NEWS

ဆောက်လုပ်ရေးလုပ်ငန်းများ အလုပ်သမားဥပဒေ လိုက်နာမှုမရှိ

CoverLogo
716 Views
သိချင်တာ အရင်မေးပါမယ် Myanmar Labour News ရှင့် ။
၁. ဝန်ထမ်းက ခွင့် တရက်ယူရင် အဲ့နေ့အတွက် အလုပ်တာဝန်တွေက ခွင့်ယူတဲ့ ဝန်ထမ်းနဲ့ သက်ဆိုင် ပါသလား။ တကယ်လို့ ခွင့်ယူချင်ရင်လည်း သက်ဆိုင်ရာ လူကြီးရဲ့ လက်မှတ်အပြည့်စုံ အကြောင်းရာ ခိုင်လုံမှ ပေးမယ်ပြောပြီး မပေးတာများပါတယ် ။ ဥပဒေက ဒါကို ခွင့်ပြုထားပါသလား။
၂. ရက်ကြီး ခါကြီး နားရက်တွေကိုလည်း အလုပ်ဆင်းခိုင်းပါတယ်။ ဝန်ထမ်းက နားရက်မို့ မဆင်းဘူးဆိုလည်း မဆင်းမနေရဆိုပြီး ပြောပါတယ်။ အဲ့နေ့အတွက် အချိန်ပိုကြေး လုပ်ခလစာ နှစ်ဆလည်း မရပါဘူး ။ အဲ့ဒါက အလုပ်အမျိုးအစားတွေကို သီးခြားခွင့်ပြုထားသလား၊ ပုံမှန်ကိစ္စပဲလား။ ဒါတွေကို မေးချင်ပါတယ်။
ညီမက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတဦးပါ။ ဝန်ထမ်းကတော့ များပါတယ်။ Site ဝန်ထမ်း ၅၀ နဲ့ ၁၀၀ ကြားရှိပါတယ်။ ရုံပိုင်းနဲ့ site ပိုင်းလည်း ခွဲထားပါတယ်။
အလုပ်ဝင် စာချုပ်ချုပ်တော့ ရုံးပိုင်း၊ site ပိုင်း ခွဲထားတယ် မပြောပါဘူး။ တနင်္ဂနွေနဲ့ ရက်ကြီးခါကြီး နားရတယ်ပြောပါတယ်။ လုပ်ငန်းခွင်မှာ အလုပ် လုပ်ရတော့ ရုံးပိုင်းပဲနားပြီး၊ site က လူတွေက မနားရဘူး။
ရက်ကြီးခါကြီးဆို ရုံးက ခွင့်ပြုပြီး နားဆိုမှ နားရပါတယ်။
ခွင့်တစ်ရက်ယူရင်တောင် ခွင့်ယူတဲ့ရက် အိမ်မှာနားနား အပြင်ရောက်ရောက် အလုပ်လုပ်ပေးနေရတယ်။
နေမကောင်းလို့ ခွင့်ယူလည်း အိမ်မှာ နေမကောင်းလည်း လုပ်ပေးရတယ် ။
ခွင့်ရက် နားရက်ဆိုတာ အလုပ်လုပ်ပေးစရာမလိုဘူးလို့ ထင်ပါတယ်။
နောက်ပြီး ရက်ကြီးခါကြီးနေ့တွေလည်း အလုပ်လုပ်ပေးရပါတယ်။ မဆင်းဘူးဆိုလည်း ရုံးပဲပိတ်တာ၊ site မပိတ်ဘူးဆိုပြီး ဖိအားပေး ဆင်းခိုင်းပါတယ်။ အချိန်ပို ot ကြေးလည်းမရပါ။
လုပ်ငန်းခွင်ထဲက အလုပ်သမား၊ ဝန်ထမ်းတွေ အကုန်လုံးက ကျေနပ်နေတာလား၊ မကျေနပ်လား ဆိုတာ ညီမ မသိပဘူး။ မကျေနပ်ဘဲ လုပ်ပေးနေတာလားဆိုတာလည်း မသိပါဘူး။
ညီမအတွက်ကတော့ အဆင်မပြေပါဘူး။
အလုပ်ရှင်တွေက ဖိနှိပ်တာကို ခံနေရတဲ့ တခြားသူတွေလည်းရှိပါတယ်။ ဒါကိုပဲ အသားကြနေကြတာလား မသိဘူး။ ခံနေရမှန်းသိလည်း မလွန်ဆန်နိုင်တော့ ဆက်လုပ်နေကြတာ။
ခွင့်ယူတဲ့ရက်နဲ့ တကယ်ပိတ်တယ်ဆိုတဲ့ရက်တွေကို အလုပ်လုပ်ပေးနေရတာပဲ တကယ်အဆင်ပြေတာ ။
အကြောဆေး အားဆေးသွင်း အိပ်ယာထဲခေါင်းမထောင်နိုင်တဲ့ နေ့မှာတောင် အလုပ်လုပ်ပေးရတယ်။ အိမ်မှာ ခွင့်ယူတယ်ဆိုတာက အမည်ခံသပ်သပ်ပါပဲ။
အလုပ်ချိန်က မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိပါ။ ၉ နာရီမရောက်ရင် ဖြတ်ဖို့တော့သေချာတယ်။
ပြန်ချိန်က ၅ နာရီဆိုပေမဲ့ ၅ နာခွဲ ၆ နာရီဆိုလည်း အချိန်ပို အိုတီ ကြေးမရဘူး ။
အချိန်ပိုနေ့ လုပ်ခ ၂ ဆ မပေးလို့ ညီမတို့ကို သီးခြား လမ်းစာရိတ်နဲ့ တခြားအဖိုးအခ ပေးတာမျိုးလည်း မရှိပါဘူး။
Site က လူကြီးတွေက၊ ဘယ်သူကို ဘယ်လိုပိုင်တယ်ဆိုပြီး ပြောတာ မကြာခဏ ကြားရပါတယ်။ ညီမတို့ ဝန်ထမ်းတွေက လစာနဲ့ အလုပ်လုပ်ရတဲ့သူတွေ၊ အင်အားလည်းမရှိတော့ အလုပ်အကိုင် ထိခိုက်မှာ စိုးရိမ်ပါတယ်။
တတ်နိုင်တာ ကူညီပေးစေချင်ပါတယ် ရှင့်..။
ညီမ Site စာရေးပါ။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026