NEWS

ချေးငွေကုမ္ပဏီထံမှ ငွေချေးယူခဲ့သည့် ကိစ္စဖြင့် အမျိုးသမီးဝန်ထမ်း ၁ ဦး အကြောင်းမဲ့အလုပ်ထုတ်ခံရ၊ နစ်နာကြေးရရှိလိုဟုဆို

CoverLogo
2.4K Views

"အလုပ်က ကိုယ့်ဘာသာကိုယ်ထွက်မှာလား ဒါမှမဟုတ် သူတို့ထုတ်ရမလား လို့ ထုတ်လုပ်ရေးပိုင်းနဲ့ ရုံးပိုင်း မန်နေဂျာကမေးတယ် ၊ ကိုယ့်ဘာသာ ထွက်မယ်ဆိုရင် တခြားစက်ရုံမှာလုပ်လို့ရမယ် ကိုယ့်ဘာသာမထွက်ဘူးဆိုရင် စက်ရုံမှာ  black List တင်ရမယ် အလုပ်သမားရုံးတွေမှာဓါတ်ပုံလိုက်ကပ်ရမယ်ဆိုပြီးတော့ ပြောတယ်၊ ကျမအနေနဲ့ကလည်း အခက်အခဲတွေရှိနေတော့ လက်မှတ်ထိုးခဲ့လိုက်ရတယ်" လို့ အလုပ်ထွက်ခဲ့ရတဲ့ အလုပ်သမားက ပြောပါတယ်။

ချေးငွေကုမ္ပဏီတစ်ခုမှ ငွေ ၃ သိန်းကျပ်ချေးယူခဲ့သည့်ကိစ္စဖြင့် ကုမ္ပဏီမှ အလုပ်သမားအမျိုးသမီးအလုပ်လုပ်ကိုင်သည့် စက်ရုံကို အကြောင်းကြားကာ အခြေအတင်ဖြစ်ပွားပြီးနောက်ပိုင်း စက်ရုံ၏ဂုဏ်သိက္ခာကျဆင်းသည်ဟုဆိုကာ အလုပ်မှ နုတ်ထွက်ရန် ဖိအားပေးခံရတဲ့အတွက် အလုပ်မှ နုတ်ထွက်ခဲ့ရပေမယ့် လုပ်ငန်းခွင်ဆိုင်ရာနစ်နာကြေး ဘာမှ မရရှိခဲ့ဘူးလို့ KingSrich Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားက ပြောဆိုပါတယ်။

ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၂ မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တဲ့ အဆိုပါစက်ရုံမှာ H&M၊ M&S စသည် အမှတ်တံဆိပ်များကိုချုပ်လုပ်တာဖြစ်ပြီး ယခုလို အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့အပေါ် တာဝန်ယူမှုမရှိဘဲ ယနေ့အချိန်ထိ နစ်နာကြေးရရှိခြင်းမရှိခဲ့တဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားကပြောပါတယ်။

"၅ လပိုင်းလောက်မှာ ချေးငွေဘဏ်က ချေးငွေပြန်ဆပ်ဖို့ နောက်ကျနေတာနဲ့ ပတ်သက်ပြီး  ဘဏ်ကစက်ရုံကိုဖုန်းဆက်ပြီး အချေအတင် ဖြစ်ခဲ့ကြတယ်၊ စက်ရုံဘက်က တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးပေါ့နော် စက်ရုံကို Black List တင်ရမယ် ဆိုပြီးအဲ့လောက်ထိဖြစ်သွားတာ အဲ့လိုဖြစ်သွားပြီးကတည်းက ကျမကိုခေါ်ပြီး ပြောတယ် ဖုန်းကလည်း ပျက်ပြီးဆိုင်ပို့နေရတာ စက်ရုံကိုဆက်လိမ့်မယ်မထင်ဘူး၊ စက်ရုံကလူတွေကိုငွေမချေးနိုင်တော့ဘူးလို့ပြောတော့ စက်ရုံသိက္ခာကျတယ်လို့ ပြောခံရတယ်။ ချေးငွေကို အချိန်မီလွှဲပေးဖို့ပြောလို့ လွှဲပေးလိုက်တယ်။ အဲ့တာကို စက်ရုံဘက်က အခုလို ဖိအားပေးပြီး လက်မှတ်ထိုးခိုင်းခဲ့တာ"လို့ အလုပ်ထုတ်နစ်နာကြေးရရှိလိုတဲ့ အလုပ်သမားက ပြောဆိုပါတယ်။

ချေးငွေပြန်ဆပ်ရန် ၂ ရက်ခန့်နောက်ကျသွားတဲ့အပေါ် ချေးငွေပေးသည့်ကုမ္ပဏီမှ ယင်းအလုပ်သမားအလုပ်လုပ်ကိုင်တဲ့စက်ရုံကို ဆက်သွယ်အကြောင်းကြားကာ အခြေအတင်ဖြစ်ပွားပြီး အလုပ်ထွက်ရန် ဖိအားပေးခံခဲ့ရတဲ့အတွက် ချေးငွေထပ်မံပေးသွင်းရင် အခက်အခဲဖြစ်သွားတယ်လို့ ဆိုပါတယ်။

"အလုပ်က မထွက်ချင်ဘဲနဲ့ သူတို့ရဲ့ ခြိမ်းခြောက်မှုကြောင့် အလုပ်ထွက်ခဲ့ရတာလေ သူတို့ပြောတာက ကိုယ့် သဘောနဲ့ကိုယ်ထွက်ရင် အပြင်မှာလုပ်စားလို့ရအုံးမယ်ပြောတော့ ကြောက်သွားပြီးတော့ လက်မှတ်ထိုးခဲ့ရတာ"လို့ အလုပ်ထွက်ခဲ့ရတဲ့ အလုပ်သမားက ပြောပါတယ်။

အလုပ်မှ နုတ်ထွက်ခဲ့ရပြီးနောက်ပိုင်း အလုပ်ရှာရခက်ခဲသလို ချေးငွေရယူရန်ပါ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ ယင်းအနေနဲ့ လုပ်သက် ၄ နှစ်နဲ့  နို့တစ်ကြေးအပါ စုစုပေါင်း ၅ လစာအတွက် အလုပ်ထုတ်နစ်နာကြေး  ၂၅ သိန်းကျပ် ရရှိလိုတယ်လို့ ဆိုပါတယ်။

"အတိုးနဲ့ချေးရတာတွေရှိတယ် ကုန်ဈေးနှုန်းက အဆမတန်တက် ကားခမရှိတော့လို့ လမ်းလျှောက်သွားခဲ့ရတာတွေတောင်ရှိတယ်။ ၄ နှစ်တောင်ပေးဆပ်ခဲ့ရတာလေ အခုဒုက္ခရောက်နေရပြီ။" လို့ ယင်းကပြောဆိုပါတယ်။

အလုပ်ထုတ်ခံရမှုအတွက်  ဉပဒေနှင့်အညီနစ်နာကြေးတောင်း ဆိုမှုအပေါ် စက်ရုံမှာ  ချုပ်လုပ်နေတဲ့ နိုင်ငံတကာ အမှတ်တံဆိပ် ဖြစ်တဲ့ H&M တာဝန်ရှိသူကိုလဲ ဆက်သွယ်အကြောင်းကြားထားပြီး အလုပ်ရှင်အနေနဲ့ချိုးဖောက်မှုရှိ၊ မရှိဆိုတာကို အကြောင်းပြန်ကြားခြင်းမရှိဘဲ  H&M တာ၀န်ရှိသူ အနေဖြင့် ၎င်းအလုပ်ထုတ်မှုအပေါ် တွင် အမှန်တိုင်းဆောင်ရွက်ပေးစေချင်တယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားက ပြောဆိုပါတယ်။

"အရင်တုန်းကဆို အလုပ်သမားတွေဘက်က ရပ်တည်ပေးမယ့် အဖွဲ့တွေ လူတွေရှိတယ်  မကျေနပ်လို့ သွားတိုင်လို့ ဖြေရှင်းရရင် တပတ်လောက်ပဲ ပေါ့နော် အမှန်တိုင်းနစ်နာကြေးရတာတွေရှိတယ် ခုနောက်ပိုင်း စက်ရုံတော်တော်များများက အရင်နဲ့လုံးဝမတူတော့ဘူး အာဝါတီဆိုရင် အရင် ၂၀၀ ဆို အခု ၄၀၀ တောင်းတယ် ကျမဆို စူပါ ရာထူးပေါ့ အပေါ်က ပြောဆိုတာခံရတာ အဆင့်ဆင့်ပေါ့ ၊ အခုဆို အဲ့စက်ရုံကထွက်ပြီး ၅ ရုံလောက်ရှိနေပြီ ဒီလိုပုံစံအတိုင်းပဲသွားနေကြတာ ကျမတို့ အလုပ်သမားတွေမှာကူရာမဲ့ဖြစ်နေတာ လုပ်ချင်လုပ် မလုပ်နိုင်ရင်ထွက် တိုင်ချင်တဲ့နေရာတိုင် ပုံစံကိုဖြစ်နေတာ စိတ်ထဲမှာတော့ နစ်နာကြေးကို ရတဲ့အထိ ဆက်သွားမယ်လို့ ဆုံးဖြတ်ထားတယ် အလုပ်သမားတွေချိုးဖောက်မှုခံရတိုင်း ဘာရပိုင်ခွင့်မှ မရှိပါဘူးဆိုပြီး စိတ်ဓါတ်ကျသွားမယ့်အလုပ်သမားတွေနည်းသွားအောင် ဆက်သွားပါမယ်။ လို့ ယင်းက ဆက်လက်ပြောဆိုပါတယ်။

MyanmarLabourNews

 

 

 

 

 


                                                                      


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026