NEWS

ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အလုပ်မှ ထုတ်ပယ်နေလို့ အလုပ်အကိုင်အာမခံချက်မရှိဘဲ လုပ်ကိုင်နေရ

CoverLogo
641 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်မှာဖွင့်လှစ်လုပ်ကိုင်နေတဲ့ SAFETY CLOTHING အထည်ချုပ်စက်ရုံမှာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အလုပ်မှ မကြာခဏထုတ်ပယ်နေတာကြောင့် အလုပ်အကိုင်အာမခံချက်မရှိဘဲ စိုးရိမ်မှုတွေနဲ့ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အဆိုပါ စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၂၀၀ ကျော်နဲ့ Vis Team, ROLYWRE စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာပါ။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ပြောပါတယ်။

အလုပ်ချိန်သတ်မှတ်ချက်အနေနဲ့ နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ ထိ လုပ်ကိုင်ရပြီး စက်ရုံဖွင့်လှစ်တာ ၂ လကျော်သာရှိသေးတယ်လို့ ဆိုပါတယ်။

ပေးချေတဲ့နှုန်းထားကတော့ စက်ချုပ်အလုပ်သမားတွေကို ဒေးကြေး ၄၈၀၀ ကျပ် + ၃၀၀၀ စုစုပေါင်း ၇၈၀၀ ကျပ် ရက်မှန်ကြေး ၇၀၀၀၀ ကျပ် နဲ့ အထည်တစ်ကတ်ကြေးပေးချေပြီး အလုပ်တရက် ပျက်ပါက ရက်မှန်ကြေး ၃၀၀၀၀ ကျပ် နဲ့ ဒေးကြေး ဖြတ်တောက်ခံရတာကြောင့် စုစုပေါင်း ၃၇၈၀၀ ကျပ်ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

အခြားအလုပ်သမားတွေကတော့ စက်ချုပ်အလုပ်သမားတွေထက် လျှော့နည်းပြီး တရက် အလုပ်ပျက်ပါက အလားတူဖြတ်တောက်ခံရတာကြောင့် နစ်နာမှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုအနေနဲ့ အလုပ်ခွင်အတွင်း ခိုင်လုံတဲ့အကြောင်းပြချက်မရှိ ကြိုတင်နို့တစ်ပေးတာမရှိဘဲ အလုပ်မှထုတ်ပယ်နေတာဖြစ်ပြီး မကြာခဏ အလုပ်ကနေ ထုတ်ပယ်နေတာကြောင့် အလုပ်လုပ်ကိုင်ရာမှာ စိုးရိမ်မှုတွေနဲ့ လုပ်ဆောင်နေရတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။ 

“စက်ရုံထဲမှာ နေ့စားသမားတွေလည်း ခေါ်ပါတယ် ဒေးကြေး ကို ၆၈၀၀ ကျပ်နဲ့ရှင်းတယ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ အလုပ်ဆင်းရတယ်ဆို အချိန်ပိုကြေးမပေးဘဲ ခိုင်းပါတယ် အသက်မပြည့်သေးတဲ့ လူရွယ်တွေ ကို ဆရာဝန်ထောက်ခံချက်မပါဘဲ ခိုင်းသလို အချိန်ပိုကြေးမပေးဘဲ ခိုင်းပြီး အလုပ်ကနေ ထုတ်ချင်သလိုထုတ်နေပါတယ်”လို့ လုပ်ငန်းခွင်ထဲက အလုပ်သမားကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ ချုပ်လုပ်ရတဲ့အထည်စံချိန်ကို အလုပ်သမားတွေချုပ်လုပ်နိုင်တာထက် ပိုတောင်းပြီး မရပါက ဆဲဆိုခိုင်းစေတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ 

“သူတို့တောင်းတဲ့စံချိန်မရရင် အလုပ်ထဲကနေ ထွက်သွား ကြိုက်တဲ့နေရာတိုင်ဆိုပြီးပြောတာပါ သူတို့မကြိုက်တဲ့ အလုပ်သမားဆိုလည်း ချက်ချင်းအလုပ်ကနေထုတ်တာပါ စက်ရုံဖွင့်ထားတာမကြာသေးတော့ ဘာခွင့်ခံစားခွင့်မှလည်းမရဘူး နေထိုင်မကောင်းလို့ ခွင့်ယူရင် ခွင့်မဲ့ပဲရတယ်”လို့ အလုပ်သမားကပြောဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ သောက်သုံးရေ မသန့်ရှင်းတာ ဆေးပေးခန်းမှာ ဆေးဝါးလုံလောက်အောင်မရှိတာတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ 

အဆိုပါ အလုပ်သမားတွေအနေနဲ့ အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေက မြန်မာနိူင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် IWFM ကိုလည်း တိုင်ကြားထားပါတယ်။ 

အလုပ်သမားတောင်းဆိုချက်တွေအနေနဲ့ 
၁။ အလုပ်သမားများကို အကြောင်းပြချက်မရှိ ၊ မခိုင်လုံပဲ အလုပ်မှ ထုတ်ပယ်ခြင်းမပြုရန်။
၂။ အလုပ်ထုတ်ခံရသူများကို အလုပ်ပြန်ခန့်ရန်။
၃။ သောက်ရေကို ရေသန့်ဝယ်တိုက်ရန်။
၄။ နေ့စားအလုပ်သမားများကို အများနည်တူ ခံစားခွင့်ပေးရန်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်များအတွက် အချိန်ပိုကြေးကို ဘက်ဒိတ်ဖြင့် တွက်ချက်ပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကပြောပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026