NEWS

ကျင်မိန့်စက်ရုံ အလုပ်သမားများ ပေးစာ (အမှတ် ၂)

CoverLogo
707 Views
မန်စီမြို့၊ ကျင်မိန့်စက်ရုံကပါ ။
ပထမ တစ်ခါ သတင်းတင်တော့၊ စက်ရုံကို အလုပ်သမားအဖွဲ့က တာဝန်ရှိသူတွေ ရောက်လာပါတယ်။
အဲနေ့က အလုပ်သမားတွေ အဆင်မပြေဖြစ်ရင် လိုင်းပေါ မတင်ပါနဲ့လို့ ပြောသွားတယ်။
တခုခုဖြစ်ရင် သူတို့နဲညှိနှိုင်းလို့ ပြောသွားပါတယ်။ အခုတော့ နဂိုအတိုင်းပဲ အဆင်မပြေတော့ဘူး။
အလုပ်သမားတွေ နစ်နာတာကို လိုင်းပေါ်မတင်ရင် စက်ရုံဘက်က ပိုဆိုးမှာ၊ အလုပ်သမားတွေ ခံစားနေရတာကို ဘယ်သူ သိမှာလဲ။
တိုင်လို့ရှိရင် အလုပ်ပြုတ်မှာဆိုတော့ မတိုင်ရဲကြဘူး။ စက်ရုံဘက်က လုပ်ဆောင်ချက်တွေက အလုပ်သမားတွေ အတွက် အဆင်မပြေဘူး ။
ထမင်းစားတာက အစ အဆင်မပြေဘူး။ လက်ဆေး၊ ပန်ကန်ဆေး ပို့တောင် နေရာ အလုံအလောက်မရှိဘူး။
လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို တနာရီကို ၅ဝ တောင်းတယ်။ အခုနောက်ပိုင်းဆို ၆၀ ချုပ်ရတယ် ။
အလုပ်သမားအဖွဲ့တွေ စက်ရုံကို လာစစ်တော့ တနင်္ဂနွေနေ့ကို ပိတ်ပေးမယ်ဆိုပြီး၊ အခုတော့ မပိတ်ပေးတောဘူး။ မဖြစ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းတာက လိုင်းသားတွေအတွက် အဆင်မပြေဘူး ။
ပြီးတော့ ဂရိတ်ကြေးကိုခွဲခြားပေးပါတယ်။ လစာလည်း မကောင်းပါဘူး၊ စံချိန်တောင်းတာလည်း မတူပါဘူး။ ပြောတော့ အပတ်တိုင်း တနင်္ဂနွေ ပိတ်ပေးမယ် ပြောထားပြီး စက်ရုံက စကားမတည်ပါဘူး ။
အထည်စံချိန်မပြည့်ရင် အချိန်ပို အိုတီကြေးမရဘဲ ညနက် ၁၁ ၊ ၁၂ နာရီအထိ ဆင်းရပါတယ်။ အလုပ်သမားတွေ အိပ်ရေးမဝတော့ မျက်တွင်း ဟောက်ပတ်နဲ့ အဆင်မပြေဖြစ်ရတယ်။ နေမကောင်းတာတောင် မဖြစ်မနေ ဆင်းရတယ်။ နောက် အိုတီကြေးမရဘဲ ဘယ်အလုပ်သမား မှ မလုပ်ချင်ကြဘူး။
အိုတိမဆင်းတာနဲ့ ၁၀၀ ဖြတ်မယ်လို့ အောစူပါက ပြောတယ်။ တရုတ်ဆရာတွေ မသိဘူး။ အောစူပါ၊ စူပါနဲ့ စကားပြန်တွေကလည်း ဆဲကြတယ်။ ညနက် အချိန်ပို အိုတီတွေ ဆင်းနေရတာက အဆင်မပြေဘူး ။
အထည်စံချိန်မပြည့်ဘူး ဆိုရင် ပြန်လို့မရဘူး။
စက်ရုံက စနေတွေ၊ တနင်္ဂနွေ ဆိုတာတွေကို သူတို့မသိဘူး။ ပုံမှန်ဆို ၆ နာရီခွဲဆို ပြန်လွှတ်တယ်။ အခုတော့ အထည်စံချိန်မပြည့်ဆိုတာနဲ့ မပြန်ရတာပါ။
အလုပ်သမားအဖွဲ့က တာဝန်ရှိသူတွေ ပြောထားတဲ့ စကားကို တည်စေချင်တာပါ။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026