NEWS

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံတွေမှာ အငြင်းပွားမှုဖြစ်ပေါ်ပါက လုပ်ငန်းရှင်ဘက်ကရပ်တည်မယ့် WCC အဖွဲ့များဖွဲ့စည်းထားဟုဆို

CoverLogo
1.8K Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်း   ပိုမိုဖွဲ့စည်းလာကြတဲ့  လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ(WCC)ဟာ  လုပ်ငန်းရှင်စိတ်ကြိုက်ဖွဲ့စည်းလာတာဖြစ်ပြီး စက်ရုံတွင်းအငြင်းပွားမှုဖြစ်စဉ်တွေမှာလည်း  အလုပ်ရှင်ဘက် ကိုသာ  ရပ်တည်နေကြတာဟာ စက်ရုံတိုင်းလိုလိုဖြစ်လာတယ်လို့ အလုပ်သမားများထံမှ  သိရပါတယ်။

“ WCC တွေက များသောအားဖြင့်အလုပ်ရှင်ဘက်ကလူတွေဖြစ်တယ်။ စက်ရုံကအောစူပါတွေ စူပါတွေ စာရေးမတွေဖြစ်တယ်ပေါ့နော်။ အဲ့တော့ စက်ရုံထဲမှာ  ပြဿနာတစ်ခုခုဖြစ်ကြပြီဆိုရင် အလုပ်သမားက WCC ကိုပြောပြတယ်။  WCCကအလုပ်ရှင်ကိုပြောပြတယ်၊ အလုပ်ရှင်ကလက်မခံဘူးဆိုရင်  WCC ကလက်မခံဘူး။ အလုပ်ရှင်ကြိုးဆွဲရာကိုကနေတဲ့ WCCလို့ပဲပြောရမယ်။ အလုပ်သမားတွေရဲ့နစ်နာမှုတွေအပေါ် သူတို့တွေကတော့ ဖြေရှင်းဆောင်ရွက်မှုတွေကတော့  အားလည်းမကောင်းသလို အလုပ်သမားတွေဘက်မှာလည်းရှိမနေဘူးပေါ့နော်။ အလုပ်ရှင်ရဲ့ WCCဖြစ်တဲ့အတွက် အလုပ်ရှင်ဘက်ပဲရပ်တည်တယ်ပေါ့နော်။ အလုပ်သမားတွေရဲ့နစ်နာမှုဆိုတာကတော့ သူတို့မခံရရင်ပြီးရောဆို တဲ့ပုံစံမျိုးနဲ့ဖွဲ့စည်းထားကြတယ်ပေါ့နော်။  ဒါကစက်ရုံတိုင်းလိုလိုရှ်ိပါတယ်” လို့ ပြည်တွင်းအလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။
 
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဉပဒေအရ အလုပ်သမား ၃၀ ဦးနဲ့အထက်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ WCC (အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ) ဖွဲ့စည်းရမှာဖြစ်ပြီး ကော်မတီအနေနဲ့ အလုပ်ရှင်၊ အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်း ကြားမှာ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ဖို့ ဥပဒေမှာဖော်ပြပါရှိပေမယ့် လက်တွေ့မှာတော့ အလုပ်ရှင်ဘက်က WCC ကို လိုသလိုဖွဲ့စည်းထားပြီး WCC ကလည်းအလုပ်ရှင်အလိုကျဆောင်ရွက်ရပြီး  အလုပ်သမားတွေကို ဖိနှိပ်တာတွေလုပ်ဆောင်နေတယ်လို့ ဖိနှိပ်ခံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။

“ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ WCC ကစက်ရုံတိုင်းလိုလိုဖွဲ့စည်းလာကြတယ်။ ဒါက အလုပ်ရှင်တွေက Brand ကို့ပြဖို့ဖွဲ့စည်းထားတာဖြစ်သလို အလုပ်သမား၀န်ကြီးဌာနတွေကလည်း WCC ကိုဖွဲ့ခိုင်းတယ်။ သူတို့ဆီကို စာရင်းတွေတင်ခိုင်းတယ်ပေါ့နော်။ ဒါတွေကိုကြည့်ခြင်းအားဖြင့်  အလုပ်သမား၀န်ကြီးဌာနတွေက စစ်ကောင်စီအောက်မှာ အလုပ်သမားအရေးတွေဆောင်ရွက်နေတယ်ဆိုတာပြတာဖြစ်သလို အလုပ်ရှင်တွေကလည်း ဘရန်းတွေကိုပြသပြီးသူတို့အော်ဒါရရေးအတွက် ဖွဲ့စည်းကြတယ်ပေါ့နော်” လို့ ၎င်းက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်လုပ်ငန်းတွေမှာ အခုလို ဖြစ်စဉ်တွေရှိနေပြီး WCC (အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ) နဲ့ WCCမှာအဓိကပါ၀င်လေ့ရှိတဲ့  အလုပ်ရှင် ကိုယ်စားပြု မန်နေဂျာ အောစူပါ စူပါနဲ့ စာရေးမစသည်တို့က အလုပ်သမားတွေကို အချိန်ပိုအတင်းအကြပ်ခေါ်ယူ တာတွေ၊ စံချိန်တွေအဆမတန်တိုးတောင်းတာတွေနဲ့ ဆဲဆိုကြိမ်းမောင်းခိုင်းစေတာတွေအပြင် လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေကိုပါ လုပ်ဆောင်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲက နိုင်ငံတကာ အမှတ်တံဆိပ် H&M ချုပ်လုပ်နေတဲ့  ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုံ Saung Oo Shwe Nay အထည်ချုပ်စက်ရုံမှာ  အထည်ချုပ်စက်ရုံအတွင်း နေ့စဉ် ဆက်တိုက် မန်နေဂျာ၊အောစူပါ၊စူပါ၊လီတာများက အလုပ်သမားများကို ရိုင်းပြစွာ ဆဲဆို၊ ကြိမ်းမောင်းတာတွေအပြင်   လိုင်းအမှတ်(၂၈)မှ စူပါဖြစ်သူက  အလုပ်သမားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ရာက အလုပ်သမားရဲ့  အပေါ်အက်ျီပါ စုပ်ပြဲသွားသည်အထိ ရိုက်နှက်ခဲ့တာကြောင့် အလုပ်ရှင်ဘက်ကဖွဲ့စည်းထားတဲ့ WCC ကို အရိုက်ခံရတဲ့ အလုပ်သမားက သွားရောက်တိုင်ကြားခဲ့ပေမဲ့ ဖြေရှင်းမှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင်  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မူဇုန် (၂)၊ ဦးထွန်ညိုလမ်း မှာ တွင် ဖွင့်လှစ်ကာ PRIMARK အမှတ်တံဆိပ် ကို ချုပ်လုပ်နေတဲ့  Myanmar Guotai Huasheng Glory Fashion Garment မှာ အလုပ်သမား (၇၀၀) ကျော်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အဆိုပါ လုပ်ငန်းခွင်ထဲမှာလည်း WCC ကိုယ်စားလှယ်နဲ့ အလုပ်ရှင်တို့မှ အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေ ပြုလုပ်ကာ အောစူပါ စူပါများမှ အော်ဟစ်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ပြီး အလုပ်သမားဥပဒေပါ ခွင့်ခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် နဲ့ဆေးခွင့်တွေ ယူဖို့ အခက်အခဲတွေ ကြုံတွေ့နေရလို့ ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026