NEWS

ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား

CoverLogo
15 Views
 
စက်ရုံမှူး အနိုင်ကျင့်စော်ကားမှုတွေကို တိုင်ချင်လို့ပါဗျ။
 
မှော်ဘီမြို့၊မြောင်းတကာစက်မှုဇုန်၊ကြေးအိုးကြီးအင်ဂျင်ဝိုင်စက်ရုံမှာပါ။ကျွန်တော် စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ကလာအတွင်းမှာ စက်ရုံမှူးက ဝန်ထမ်းတွေ အပေါ် အနိုင်ကျင့် စော်ကားတာ မှန်သမျှ သိလည်းသိ၊ မြင်လည်းမြင်၊ ကိုယ်တိုင်လည်းခံခဲ့ရလို့ပါဗျ။
 
ကျွန်တော်ဆို ကိုယ်ထိလက်ရောက်ပါ အနိုင်ကျင့်ခံခဲ့ရပါတယ်။ပြီးခဲ့တဲ မတ် ၉ ရက် မနက်ပိုင်းမှာ ကျွန်တော့် ကို ဆံပင်ဆွဲ ဆူပူ ကြိမ်းမောင်းတာ ခံခဲ့ရလို့ပါဗျ။
 
ကျွန်တော်တင် မဟုတ်ဘဲ ကျွန်တော့် လက်အောက်မှာ ရှိတဲ့ ဝန်းထမ်းငယ်တွေကို မအေ နှမ သားချင်းကိုယ်ချင်းမစာ မနာ ဆဲဆို ကြိမ်းမောင်းတယ်။
 
ကျွန်တော် တစ်ယောက်ထဲ ဖြစ်တဲ့ ကိစ္စ မဟုတ်ပါ ဘူးဗျ။ စက်ရုံမှာရှိ တဲ့ ဝန်ထမ်း အားလုံးနီးပါး ထိုသို့ အနိုင်ကျင့်စော်ကားခံ ရပါတယ်ဗျ။
 
ကျွန်တော့် မိဘတွေက အစ မကျေနပ် ကြဘူးဗျ။ကျွန်တော်ကိုယ်တိုင်လဲ မကျေနပ်လို့ပါဗျ။ ကျွန်တော် တစ်ယောက်တည်း ဖြစ်ခဲ့တဲ့ ကိစ္စ မဟုတ်တဲ့အတွက် ဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ဖို့ Myanmar Labour New မှ ကူညီ ပေးစေချင်ပါတယ်ဗျ။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026