NEWS

ZARA အမှတ်တံဆိပ်ချုပ်စက်ရုံမှာ အချိန်ပိုကြေးမပေးဘဲအလုပ်ခိုင်း၊ ခွင့်ခံစားခွင့်မရှိဘဲ လုပ်ကိုင်နေရ

CoverLogo
926 Views

နိုင်ငံတကာအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ZARA အမှတ်တံဆိပ်အဝတ်အထည်တွေချုပ်လုပ်တဲ့စက်ရုံမှာ ညဘက်တွေအချိန်ပိုကြေးမပေးဘဲ အခမဲ့ဆင်းခိုင်းနေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ Kamcaine MFG (Myanmar) Co,LTD အထည်ချုပ်စက်ရုံလုပ်သားတွေကပြောပါတယ်။

အဆိုပါ Kamcaine MFG (Myanmar) Co,LTD  စက်ရုံဟာ လှိုင်သာယာစက်မှုဇုန် ၂ ဦးရေပေါလမ်းမှာဖွင့်လှစ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်ကာ အလုပ်သမား ၆၀၀ ဝန်းကျင်နဲ့ လည်ပတ်လုပ်ကိုင်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်တက်ချိန်က နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ ထိဖြစ်ပြီး ညဘက် ၇ နာရီကနေ ၉ နာရီအထိ အလုပ်လုပ်ကိုင်ရပေမဲ့ အချိန်ပိုကြေးရှင်းပေးတာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် အလုပ်သမားဥပဒေပါခံစားခွင့်ဖြစ်တဲ့ ရှောင်တခင်ခွင့် ဆေးခွင့်တွေကို ခံစားခွင့်မပေးဘဲ အကြောင်းကြောင်းကြောင့် တရက်ပျက်ပါက ခွင့်မပေးဘဲ ဒေးကြေး ၅၆၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ် စုစုပေါင်း ၂၅၆၀၀ ကျပ် ဖြတ်တောက်ခံရတာလို့ ဆိုပါတယ်။

"ဒါကအလုပ်သမားအတွက် အရမ်းနစ်နာပါတယ်ခွင့်ခံစားခွင့်က ဥပဒေအရကို ရရမှာလေ ဒါကိုတောင်မရဘူး"လို့ အလုပ်သမားကပြောဆိုပါတယ်။

ထပ်မံပြီး လုပ်ငန်းခွင်ထဲမှာ စံချိန်တောင်းခံရာမှာ စက်လိုင်းတစ်လိုင်းလျှင် လူ ၄၀ ကျော်ရှိပြီး လိုင်းပေါက်အထည် ၂၈၀ ကနေ ၃၅၀ အထိတောင်းခံတာလို့ ဆိုပါတယ်။ အခုလို တောင်းဆိုထားတဲ့စံချိန်မပြည့်ပါက အလုပ်ရှင်ကို ပိုက်ဆံပြန်အမ်းပေးရတယ်လို့ ဆိုပါတယ်။

"တစ်နေ့စာစံချိန်မရရင် မရတဲ့ စက်လိုင်းက အလုပ်ရှင်ကို ပိုက်ဆံပြန်အမ်းရတယ် အရင်ကတော့ စူပါတွေက ပြန်ပေးရတာ ခုနောက်ပိုင်းတော့ အလုပ်သမားတွေကပါ စုပြီးပေးရတာ တချို့ဆို ၈ သောင်း တချို့ ဆို ၁ သိန်းထိ ပေးရတာရှိတယ်"လို့ အလုပ်သမားကရှင်းပြပါတယ်။

ယင်းအခြေအနေများကြောင့် အလုပ်သမားတွေက စံချိန်ကို ရေမသောက် အိမ်သာမသွားဘဲ အသဲအသန်ချုပ်ဖို့ ကြိုးစားနေရပြီး စူပါများကလည်း စံချိန်ပြည့်စေရန် အော်ဟစ် ဆဲဆိုပြီး နားမခံသာအောင် ခြိမ်းခြောက်ခိုင်းစေနေတယ်လို့ ဆိုပါတယ်။

"ရေတောင်ထမသောက်ဘဲ အသဲအသန်ချုပ်ကြရတယ် နားမခံနိုင်လောက်အောင်လဲ အပြောဆိုခံရတယ် နေ့တိုင်းစိတ်ဒုက္ခရောက်ရပါတယ် အထည်မရရင်လည်းတလိုင်းလုံးကို တရုတ်တွေကခေါ်ဆူသေးတာ တခြားရွေးချယ်စရာမရှိတော့ သည်းခံပြီးလုပ်နေရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေနဲ့ လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခံစားခွင့်တွေခံစားခွင့်မရယုံသာမကပဲ အထည်ကြေးပေးချေရာတွင်လည်း တရားမျှတမှုမရှိတာ နေ့စားသမားတွေကို ခိုင်းစေနေပြီး ခွဲခြားဆက်ဆံတာ တွေပြုလုပ်ခံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေနေနဲ့ ခွင့်ခံစားခွင့်တွေပေးဖို့ အချိန်ပိုဆင်းရပါက အချိန်ပိုကြေးရှင်းပေးဖို့ အထည်ပိုဆုကြေးပေးရာမှာ မှန်ကန်မှုရှိဖို့နဲ့ ဘက်လိုက်မှုမလုပ်ဖို့ တဖက်သတ် စံချိန်တောင်းခံတာမလုပ်ဖို့နဲ့ စံချိန်မပြည့်ပါက ပိုက်ဆံဖြတ်တောက်တာတွေမလုပ်ဖို့ လုပ်ငန်းခွင်ထဲက အိမ်သာတွေကို ကျန်းမာရေးနဲ့ညီညွှတ်စွာ ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026