကိုတောင်းဆိုလိုတယ်လို့ ပြောပါတယ်။ တောင်းဆိုချက်တွေအနေနဲ့ 

၁။  အလုပ်သမားများထုတ်လုပ်နိုင်သော အထည်စံချိန်းကိုသာ တောင်းခံရန်။
၂။ အလုပ်သမားများကို  ဥပဒေအညီ အချိန်ပိုများကို ခေါ်ယူရန်။ အချိန်ပိုမဆင်းပါက စူပါများမှ ဟော်ဟစ်ပြောဆိုခြင်းမပြုလုပ်ရန်။
၃။ အလုပ်သမားများကို လိုင်းစူပါများမှ ဟော်ဟစ်ဆဲဆိုခြင်းများ မပြုလုပ်ရန်။
၄။ ဥပဒေအပါ ခွင့်များဖြင့် ရက်ပျက်ပါက ရက်မှန်ကြေးများမဖြတ်ရန်။
၅။ စက်ရုံတွင် အလုပ်သမားများကို ကျန်းမာ‌ရေးညီညွတ်အောင် စီစဥ်ဆောင်ရွက်ပေးရန်။
၆။ ဖယ်ရီကားအား အချိန်ထိကျစွာ စီစဥ်ဆောင်ရွက်ပေးရန် စတာတွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026