NEWS

တစ်လလုံး ပိတ်ရက်မရှိ ခိုင်းစေနေလို့ မြန်မာအလုပ်သမားတွေအခက်အခဲဖြစ်နေ

CoverLogo
717 Views
 
တရုတ်နိုင်ငံသားပိုင် ကျင်မိန်အထည်ချုပ်စက်ရုံမှာ အထည်အရေးကြီးပါက အောလင်း၊ အောနိုက်များ ခေါ်ယူတဲ့ အပြင် တစ်လလုံးအတွက် သတ်မှတ်ထားတဲ့ ပိတ်ရက် (၂) ရက်ကိုပါ ပိတ်မပေးဘဲ အလုပ်ခိုင်းစေနေတယ်လို့ စက်ရုံ အလုပ်သမားတွေက MLN ကို ပြောပါတယ်။
ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံ ၊ မန်စီမြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား (၄၀၀) ကျော်နဲ့ လုပ် ငန်း လည်ပတ်နေတာဖြစ်ပါတယ်။
လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ ချိုးဖောက်မှုတွေ လုပ်ဆောင် နေကာ Macondo အမှတ်တံဆိပ်ကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံက အလုပ်လာလုပ်တဲ့ အလုပ်သမားတွေကို အထည်စံချိန်တွေ မတရားတောင်းခံပါတယ်။ စက်လိုင်း တစ်လိုင်းမှာ လူက(၄၈) ယောက်ကနေ (၅၀) လောက်ထိ ရှိပါတယ်။ အဲဒါကို တစ်နာရီ အထည်စံချိန်က လိုင်းပေါက် အထည် (၃၀) ကနေ (၃၅) ထိ တောင်းပါတယ်။ ချုပ်ရတာက အနွေးထည်အပါးသားတွေဖြစ်ပြီး လက်ဝင်ပါတယ်။ ချုပ်ရတာခက်တော့ အလုပ်ရှင်တောင်းတဲ့စံချိန် မရပါဘူး။ အလုပ်ရှသက် စံချိန်မပြည့်ရင် ပြန်မလွှတ်ပါဘူး။ အောလင်း၊ အောနိုက်တွေ ဆက်ဆင်းပြီး စံချိန်မပြည့်မချင်း ချုပ်ရပါတယ်။ စက်ရုံက တစ်လမှာ (၂) ရက်ပိတ်ပေ မယ့် အထည်အရေးကြီးရင် ပိတ်ရက် (၂) ရက်ကို မနားရဘဲ အချိန်ပိုအိုတီ ဆင်းရပါတယ်။ အလုပ်သမားတွေက ပိတ် ရက်ကမရှိ၊ နေ့တွေ၊ညတွေဆိုလည်း အောလင်း၊ အောနိုက်တွေ ဆင်းနေရတော့ အိပ်ရေးပျက်ပြီး ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်လာပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
လုပ်ခလစာအနေနဲ့ တရုတ်ငွေ ၁၆၄၀ ယွမ်ပေးချေပြီးမြန်မာငွေနဲ့ တွက်ချက်ပါက လစာကျပ် (၁၀) သိန်း ရက်မှန် ကြေး (၁၂၀၀၀၀)ကျပ်၊ A အဆင့်ကို (၁၈၀၀၀၀) ကျပ်၊ B အဆင့်ကို (၁၂၀၀၀၀) ကျပ်နဲ့ C အဆင့်ကို (၆၀၀၀၀) ကျပ် ပေးချေနေတာ ဖြစ်ပါတယ်။
“တစ်လလုံးနားရက်မရှိဘဲ အချိန်ပိုအိုတီတွေ မတရားဆင်းမှာ လစာက (၁၅) သိန်းလောက်ပဲ ရတယ်။ ထမင်းကို တော့ အလုပ်ရှင်က ကျွေးပါတယ်။ သူတို့ကျွေးတဲ့ထမင်းက အဆင်မပြေပါဘူး။ ဟင်းချက်တာက အသီးအရွက်ပဲ ချက်ပြီး ဆီမပါဘဲချက်ကျွေးပါတယ်။ ပြောမယ်ဆို ထမင်းစားသောက်ရတာလည်း အဆင်မပြေပါဘူး။ လုပ်ခလစာ ကလည်း လုပ်သလောက် မှန်မှန်ကန်ကန် မရပါဘူး” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။
အလုပ်သမားတွေ အနေနဲ့ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကို တောင်းခံဖို့၊ အချိန်ပိုအိုတီတွေကို အောလင်း၊ အောနိုက် မခေါ်ဖို့၊ အလုပ်ပိတ်ရက်တွေကို ပိတ်ပေးဖို့နဲ့ လုပ်ခလစာတွေကို မှန်ကန်စွာ တွက်ချက်ပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026