NEWS

ခွင့်ယူပါက တနင်္ဂနွေနေ့အတွက်ပါ လစာဖြတ်တောက်

CoverLogo
782 Views

တရုတ်နိုင်ငံသားပိုင် CHARlS Co.,Ltd မှာ အလုပ်ရှင်က တစ်ဖက်သတ် ဖွဲ့စည်းထားတဲ့ WCC ကို အသိအမှတ်ပြု လက်မှတ်ထိုးပေးဖို့ အလုပ်သမားတွေကို ဖိအားပေးတဲ့အပြင် ခွင်ယူပါက တနင်္ဂနွေနေ့ကိုပါ လစာဖြတ်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြသရဖီလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်မှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်ရှင်က ဖွဲ့ထားတဲ့ WCC ကို အသိအမှတ်ပြုရေး လုပ်ဆောင်နေပါတယ်။ 

 

အလုပ်သမားတွေက ကြေးရုပ်တွေ လုပ်ပေးရတာ ဖြစ်ပြီး လုပ်ငန်းခွင်တွင်းမှာ အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

 

“လုပ်ရတာကတော့ ကြေးရုပ်ထုတွေပါ၊ သတ္တုအရည်ကို ကြိုအအေးခံပြီး ဆေးမှုတ်ရတာပါ။ အလုပ်ရှင်က အလုပ် သမားတွေ မပေးနိုင်တဲ့စံချိန်ကိုလည်း တောင်းပါတယ်။ ပြီးခဲ့တဲ့နှစ် (၁၁) လပိုင်းတုန်းက အလုပ်သမားတွေ (၂၆) ရက်လောက် ဆန္ဒပြခဲ့တယ်။ ဒါပေမယ့် တောင်းဆိုချက်တွေ ဘာမှမရပါဘူး။ စကစနဲ့ အလုပ်သမားရုံးက လာဖြေ ရှင်းပေးတယ်။ အလုပ်ရှင်ဖက်က ငွေပေးလိုက်တော့ ဆန္ဒပြတဲ့ထဲက ဦးဆောင်သူ (၁၄) ယောက်ကို အလုပ်ထုတ် လိုက်တယ်။ ကျန်သူတွေကတော့ အလုပ်ထဲ ပြန်ဝင်ရပါတယ်။ အခုလည်း အလုပ်ရှင်က WCC ဖွဲ့တယ်။ အောစူပါ၊ စူပါတွေနဲ့ ရုံးပိုင်းက လူတွေပဲပါတယ်။ ပြောမယ်ဆို အလုပ်ရှင်ဖက်က ရွေးချယ်ထားတဲ့ WCC ခေါင်းဆောင်တွေကို အလုပ်သမားတွေကို လက်ခံတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးတော့ အောစူပါ၊ စူပါတွေက ခေါ် ပြောကြတယ်။ နောက်ပြီး လုပ်ငန်းခွင်ထဲကို မှော်ဘီမြို့နယ် အလုပ်သမားရုံးကလူတွေဆိုပြီး ရောက်လာတယ်။ သူ တို့ထဲမှာပါလာတဲ့ ဦးဝင်းသူဆိုတဲ့သူက နောက်တစ်ခါ ဆန္ဒပြရင် စက်ရုံသာပိတ်လိုက်တော့လို့ အလုပ်ရှင်ကို ပြော တယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

 

လုပ်ငန်းခွင်တွင်းမှာ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၇၈၀၀) ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀) ကျပ်သာ ပေးချေပြီး ဥပဒေပါ ခွင့်ခံစားခွင့်တွေကို မပေးတာကြောင့် အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး၊ ‌ထောက်ပံ့ကြေး၊ ရက်မှန်ကြေး ဖြတ်တောက်ခံရတဲ့အပြင် တနင်္ဂနွေနေ့အတွက်ပါ ပိုက်ဆံဖြတ်တောက်တာကြောင့် စုစုပေါင်း ကျပ် (၆၀၀၀၀)ထိ ဖြတ်တောက်ခံနေရတာပဲ ဖြစ်ပါတယ်။

 

“အလုပ်ထဲမှာ နေ့စားအလုပ်သမားတွေလည်း ရှိပါတယ်။ နေ့စားတွေကို တနင်္ဂနွေနေ့တွေလည်း အချိန်ပိုအိုတီ ဆင်းခိုင်းပြီး အချိန်ပိုအိုတီကြေး မပေးပါဘူး။ အလုပ်သမားတွေအတွက် စက်ရုံထဲမှာလည်း သောက်ရေမရှိတဲ့ နေ့က များလို့ ရေမသောက်ရတာက များပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

 

လုပ်ငန်းခွင်တွင်းမှာ အခွင့်အရေး ချိုးဖောက်ခံရတာတွေအတွက် အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်ကို ဆက်သွယ်အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

 

အလုပ်သမား တွေအနေနဲ့ ဥပဒေပါ ခွင့်ရက်တွေ ခံစားခွင့်ပေးဖို့၊ နေ့စားအလုပ်သမားတွေကို တနင်္ဂနွေ အချိန်ပိုအိုတီဆင်းခိုင်းရင် အချိန်ပိုကြေးပေးဖို့၊ သောက်သုံးရေ မပျက်အောင် ဆောင်ရွက်ပေးဖို့၊ အလုပ်ရှင်ဘက်က ရွေးချယ်ထားတဲ့ WCC ကို ဖြုတ်ချပေးဖို့နဲ့ အလုပ်သမားတွေကို အသိအမှတ်ပြုရေး ဖိအားပေး လက်မှတ်မထိုးခိုင်းဖို့၊ ခွင့်ယူပါက တနင်္ဂနွေနေ့ ကို ပိုက်ဆံမဖြတ်ဖို့ စတာတွေကို လိုလားနေတာပဲ ဖြစ်ပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026