NEWS

က​လေးလုပ်သားများခိုင်းစေနေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်နေ

CoverLogo
577 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊   ခြံအမှတ်(-)၊ စက်မှုဇုန်(၂)၊ မင်းသားကြီးမောင်ပျိုလမ်း၊ဗိုလ်ချုပ်လမ်းမကြီးနားတွင်ဖွင့်လှစ်ထားသော New TOP LOTUS CO, LTD စက်ရုံဟာ ကလေးလုပ်သားများကိုပါခိုင်းစေနေပြီးအလုပ်သမားအခွင့်အရေးချိုးဖောက်နေတယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ  အလုပ်သမား (၁၀၀၀)ကျော်ဖြင့် COLIN’S တံဆိပ် အနွေးထည်ဂျာကင်များချုပ်လုပ်နေတဲ့ အလုပ်သမား သမဂ္ဂမရှိတဲ့စက်ရုံလည်းဖြစ်ပါတယ်။ 

စက်ရုံအလုပ်သမားတွေထဲမှာ  လုပ်ငန်းခွင်မှာအလုပ်လုပ်ကိုင်ရမယ့် အသက် အရွယ်မပြည့်သောလူငယ်၊လူရွယ် အလုပ်သမား(၅၀)ကျော်အထိရှိနေကာကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်မပါဘဲ လူကြီးအလုပ်သမား များနှင့်လည်းတန်းးတူခိုင်းစေနေတာလို့  သိရပါတယ်။ 

အခွင့်အရေးချိုးဖောက်မှုအနေနဲ့  အလုပ်သမားများခံစားခွင့်ရှိတဲ့ဥပဒေပါအခွင့်အရေးများကိုမပေးခြင်း၊ အလုပ်သမားများရက်ပျက်လျင် ရှောင်တခင်ခွင့်တိုင်းကြား လျင်လည်း ရှောင်တခင်ခွင့်ကို အလုပ်ရှင်ဘက်မှမပေးပါဘူးလို့ တရားဝင်ပြောထားခြင်း၊ နေထိုင်မကောင်း ဖြစ်လျှင်လူမှုဖူလုံးရေးဆေးခွင့်ကို(၃)ရက်ပဲပေးမည်ပြောသည့်အပြင် ဆေးခွင့်ဖြင့်ရက်ပျက်လျင်လည်းအ လုပ်သမားလစာထဲမှ ပိုက်ဆံဖြတ်တောက်ခြင်း၊ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသောရှောင်တ ခင်ခွင့်၊ ဆေးခွင့်များမပေးခြင်းအတွက် ဒေးကြေး+ထောက်ပံ့ကြေး(၇၈၀၀)ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀) ကျပ် ၊ကျွမ်းကျင်ကြေးပါ  ဖြတ်တောက်ခံနေရခြင်းတွေ ကြောင့်အလုပ်သမားများမှာ နစ်နာမှုရှိနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲတွင် အထည်စံချိန်များကို မတရားတောင်း ခံပြီး  စက်လိုင်းတစ်လိုင်းကိုလူဦးရေ ၉၀ ကျော်ရှိပြီး တစ်နာရီအထည်၃၅ပေးရတယ်လို့ ပြောပါတယ်။

" အလုပ်ရှင်ဘက်ကမတရားတောင်းခံတဲ့အထည်စံချိန်ကို ပြည့်မီအောင်မပေးနိုင်တဲ့ အလုပ်သမားတွေကို အောစူပါ၊ စူပါတွေကအော်ဟစ် ဆဲဆိုတာတွေ နေ့တိုင်းလုပ်တာ။ အထည်စံချိန်တောင်းခံတာကများတော့ အလုပ်ရှင်က တောင်းတဲ့စံချိန်အရေအတွက်ပြည့်ဖို့ခက်တော့ အလုပ်သမားတွေက  အိမ်သာမသွား ရေမသောက်ပဲချုပ်ရတယ်။ ဒါလည်း  စံချိန်ပြည့်ဖို့ခက်တယ်။  အလုပ်သမားတွေက အဆဲဆိုမခံချင်တော့ အသဲသန်ချုပ်ပေးရတယ်" လို့ အလုပ်သမားက ပြောဆိုပါတယ်။ 

စက်ရုံလုပ်ငန်းရှင်ဟာဒေးကြေး+ထောက်ပံ့ကြေး(၇၈၀၀)ကျပ်ပေးပြီး အလုပ်ပိတ်ရက်ကို(၆၈၀၀)ကျပ်ဖြင့်ပေးကာ ရက်မှန်ကြေး(၃၀၀၀၀)ကျပ်ကိုတော့ Hp ကိုရက်မှန်ကြေးမပေးထားခြင်း၊ HPအလုပ်သမားများလည်း ၎င်းစက်ရုံ၏တစ်မိုးအောက်ထဲ အလုပ်အတူတူလုပ်ရခြင်း၊ အလုပ်ရှင်တောင်းသော စံချိန်ကိုပေးရချင်းအတူရက်မှန်ကြေးကိုခွဲခြားပြီးပေးနေတာကြောင့် နစ်နာနေရတယ်လို့ ပြောပါတယ်။

" စက်ရုံက ရုံ၁ ရုံ၂ ဆိုပြီး ၂ရုံတွဲရှိတယ်။ အလုပ်သမား​တွေအတွက် ဖယ်ရီးကားပုံမှန်မရှိဘူး။  ဖယ်ရီကားစီးရတာ မနက်ညလူအရမ်းကျပ်ပြီး ဗိုလ်ချုပ်ဘက်ကအလုပ် သမားအများ စုကားမဆန့်လို့ လမ်းလျှောက်ရတာများတယ်" လို့ ဆိုပါတယ်။ 

အဲ့ဒီလိုအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် အလုပ်သမားများဟာ ၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်ပြုရန်၊ ၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများဖယ်ရီကား ကြပ်တည်းစွာစီးနေရခြင်းကို ဆောင်ရွက်ပေးရန်။ ၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်န်ုင်သော စံချိန်ကိုတောင်းခံရန်။၄။ အလုပ်ရှင်ဘက်မှ အော်စူပါ၊ စူပါတွေက အထည်စံချိန်တောင်းခံရာတွင် အော်ဟစ် ဆဲဆိုခြင်းများ မပြုလုပ်ရန်စတဲ့ တောင်းဆိုချက်တွေကိုဖြေရှင်းပေးစေလိုတယ်လို့ ပြောဆိုပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026