NEWS

ကျင်းမိန် စက်ရုံ အချိန်ပိုမဆင်းသည့် အလုပ်သမားအား ဝိမ်တိန်ထိုးခိုင်း

CoverLogo
290 Views
ကျင်မိန် စက်ရုံကပါ ။ စက်ရုံက တရုတ်နိုင်ငံ ၊ မန်စီမြို့မှာ ပါ။
စက်ရုံ က အချိန်ပိုကို ရက်ခြား ည၉ နာရီအထိ ဆင်းရမယ်ပြောပြိး အခု ဆက်တိုက် ည ၉ နာရီအထိ နေတိုင်း အချိန်ပို ဆင်းနေရပါတယ်။
ငလျှင်လှုပ်တဲ့နေ့ကဆို ည ၉ ခွဲမှာ အလုပ်ဆင်းပါတယ်။
အထည်စံချိန်တောင်းတာတွေက လွန်လိုးလို့ပါ ။ လိုင်းချိန်းတာ နှစ်ရပ်ပဲ ရှိသေးတာကို တနာရီကို ၆၅ ကနေ ၇၀ အထိတောင်းတာပါ။
အောစူပါက အချိန် အိုတိမဆင်းရင် ဝမ်တိန်ထိုးခိုင်းပါတယ်။ ပြောရမယ်ဆို ဝမ်တိန်တိုးရတဲ့ အလုပ်သမားတွေလည်း မနည်းတော့ဘူး။ သူများနိုင်ငံမှာ လုပ်နေရတာဆိုတော့၊ အလုပ်လည်း အလွယ်တကူပြောင်းလို့ရတာ မဟုတ်တော့ အရမ်းကို ဝမ်းနည်းရတယ်။
ငလျှင်လှုပ်လို့ အလုပ်မဆင်းနိုင်တဲ့ အလုပ်သမားတွေကို မြန်မာပြည် ပြန်ပိ့်မယ်ဆိုပြီး မီတင်မှာ ခြိမ်းခြောက်ကြပါတယ်။ ငလျင်လှုပ်ပြီး နောက်တနေ့ အလုပ်မဆင်းနိုင်တဲ့သူ နှစ်ယောက် အလုပ်ဖြုတ် ပါတယ် ။ ည ၉ ခွဲ နေ့တိုင်း မလုပ်နိုင်တော့ဘူး၊ အခုလည်း အပြင်ထွက်အိပ်နေရတာပါ။
အထည်စံချိန်တွေ မရမှာကြောင့် အိပ်ရေးလည်း ဝဝ မအိပ်နိုင်တော့ဘူး။ အလုပ်တွေဘာတွေ ဖြစ်တဲ့ အထိ ဖြစ်လာတော့ စိုးရိမ်မိတာပါ။
ထမင်ကျွးတာတွေ အဆင်မပြေတာကို ခဏထားဦး။ လက်ဆေးတာအဆင်မပြေတော့ ရှိနေရာဆေးရင် ယွမ် ၂၀ ဖြတ်မယ်ဆိုပြီး HR က ပြောပါတယ်။
အလုပ်သမားရုံးသွားပြောရင် အလုပ်ဖြုတ်မှာ ကြောက်ရပါတယ်။
ရိုးရိုးနေမကောင်းလို့ ရက်ပျက်ရင် ထမင်းဖိုး၊ အခန်းခ၊ ဒေးကြေး၊ ရက်မှန်ကြေးနဲ့ ဂရိတ်ကြေးတွေ ပြုတ်ပါတယ်။
နေမကောင်းရင်တောင် မနားရဲပါဘူး။
အထည်စံချိန်ပြည့်မှာ အခန်းပြန်ရမယ်ဆိုပြီး စူပါတွေ၊ အောစူပါတွေက ပြောပါတယ်။ ၆၅ /၇၀ ဆိုတဲ့ စံချိန် ပြည့်ဖို့က အတော်ကို မလွယ်တာပါ။ ဒီကြားထဲ အဆဲခံရပါတယ်။ ည ၉ ခွဲအထိ ဆင်းတာကို ကိုယ့်သဘောနဲ့ ကိုယ် ဆင်းပါတယ်ဆိုပြီး လက်မှတ်ကို အတင်းထိုးခိုင်းပါတယ်။
အချိန်ပိုကို မဆင်းလို့မရဘူးဆိုပြီး ပြောထားတာပါ။
တနင်္ဂနွေတွေ အရင်တုန်းက ပိတ်ပေးပါတယ်။ အခုတော့ မပိတ်တော့ဘူး။ စံချိန်မပြည့်လို့ဆိုပြီး ဆင်းခိုင်းပါတယ်။ အခုဆို စံချိန် ပြည့် လည်းဆင်းရ၊ မပြည့်လည်း ဆင်းနေရတာပါ။
အချိန်ပိုတွေ လုပ်နေရလည်း လုပ်ခမရပါဘူး။ အချိန်ပို မဆင်းရင် နောက်မနက် မီတင်မှာ သတိပေးလက်မှက် ဝမ်တိန်ထိုးရပါတယ်။
စက်ရုံက မနက်၇နာရီ ၄၅ မှာ အလုပ်ဝင်ရပါတယ်။ နေ့လယ် ၁၂ နာရီမှာ ထမင်းစားရပါတယ်။ ထမင်းစားနားတာက ၄၅ မိနစ်ပါ။ အခုတော့ နေလည် ထမင်းစားချိန် နာရီဝတ်ပဲ ရပါတယ်။
စက်ရုံရဲ့ အခြေခံလစာက ယွမ် ၁၄၄၀ ၊ စံချိန်မပြည့်တဲ့သူတွေဆို ယွမ် ၈၀၀ လောက်ပဲ ရတာမျိုး ရှိပါတယ်။ တချို့လည်း ၁၇၀၀ လောက်အထိရပါတယ်။
လစာထဲက မူဆယ်လာစာရိတ်တွေတော့ ဖြတ်ပါတယ်။ ကုန်ကျစာရိတ်ကတော့ ပွဲစားပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ညီမတော့ အကြွေးတွေ မကျေသေးပါဘူး။
အချိန်ပိုတွေ ခေါ်နေတာက နေတိုင်းက ကျန်းမာရေးတွေ ခြူခြာကြပါတယ်။ အချိန်ပိုလုပ်ခမရဘဲ လုပ်ရတော့ ညီမတို့လည်း အိမ်ကို ခုနှစ်သိန်း ဝန်းကျင်ပဲ ပြန်ပို့နိုင်ပါတယ်။

Related posts

Cover
ထိုင်းသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်သာလာရောက်ကြရန် စစ်ကောင်စီအလုပ်သမားသံရုံး အသိပေး
Feb 26, 2026
Cover
၂နှစ်အတွင်း ပြည်ပတွင် အဖမ်းခံရသည့် မြန်မာ နိုင်ငံသား ၁၇၀၀၀နီးပါးရှိ
Feb 26, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
မြန်မာလုပ်သား ၅၀ ကျော် တင်ဆောင်လာသည့်ကား ရဲဖမ်းခံရမည်စိုး၍ မောင်းပြေးရာ တိမ်းမှောက်ပြီး လူအများအပြားဒဏ်ရာ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကြန့်ကြာမှုကြောင့် ခွင့်ပြန်လုပ်သားများ အခက်တွေ့နေ
Feb 25, 2026
Cover
ပွဲစားခ ဘတ် ၁၃၀၀၀ ပေးရပြီး ကားအနောက်ခန်းတွင် ကြပ်ညှပ်စွာ ပုန်းအောင်းလိုက်ပါလာရသည့် မြန်မာလုပ်သား ၁၄ ဦးအဖမ်းခံရ
Feb 25, 2026