NEWS

ညလုံးပေါက် OT ဆင်းပြီး အပြန် အလုပ်သမား ၂ ဦး စက်ရုံရှေ့တွင် ဓါးထောက်လုယက်ခံရ

CoverLogo
774 Views

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဖန်ချက်ဝန်ဦးရွှေအိုးလမ်းနှင့်မောင်ကျန်သီးလမ်း ထောင့်ရှိ  Heng Mei Co. Ltd အထည်ချုပ်စက်ရုံ မှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်က   အလုပ်သမားတွေ ညလုံးပေါက် အိုတီဆင်းပြီး နောက်ရက် မနက်အစောပိုင်း အိမ်ပြန်ရာမှာ  ရွှေပြည်သာ ပြန်မယ့် အလုပ်သမား ၂ ဦး  ဖယ်ရီကားမရှိတာကြောင့် စက်ရုံရှေ့ တွင် လိုင်းကားစောင့်နေစဉ်   ဓါးထောက်အလုယက် ခံရတယ်လို့  သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)မှ သိရပါတယ်။ 


ယင်းအထည်ချုပ်စက်ရုံ မှာ  ဩဂုတ်လ ၁၇ ရက်ညပိုင်းက  အလုပ်သမား ၅၀ ဝန်းကျင်မှာ  ညပိုင်း၂နာရီ အထိ အိုတီ ဆင်းခဲ့ရပြီး ဩဂုတ် ၁၈ ရက် မနက် ၄ နာရီ တွင် ပြန်လွှတ်ခဲ့ပြီး လှိုင်သာယာ ပြန်မယ့်သူတွေကိုသာ  စက်ရုံ ဖယ်ရီပေးခဲ့ပြီး ရွှေပြည်သာပြန်မယ့်သူ  နှစ် ဦးကို ဖယ်ရီမပေးတာကြောင့် စက်ရုံရှေ့တွင် လိုင်းကားများထွက်မယ့်အချိန်ကို ထိုင်စောင့်နေစဉ် မနက် ၄ နာရီ ၃၀ ဝန်းကျင်ခန့် မှာ  ကားတစ်စီးနှင့်လူ ၄ ယောက်ရောက်လာပြီး ကားပေါ်မှ တဦးဆင်းကာ အလုပ်သမား အမျိုးသမီးကို ဓားနှင့် ထောက်ပြီးပိုက်ဆံအိတ်ယက်ခဲ့တာလို့ သိရပါတယ်။ 


အော်ဟစ်အကူအညီတောင်း ခဲ့ပေမယ့် စက်ရုံမှ လုံခြုံရေးများထွက်ကြည့်ပြီး မည်သည့် အကူအညီမှ မ​ ​ပေးဘဲ ပြန် ဝင် သွား ခဲ့တယ်လို့ အလုပ်သမားရဲ့ ပြောဆိုချက်အရသိရပါတယ်။ 


တွန်းကန်ပြီးတဦးမှာ လွတ်မြောက်သွား သ​ဖြင့်ထပ်မံအကူအညီ တောင်းခံသည့်အခါတွင်လည်းလုံခြုံရေးများမှ လုယက်နေသည်ကိုမြင်သော်လည်း အကူအညီမပေးခဲ့သဖြင့် ဓားထောက်ခံရသည့် အလုပ်သမား အမျိုးသမီးတဦးမှာ အားမမျှ​တာကြောင့် ပိုက်ဆံအိတ်အား လွှတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။ 


လုယက်သူမှ လှည့်အထွက် မှာ ချော်လဲသဖြင့် ပိုက်ဆံအိတ် လွတ်ကျသွားခဲ့ကာ အမျိုးသမီးမှ ပိုက်ဆံအိတ်အား ပြန်လည်ကောက်ယူစဥ် လုယက်သူမှ  ညာလက်အားလိမ်ပြီးချုပ်ထားကာ ကားပေါ်  မှ ဓားအရှည် ကိုင်ဆောင်ထားသော လူတဦးမှထပ်မံ ဆင်းလာပြီး သူမ၏ ဗိုက်အား လက်သီးဖြင့် နှစ်ချက်ဆင့်ထိုးခဲ့တယ်လို့သိရပါတယ်။ 


လက်မှ ကိုင်ဆောင်ထားသော ဓားဖြင့်လဲ ထိုးရာမှာ ကံကောင်းစွာဖြင့် ခန္ဓာကိုယ်အား မထိခိုက်ဘဲ အင်္ကျီကိုသာ ထိုးမိခဲ့ပြီး  နောက်ထပ်ဓားဖြင့် ထိုးရန် ရွယ်စဥ် ကား​ပေါ်မှလှမ်းအော် သဖြင့်  တွန်းလှဲထွက်သွားစဉ် ပိုက်ဆံအိတ် ပါသွားသဖြင့်ဖုန်းတလုံး၊ ဝန်ထမ်းကတ်၊ လူမှုဖူလုံရေးကတ် နှင့် ငွေ ၂ သိန်း ကျပ် ယူဆောင်သွားတယ်လို့ဆိုပါတယ်။ 


ယခုလို အလုယက်ခံရတဲ့ အတွက် အလုပ်သမား ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့်  စက်ရုံ ဘက်မှ လက်ရှိအချိန်ထိဆေးကုသပေးခဲ့ခြင်း မရှိဘဲ  အလုပ်သမားမှ မိမိငွေကြေးဖြင့် သာဆေးကုသမှု ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။ 


အဆိုပါ အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး   နာမည်ကျော် Bestseller brand တခုဖြစ်တဲ့ ONLY brand ချုပ်နေသောစက်ရုံဖြစ်ကာ MADE project အောက်မှ brand တခုဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။ 


ထိုကဲ့သို့ အလုပ်သမား ဥပဒေ ကိုကျော်လွန်ကာ ညလုံးပေါက် OTခေါ်ခြင်း၊ OT ကြေး မပေးခြင်း၊ OTခေါ်ထားသော်လည်း အပြန်အတွက်စီစဥ် ပေးမှုမရှိတဲ့ လုပ်ငန်းဟာ နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အမှန်တကယ် အလုပ်သမားထုအတွက် ထိရောက်သည့် projectများ ဖြစ်ခဲ့ ပါသလား၊ အလုပ်ရှင်နှင့် brand အကျိုးပြု စီမံကိန်း ဖြစ်ခဲ့သလား၊ ဆန်းစစ် ကြရန်စောင့်ကြည့်လေ့လာဖို့လိုအပ်တယ်လို့ STUM က တိုက်တွန်းထားပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026