NEWS

စက်ရုံအလုပ်သမားတွေ ပြည်ပနိုင်ငံတွေမှာသွားရောက်လုပ်ကိုင်ဖို့ အကူညီတောင်းခံသူ ၄၀၀ ၀န်းကျင်အထိရှိလာ

CoverLogo
1.1K Views

ယခုနှစ်၂၀၂၃ခုနှစ် လတ်တလောကာလအတွင်းမှာ  ရန်ကုန်မြို့တွင်းကစက်ရုံအလုပ်ရုံက  အလုပ်သမား တွေဟာ  ပြည်ပနိုင်ငံတွေမှာသွားရောက်လုပ်ကိုင်ဖို့အတွက်  အကူညီတောင်းခံလာသူ ၄၀၀ ၀န်းကျင် လောက်အထိရှိလာတယ်လို့ ပြည်တွင်းအလုပ်သမားရေး ကူညီဆောင်ရွက်သူများထံမှ  သိရပါတယ်။

“လက်ရှိစက်ရုံပိတ်တဲ့စာရင်းက အပြည့်မရသေးဘူး။ အကူညီတောင်းခံလာတာကတော့   ပြည်ပကို ထွက်ခွာဖို့  အကူညီရနိုင်မလား တောင်းခံလာတာတော့ရှိတယ်။ လက်ရှိကတော့ ပတ်စပို့ရုံးကပိတ်ထား တော့  MoU ကလဲ အချိန်အများကြီးစောင့်ရတော့   အောက်လမ်းကထွက်ကြဖို့ကိုပဲတွေးကြတယ်။  အလုပ်သမားတွေကတော့   များလာဖို့ပဲရှိတယ်။  စက်ရုံတွေက ဆက်တိုက်ပိတ်လာဖို့များတယ်။  ပြည်ပထွက်ခွာမဲ့အလုပ်သမားက  ၄၀၀ ၀န်းကျင်လောက်ရှိမယ်” လို့ ပြည်တွင်းအလုပ်သမားရေးကူညီ ဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။  

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်ရုံတွေပိတ်သိမ်းမှုတွေနဲ့  ယာယီပိတ်သိမ်းတွေရှိလာ သလို  အလုပ်သမား လျှော့ချမှုတွေလည်းပြုလုပ်တာကြောင့် အလုပ်လက်မဲ့ဦးရေလည်းပိုမိုများပြားလာကာ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှုတွေ မြင့်တက်လာတာပဲဖြစ်ပါတယ်။  

"သွားချင်တာ ပိုက်ဆံစုနေတာ တဝက်က အကြွေးနဲ့သွားမှာ  ဒီမှာလုပ်ရတာက မသေရုံတမယ် စားဖို့တောင်အနိုင်နိုင် အိမ်ကို လဲပြန်မပေးနိုင်တော့ဘူး။ ဖြစ်ချင်တာကတော့ ကိုယ်ပိုင်ဆိုင်လေး တစ်ဆိုင်ဖွင့်ချင်တာ နိုင်ငံခြားကိုအရင်သွားမှ ဖြစ်တော့မှာမို့ သွားဖို့ဆုံးဖြတ်တာပါ စိတ်တော့ပူတာပေါ့ "လို့ အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦးကပြောဆိုပါတယ်။

ပြည်တွင်းကစက်ရုံအလုပ်သမားတွေအနေနဲ့   ပြည်ပနိုင်ငံမှာသွားရောက်လုပ်ကိုင် လိုသူတွေများပြားလာတာကြောင့်  အသိပညာပေးမှုတွေပြုလုပ်ပေးနေရသလို  ပွဲစားလိမ်လည်ခံရမှုတွေနဲ့ အေဂျင်စီအတုအယောင်တွေ့ရဲ့ငွေကြေးလိမ်လည်ခံရတာတွေကလည်း ဆက်တိုက်ရှိလာတာကြောင့်  လိမ်လည်ခံရတဲ့ငွေကြေးပြန်လည်ရရှိစေဖို့  လိုက်လံကူညီပေးရမှုတွေလည်း ပိုမိုလုပ်ဆောင်လာရတယ်လို့ ပြည်တွင်းပြည်ပအလုပ်သမားများအား  ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကလည်း ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026