NEWS

ခွင့်ခံစားခွင့်ပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုတွေကို တာဝန်ယူပေးဖို့ အလုပ်သမားတွေပြော

CoverLogo
1.5K Views

လုပ်ငန်းခွင်အတွင်းမှာ ထိခိုက်မှုတွေဖြစ်ပေါ်ပါက တာဝန်ယူဖြေရှင်းပေးတာမရှိလို့ အလုပ်ရှင်ဘက်ကနေ တာဝန်ယူပေးစေလိုတယ်လို့ MYANMAR Dixinda GARMENT CO,LTD စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် ပဒံရပ်ကွက် မှာ အလုပ်သမားအင်အား ၆၀၀ ကျော်နဲ့လည်ပတ်နေတဲ့ စက်ရုံမှာ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားပါက အလုပ်ရှင်ဘက်ကတာဝန်ယူပေးတာမရှိတာ ခွင့်ခံစားခွင့်မရတာ လူမှုဖူလုံရေးခွင့်တွေမရရှိတာတွေဖြစ်ပေါ်ခံစားနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ 
ဒါ့အပြင် အဆိုပါလုပ်ငန်းခွင်မှာ     FieldCore၊ AZUL၊ CORDURA အမှတ်တံဆိပ် ဆွဲသား အင်္ကျီ၊ ဘောင်းဘီတွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

"ဥပဒေပါ ခွင့်ခံစားခွင့် တွေဖြစ်တဲ့ ရှောင်တခင်ခွင့်တွေ ဆေးခွင့်တွေမရဘူးပေါ့နော် နေမကောင်းလို့ အလုပ်တစ်ရက်ပျက်ရင် ဒေးကြေး ၄၈၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၅၀၀၀ ဖြတ်တောက်ခံရတယ်"လို့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

လူမှုဖူလုံရေးကြေးပေးသွင်းရပြီး ဆေးခွင့်ယူပါက ရက်မှန်ကြေး ဒေးကြေး စတာတွေ ဖြတ်တောက်ခံရပြီး ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို လုပ်သက် ၆ လအထိ ဉပဒေပါ ခွင့်ခံစားခွင့်တွေ မပေးဘူးလို့ သိရပါတယ်။

ဆက်လက်ပြီးတော့ လုပ်ငန်းခွင်ထဲမှာ ထိခိုက်မှုတွေ ဖြစ်ပွားပါ အလုပ်ရှင်ဘက်က တာဝန်ယူမှုမရှိဘဲ အလုပ်သမားက ကိုယ့်နည်းလမ်းဖြင့်သာဖြေရှင်းရခြင်း EC စာချုပ်ချုပ်ဆိုထားပြီး စာချုပ်ပါ အချက်အလက်များနှင့် ကွဲလွဲသည့် စည်းကမ်းချက်များချမှတ်ကာ တစ်ဖက်သတ် ချမှတ်လုပ်ဆောင်နေတာရှိနေတယ်လို့ လည်း အလုပ်သမားတွေထံကသိရပါတယ်။

" အလုပ်ထဲမှာ ယောက်ကျားလေးတွေ ပုဆိုးမဝတ်ရဘူးလို့ စည်းကမ်းထုတ်ထားတယ် ပုဆိုးမဝတ်ရရင် ယူနီဖောင်း ထုတ်ပေးဆိုတော့လဲ မထုတ်ပေးဘူး အမြဲတမ်းချည်း ဘောင်းဘီဝတ်ဖို့ကျတော့ အဆင်မပြေဘူးလေ ဝတ်စေချင်ရင် ယူနီဖောင်းထုတ်ပေးတာမျိုးလုပ်ရမှာ မလုပ်ပေးဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်ဝတ်ခိုင်းနေတာ" လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားက ပြောဆိုပါတယ်။

အလုပ်ရှင်အနေနဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်းမှာ ဉပဒေပါ ခံစားခွင့်တွေပေးဖို့ လုပ်ငန်းခွင်ထိခိုက်တာတွေကို တာဝန်ယူဖြေရှင်းပေးဖို့ ချုပ်ဆိုထားသော ECစာချုပ်အတိုင်း လုပ်ဆောင်ရန်၊ စည်းကမ်းချက်များ တစ်ဖက်သတ်မချမှတ်ရန်တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews
 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026