ARTICLE

ဂျက်စတင်မင်းဟိန်း(လိင်စိတ်ခံယူမှု့ကွဲပြားသူများသမဂ္ဂ-မန္တလေး)နှင့်တွေ့ဆုံမေးမြန်းခြင်း။

CoverLogo
1.5K Views

ဂျက်စတင်မင်းဟိန်း(လိင်စိတ်ခံယူမှု့ကွဲပြားသူများသမဂ္ဂ-မန္တလေး)နှင့်တွေ့ဆုံမေးမြန်းခြင်း။

လက်ရှိဖြစ်ပေါ်နေတဲ့မန္တလေးမြို့ပေါ်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေတဲ့မြေပြင်သပိတ်တွေရဲ့အခြေအနေနဲ့LGBTသပိတ်စစ်ကြောင်းတွေရဲ့အခြေအနေတွေအပေါ်ပြည်သူများသိသင့်တဲ့ အခြေအနေကို Myanmar Labour News အနေနဲ့  LGBT Union Mandalay မှ ကိုဂျက်စတင်မင်းဟိန်းနှင့်တွေဆုံမေးမြန်းကာကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

မေး - မန္တလေးမြေပြင်သပိတ်တွေ့ရဲ့လက်ရှိလှုပ်ရှားမှု့အခြေအနေဘယ်လိုရှိနေလဲ။

ဖြေ- လက်ရှိကမြေပြင်မှာသပိတ်တွေရှိနေအုံးမှာပဲ ကျတော်တို့ LGBTစစ်ကြောင်းဆိုအရင်က၂ခါဆိုပေမယ့်ခုတလတခါလောက်ပဲမြေပြင်အခြေအနေအရလှုပ်ရှားနိုင်တော့တယ် ဘာလို့လဲဆိုတော့သပိတ်မှာပါဝင်တဲ့သူတချို့လက်နက်ကိုင်တော်လှန်ရေးဖက်ကူးပြောင်းသွားတာမျိုးတွေရှိတယ် ပြီးတော့စစ်တပ်ကသပိတ်လုပ်ပြီးသွားရင်အဲ့နေရာကအိမ်တွေဝင်ရှာတာ ဝင်ဖမ်းတာတွေလုပ်လာတာတွေရှိလာတော့လုပ်ရတာနဲနဲကျပ်လာတဲ့သဘောလောက်တော့ရှိပေမယ့် သူတို့မှာလဲသူတို့ဗျူဟာရှိသလိုကျတော်တို့မှာလဲကျတော်တို့ဗျူဟာရှိပါတယ်။

မေး- သပိတ်တိုက်ပွဲတွေလုပ်တဲ့အခါမြေပြင်အခက်အခဲတွေအနေနဲ့ဘာတွေရှိနေလဲ။

ဖြေ-အိမ်အခက်အခဲရှိတယ်လို့တော့ပြောရမှာပဲ safe house ပေါ့နော် အကုန်လုံးကအိမ်ကဆင်းပြီးအလုပ်လုပ်နေရတာဆိုတော့၊ ပြီးတော့ safe house တိုင်းကလဲအရမ်းငှားလို့မရဘူး ဒလန်အိမ်လားစစ်တပ်ထောက်ခံတဲ့သူတွေလားဆိုတာချိန်ရသေးတယ်၊ ပြီးတော့ပွဲစားတွေကသပိတ်မှာပါတဲ့သူမှန်းသိရင်စျေးပိုတောင်းတယ် အိမ်ရှင်တွေကရောတသိန်းဆိုနှစ်သိန်းပေးနေရတာ ဒါပေမယ့်ဒီကာလမှာတော့မချစ်သော်လည်းအောင့်နမ်းနေရတာပေါ့ ဒီလူတွေကို၊ ပြီးတော့နောက်တခုကစားရေးသောက်ရေးကလဲတော်တော်အခက်အခဲရှိကြတယ်သပိတ်တိုက်ပွဲတွေမှာပါဝင်တဲ့သူတွေအားလုံး။

မေး-စစ်ကောင်စီကထောင်ချောက်ဆင်ဖမ်းဆီးတာတွေရှိလာတယ်ဆိုတော့လုံခြုံရေးအခြေအနေကအဆင်ပြေရဲ့လား။

ဖြေ- ဒါကတော့ဧပရယ်နောက်ပိုင်းမှာကြုံလာရတဲ့အခြေအနေပါ ကျတော်တို့ဆိုလဲသပိတ်မှာပါတဲ့ကလေးတယောက်ကိုမိသွားပြီးအိမ်လိုက်ပြခိုင်းလို့ပြေးခဲ့ရတာရှိတယ် ဒါမျိုးတွေရှိလာတော့ကိုယ့်လုံခြုံရေးအတွက်တော့ကိုယ်ပြင်ဆင်ထားရတာပေါ့။

မေး-တိုက်ပွဲတွေကလဲနောက်ပိုင်းပိုပြင်းထန်လာမှာဆိုတော့မြေပြင်သပိတ်တွေအနေနဲ့လှုပ်ရှားမှု့အခြေအနေကဘယ်လိုရှိလာမလဲ။
ဖြေ-တော်လှန်ရေးကရေချိန်မြင့်လာတယ် စကစဖက်ကလဲသူတို့ဗျူဟာအတိုင်းအတင်းဝင်ရှာတယ် ဖမ်းတယ်မြေပြင်မှာတော့လှုပ်ရှားရတာကျပ်တည်းလာတာအမှန်ပဲ တကယ်လို့စစ်ရေးအခြေအနေဒီ့ထက်ပိုပြင်းလာပြီဆိုရင် ကျတော်တဦးထဲသဘောဆန္ဒကတော့ထောက်ပို့ဖြစ်ဖြစ်လက်နက်ကိုင်ပြီးဝင်တိုက်တာပဲဖြစ်ဖြစ်လုပ်သွားမှာပါ။

မေး-လက်ရှိ LGBT တွေကိုစစ်ကောင်စီကစစ်​ကြော ရေးလိုနေရာတွေမှာအညှိုးထားနှိပ်စက်နေတာမျိုးတွေရှိနေတဲ့အပေါ်ဘာပြောချင်လဲ။

ဖြေ-သူတို့ပညာမတတ်လို့လုပ်နေတာလို့ပဲမြင်တယ်၊ အသိဉာဏ်ရှိတယ်ဆိုရင်ခုလိုစကစအောက်မှာကျွန်ခံနေမှာတောင်မဟုတ်ဖူးလို့ပြောရမယ်။သူတို့ကကျတော်တို့ LGBT တွေမှမဟုတ်ဖူး ဘာသာခြားတွေ ဘုန်းကြီးတွေကအစလိင်ပိုင်းဆိုင်ရာစော်ကားတာတွေလုပ်တာ ကျတော်တို့ကတော့ LGBT မှမဟုတ်ဖူး ဒီလိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု့တွေလုပ်လာပြီဆိုရင်ဘယ်သူ့ကိုမဆိုကန့်ကွက်သွားမယ်။

မေး- နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်အနေနဲ့ရောလိင်စိတ်ကွဲပြားမှု့ခံယူထာားသူတယောက်အနေနဲ့ရော ပြည်သူတွေကိုပေးချသ်တဲ့သတင်းစကားကဘာဖြစ်မလဲ။

ဖြေ- ကျတော်တို့ LGBT တွေအနေနဲ့ ခြောက်လဲမကြောက်ဖူး အခြောက်တရားမှာအကြောက်တရားမရှိဆိုတဲ့စကားအတိုင်းပဲစစ်အာဏာရှင်အမြစ်ပြတ်ရေးကို ဒုတ်ရရ ခဲရရ အဆုံးအထိတော်လှန်သွားမယ် ပြီးတော့ပြည်သူတွေကိုလဲကျတော်တို့ LGBT တွေအပေါ်ဒီကာလမှာရောတော်လှန်ရေးအလွန်ကာလတွေမှာရေ ာဒီ့ထက်ပိုနားလည်ပေးဖို့မျှော်လင့်တယ် တခြားသောLGBTတွေအနေနဲ့လဲဒီတိုက်ပွဲဟာစစ်အာဏာရှင်ကျဆုံးရေးတင်မကပဲငါတို့အပေါ်ပြည်သူတွေဒီံထက်ပိုပြီးအတွေးအမြင်ပြောင်းသွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ဒီ့ထက်ပိုပြီးပါဝင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက် Myanmar Labour News ကကျေးဇူးတင်ပါတယ်။

 


Related posts

Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
ILO လမ်းကြောင်းကနေ စစ်အုပ်စုကို အရေးယူမယ့်အရေး မေးမြန်းချက်
Mar 23, 2025
Cover
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အိုင်အယ်အို အစည်းအဝေးမှာ ဘယ်အချက်တွေ ဆုံးဖြတ်ခဲ့သလဲ။
Mar 21, 2025
Cover
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဘာတွေဆက်ဖြစ်မလဲ
Mar 14, 2025
Cover
ILO က စစ်တပ်ကို ဘာကြောင့် အရေးယူမှာလဲ
Feb 20, 2025