ARTICLE

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)

CoverLogo
673 Views

Myanmar Labour News မှာ အောက်တိုဘာ (၂၀) ရက်ကနေ အောက်တိုဘာ(၂၆) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ နဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ 

အောက်တိုဘာ၂၀

ထိုင်းမှာလူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းပြီးနောက်  တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့  အဖမ်းခံရတဲ့ မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာ ပါတယ်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပြီး အဆက်အသွယ် မရဖြစ်နေတဲ့မြန်မာနိုင်ငံသား ၈၉ ဦးကို စာအုပ်လာထုတ်ဖို့  တိုကျိုရှိမြန်မာသံရုံးကြေညာ ထားပါတယ်။

ထိုင်းရှိ အပူပေးစက်ထုတ်လုပ်တဲ့ စက်ရုံမှ အလုပ်ထုတ်ခံရတဲ့မြန်မာလုပ်သား ၁၄ ဦးလစာ နဲ့ ကျန့်ခေါက်ခများပြန်လည်ရရှိ ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကသိရပါတယ်။

ထိုင်းနိုင်ငံ စီလချာမြို့ရှိရေပူရေအေးခွက်စက်ရုံမှမြန်မာလုပ်သား ၁၅၀ လစာနှစ်လစာမရရှိဘဲအလုပ်ထုတ်ခံရ လို့  WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ ညှိုနှိုင်းဆောင်ရွက်မှုတွေ လုပ်ဖို့ တိုင်ကြားထားပါတယ်။

အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမယ်လို့ မိုးဇလရဲ့ထုတ်ပြန်မှုကနေသိရပါတယ်။

၇,၈၀၀ ကျပ် လုပ်ခ အပြောင်းအလဲမှာ  အလုပ်သမားတွေ ခံစားခွင့်ရ မရ ဆိုတဲ့သတင်းဆောင်းပါးကိုဖော်ပြခဲ့ပါတယ်။

လှိုင်သာယာမြို့နယ် ၊ ၁၆ရပ်ကွက်မှာဖွင့်ထားတဲ့Sun Star အထည်ချုပ်စက်ရုံမှာ  တစ်လ အချိန်ပိုနာရီ ၂၀၀ ကျော်ပြီး လုပ်ခ အပြည့်မရ ဘူးလို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောထားပါတယ်။ 

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး၊ ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေ တို့ အင်းစိန်ထောင် မှအာမခံနဲ့ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။

အောက်တိုဘာ၂၁

ကာလတိုဗီဇာလျှောက်ထားပြီး အလုပ်လုပ်ကိုင်ပါက ရာဇဝတ်ပြစ်မှုအဖြစ် အပြစ်ပေးခံရနိုင်ဟု ရန်ကုန်ရှိဂျပန်သံရုံးထုတ်ပြန် အသိပေးခဲ့ပါတယ်။

လုပ်ငန်းခွင် အနိုင်ကျင့်ခြင်း နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ချို့ယွင်းချက်များ (သို့မဟုတ်) စက်တင်ဘာ ချိုးဖောက်မှုများ ခေါင်းစဉ်နဲ့ Myanmar Labour news က အလုပ်သမားနဲ့စက်ရုံအလုပ်ရုံတွေက စက်တင်ဘာလအတွင်းတွေ့ရှိချက်တွေကိုစုစည်းဖော်ပြထားပါတယ်။

အပိုထောက်ပံ့ကြေး  ၁၀၀၀ ကျပ် မရတဲ့ လုပ်သားများ တိုင်ကြားနိုင်ဟု စစ်ကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာနက ကြေညာ ထားပါတယ်။

ဂျပန်ကုမ္ပဏီ ၁၀၀ ကျော်မှ  မြန်မာလုပ်သား  ၁၀၀၀ ခန့်ခေါ်ယူရန် ကမ်းလှမ်း ထားပါတယ်။

ထိုင်းနိုင်ငံက အိုင်ဖစ်ရေသန့်စက်ရုံနဲ့ ကားဂျိုင့်စက်ရုံလုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ပြတ်သွားသောမြန်မာလုပ်သားနှစ်ဦးလျော်ကြေးငွေရရှိရေး WAG အလုပ်သမားကူညီရေး မဟာမိတ်အဖွဲ့ထံတိုင်ကြား ထားပါတယ်။

အယုဒ္ဓယရှိ ကားအပိုပစ္စည်းစက်ရုံမှ အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၁၈ ဦးက နစ်နာကြေးတောင်းဆို  မှုအတွက် MHAC လုပ်သားကူညီရေး မဟာမိတ်အဖွဲ့ထံ အကူညီတောင်းထားပါတယ်။

ထိုင်းလဝက တံဆိပ်ခေါင်းအတုများ ပြုလုပ်ရောင်းချနေသောမြန်မာပွဲစားတစ်ဦးအဖမ်းခံရကြောင်းထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။

ထိုင်း အဝေးပြေးလမ်းကြီးတစ်ခုကိုဖြတ်မောင်းလာတဲ့ကားတစ်စီးပေါ်က နိုင်ငံကူးလက်မှတ် အတု ဖြင့် ဝင်ရောက်လာတဲ့  မြန်မာလုပ်သား ၁၃ ဦးကိုထိုင်းရဲဖမ်းဆီး လိုက်ကြောင်းသိရပါတယ်။

အောက်တိုဘာ၂၂

မလေးရှားတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အသွားဂရုစိုက်ရန် Alliance of Chin Refugees  ( ACR)အဖွဲ့က သတိပေး ထားပါတယ်။

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးတဲ့မြန်မာလုပ်သား ၆၀ ကျော် ကို နေရပ်ပြန်ပို့ ကြောင်း မလေးရှားလဝက မှသတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ ၊ကန်ချနာဘူရိ ခရိုင် မှာ အထောက်အထားမဲ့ မြန်မာလုပ်သားတင်ဆောင်လာသည့်ယာဉ်  ဓါတ်တိုင် ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါသူများ အဖမ်းခံရ တယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

အောက်တိုဘာ၂၃

အလုပ်သမားများ ရုံးတက် ရုံးဆင်းချိန်နှင့် YBS မှတ်တိုင်များတွင် ခရီးသည်များစုပြုံမှုမရှိစေရန် YRTC က စစ်တမ်းကောက်ယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန် Myanmar Huasheng Kefu Fashion Co.,ltd အထည်ချုပ် က အချိန်ပိုဖိအားဆင်းခိုင်းပြီး ဥပဒေမဲ့ အလုပ်ထုတ် လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) ကိုတိုင်ကြားထားပါတယ်။

ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၃ ၊ပုလဲလမ်းကCHI MEI အထည်ချုပ်စက်ရုံ လုပ်ငန်းရပ်ဆိုင်းရန်ပြင်ဆင်မှု အလုပ်သမားဥပဒေများအား  ချိုးဖောက် မှုရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေကပြောပြထားပါတယ်။

ပဲခူးတိုင်းမှ လာရောက်တဲ့ မြန်မာ ၃၀ ကျော် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ တယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

မြန်မာသံရုံး အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အတွက်ငွေကြေး လိမ်လည်မှုများ ရှိနေဟု စင်္ကာပူရှိမြန်မာသံရုံးက ကြေညာ ထားပါတယ်။

အောက်တိုဘာ၂၄

ရန်ကုန်၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ စက်မှုဇုန်၂ မှာရှိတဲ့ Mayfairအထည်ချုပ် စက်ရုံအလုပ်သမားများ လုပ်အားခနှင့် အခွင့်အရေးများ  ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက  Myanmar Labour News ကိုပြောထားပါတယ်။

အစားအသောက်များတွင် ဖော်မလင်ထည့်ပါက အရေးယူမည်ဟု FDA အသိပေး ထုတ်ပြန်ထားပါတယ်။

အလုပ်သမားအရေးလှုပ်ရှားသူ  ဒေါ်မျိုးမျိုးအေး ကို အမှုများပြန်လည်ရုတ်သိမ်းကာ  လွှတ်ပေးသော်လည်း ဆက်လက် တရားရင်ဆိုင်နေရ ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက် ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားများ အရေးပေါ်ဆေးကုသခွင့်ရရန် အာဏာပိုင်များကို ငွေကျပ်သိန်းချီပေးနေရတယ်လို့သိရပါတယ်။

ထိုင်းမှာ ရုရှားနိုင်ငံသားပိုင် ကားအငှားလုပ်ငန်းကို ဝင်ရောက်စီးနင်းစစ်ဆေးရာ မြန်မာဝန်ထမ်း ၅ ဦးအဖမ်းခံရ တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။

ရွှေပြည်သာမြို့နယ်၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း Asian Just အထည်ချုပ် စက်ရုံ မှာလုပ်ခလစာ နှစ်ကြိမ် ခွဲထုတ်ပေးမှု အလုပ်သမားများ အခက်ကြုံနေကြောင်း အလုပ်သမားတွေက Myanmar Labour News ကိုပြောထားပါတယ်။

Myanmar Labour News ကအပတ်စဥ်‌ဖော်ပြနေတဲ့  ကုန်ဈေးနှုန်းကဏ္ဍမှာတော့ ရွှေနဲ့ဒေါ်လာ ဈေးပြန်ကျ၊ စက်သုံးဆီ၊ စားသုံးဆီနဲ့ကုန်ဈေးနှုန်းများအမြင့်ဈေးနဲ့ငြိမ်နေ ပါတယ်။

အောက်တိုဘာ၂၅

ထိုင်းနိုင်ငံက ငရုတ်သီးမှုန့် ထုတ်လုပ်တဲ့လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်ထဲထိခိုက်မှုကြောင့် လက်ချောင်းပြတ်တောက်သွားရသော အလုပ်သမား လျော်ကြေးရရှိ တယ်လို့ WAG မဟာမိတ်အဖွဲ့ကနေသိရပါတယ်။

ပြည်သူတွေ အွန်လိုင်း လောင်းကစားလုပ်ငန်း ပြုလုပ်သူများကို သိရှိပါက လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်တယ်လို့ စစ်ကော်မရှင် ထုတ်ပြန် ထားပါတယ်။

ကန်ချနဘူရီ တွင် အထောက်အထားမဲ့  မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာတဲ့ ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ထိုင်းဘုရင်ရဲ့မယ်‌တော် နတ်ရွာစံတဲ့အတွက် ထိုင်းအစိုးရက ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ရန် ကြေညာ လိုက်ပါတယ်။

အမျိုးသားရေး ဝါဒီ ဂျပန် ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့ရဲ့ အနာဂတ်နဲ့ စိုးရိမ်မှုတွေအကြောင်းကို ဆောင်းပါးအဖြစ်ဖော်ပြထားပါတယ်။ 

တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။ 


Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026