NEWS

တစ်နေ့ ၃၆၀၀ ကျပ်သာရရှိပြီး လုပ်ငန်းခွင်အတွင်း ဥပဒေမဲ့အလုပ်ထုတ်ပယ်ခံနေရတယ်လို့ဆို

CoverLogo
970 Views

လှိုင်သာယာမြို့နယ်  စက်မှုဇုန်(၂)  ဆရာစံလမ်းရှိ  THA SHU MRANMAR APPAREL CO,LTD စက်ရုံရှိ  အလုပ်သမားများဟာ  တစ်နေ့လုပ်ခ ၃၆၀၀ ကျပ်သာရရှိနေပြီး   အလုပ်သမားတွေကိုလည်း ဥပေဒမဲ့အလုပ်ထုတ်ပယ်တာတွေပြုလုပ်နေတယ်လို့  ယင်းစက်ရုံအလုပ်သမားများထံမှ  သိရပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်သမားဦးရေသုံးရာကျော်ဖြင့်  Rabrab တံဆိပ်ချုပ်လုပ်နေတဲ့  တရုတ်လူမျိုးပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ကာ  စက်ရုံအလုပ်သမားတွေအပေါ်မှာ  အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိနေတာဖြစ်တယ်လို့ သိရပါတယ်။


စက်ရုံ လုပ်ငန်းခွင်ထဲမှာ ၃ လပြည့်ပြီးသော အလုပ်သမား အများအပြားရှိပြီး ထိုအလုပ်သမားတွေကို ဒေးကြေး (၃၆၀၀) ကျပ်ဖြင့် ခိုင်းစေတဲ့အပြင် စက်တင်ဘာ ၁၇ရက်နေ့က လုပ်သက် (၆) လရှိသော အလုပ်သမား (၁၀) ဦးကျော်ကို ကြိုတင် ပြောကြားခြင်းမရှိဘဲ အကြောင်းပြချက်မရှိ  နစ်နာကြေး တစ်စုံတစ်ရာ မပေးဘဲအလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

စက်ရုံတွင် အလုပ်သမားများ ခံစားခွင့်ဖြစ်တဲ့ ရှောင်တခင်ခွင့်များ အလုပ်ရှင်ဘက်မှ မပေးခြင်း၊ ခွင့်မပေးလို့ ရက်ပျက်လျှင် ဒေးကြေး+ရက်မှန်ကြေး (၁၄၈၀၀)ကျပ် ဖြတ်တောက်ခံရပြီး ခွင့်ယူလျှင်လည်း အောစူပါ၊ စူပါများက သူတို့နဲ့ အဆင်ပြေတဲ့ အလုပ်သမားမှသာ ခွင့်ပေးပြီး  မကြိုက်တဲ့ အလုပ်သမားများ ခွင့်မပေးဘဲ အလုပ်သမား အချင်းချင်း ခွဲခြားဆက်ဆံခြင်းလည်း ခံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အလုပ်သမားများကို စံချိန်တောင်းခံရာမှာလည်း  အလုပ်သမားများ မချုပ်နိုင်တဲ့ စံချိန်ကိုတောင်းခံပြီး စံချိန်မပြည့်လျှင် တနင်္ဂနွနေ့မှာ အချိန်ပိုအိုတီအလကား ဆင်းပေးရတာတွေအကြောင့်ယင်းစက်ရုံအလုပ်သမားများအနေနဲ့  အချိန်ပိုအိုတီ အလကားဆင်း ပေးခိုင်းခြင်း မပြုလုပ်ရန် နှင့် ၃လပြည့်ပြီးသော အလုပ်သမားကို ဒေးကြေး ၄၈၀၀ကျပ် ပေးရန်၊ အလုပ်သမားတစ်ဦး ချုပ်လုပ်နိုင်သော စံချိန်ကိုသာ တောင်းခံရန်၊   အလုပ်သမား အချင်းချင်း ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရန်၊ ဥပဒေမဲ့ အလုပ်ထုတ်ခြင်းများ မပြုလုပ်ရန်၊ အလုပ်ထုတ်ထားသော အလုပ်သမားများ အလုပ်ပြန်ခန့်ရန်စတဲ့ တောင်းဆိုချက်တွေကို တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026