NEWS

ZARA Brand ချုပ်သည့် စက်ရုံက ညလုံးပေါက် အလုပ်ခိုင်းပြီး အိုတီကြေးမပေး၊ အိုတီ မဆင်းနိုင်ကြောင်း ပြောသည့် အလုပ်သမားများကို အလုပ်ဖြုတ်

CoverLogo
2.5K Views

ZARA Brand ချုပ်တဲ့ SHENG DA MING APPAREL CO,LTD အထည်ချုပ်စက်ရုံက အချိန်ပို (အိုတီ) ညလုံးပေါက် အလုပ်ဆင်းခိုင်းပြီး အိုတီကြေး မပေးတဲ့တွက် အလုပ်မဆင်းနိုင်ကြောင်းပြောတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ် လိုက်တဲ့ အကြောင်း မြန်မာနိုင်ငံ အထွေထွေအလုပ်သမားများအဖွဲ့ချုပ် FGWM ဆီ လာရောက် တိုင်တန်း ထားတယ်လို့  သိရပါတယ်။

SHENG DA MING APPAREL စက်ရုံက လုပ်သက်နည်း အလုပ်သမား ၁၇ ဦး အထိ အလုပ်ဖြုတ်ခဲ့ပြီး နှစ်ကြီး အလုပ်သမားတွေကိုလည်း အဓမ္မ လိုင်းပြောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း အဲဒီအလုပ်သမားတွေက တိုင်ကြားထားတယ်လို့ သိရပါတယ်။

"အိုတီကြေးမပေးဘဲ အပြင်စက်ရုံက အထည်တွေကို အောလင်း (ညလုံးပေါက်)ဆင်းပြီး ချုပ်ပေးရမယ်လို့ပြောတာအလုပ်သမားတွေက အောလင်းတော့ မဆင်းပေးနိုင်ဘူး၊  မနက်အလုပ် စဝင်လာတာနဲ့ အထည်ချုပ် ပေးပါမယ်လို့ ပြောတာကို အလုပ်ရှင်ဘက်က မကျေနပ်ဘဲ၊ နင်တို့ကြောင့် အော်ဒါ Date မမီဘူး နင်တို့လိုင်းကိုဖျတ်မှာ၊ နှစ်ကြီးသမားတွေကို၊ လိုင်းချိန်းမယ်။ လုပ်သက်နည်းတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်မယ်လို့ပြောပြီး အလုပ်သမား ၁၇ ဦး ကို စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်လိုက်တာ" လို့ နစ်နာသူအလုပ်သမားတွေက မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ကို ပြောပါတယ်။

 

စက်ရုံမှာချုပ်လုပ်တဲ့ အမှတ်တံဆိပ်

အိုတီကြေးမပေးပဲ အောလင်း(ညလုံးပေါက်) မဆင်းလို့  အလုပ်သမား ၁၇ ဦးကို အလုပ်ဖြုတ်လိုက်တဲ့ SHENG DA MING APPAREL CO,LTD အထည်ချုပ်စက်ရုံကတော့ ရန်ကုန်တိုင်း ၊ ရွှေပြည်သာ စက်မှုဇုန် (၂)၊  ဦးတရုတ်လမ်း မှာ စက်ရုံ ဖွင့်လှစ်ထားပြီး ဥရောပကို တင်ပို့နေတဲ့  ZARA Brand အမှတ်တံဆိပ်ကို ကိုယ်ပိုင်ချုပ်လုပ်နေတဲ့ စက်ရုံ တစ်ရုံ ဖြစ်တယ်လို့လည်း သိရပါတယ်။

"စက်ရုံမှာ အော်ဒါအရေးကြီးလာပြီးဆိုရင် အောလင်း၊ အောနိုက်ကို တစ်လလုံးခေါ်ပြီး အိုတီကြေးမပေးတဲ့ အပြင် ဖယ်ရီကားစီစဉ်ပေးတာမျိုးလဲမရှိဘူး။ အောလင်း ဆင်းပေးလို့ ထမင်းကြွေးတာမျိုးလည်းမရှိဘူး။ မိုးလင်းအထိ အလုပ်ဆင်းပေးနေရတော့ တစ်ချို့အလုပ်သမားတွေက မူးလဲတာတွေတောင်ရှိတယ်လို့ သိရတယ်။ အလုပ်သမားတွေက ကိုယ်အစီအစဉ်နဲ့ကိုယ် ပြန်ရပါတယ်။ အလုပ်သမားအခွင့် အရေးဆိုတာ ဘာမှမရရှိဘူး။ ဖူလုံရေးကြေးပေးနေလည်း ဖူလုံရေးဆေးခန်းသွားပြတော့ ဆေးခန်းက ဒီစက်ရုံက တရားမဝင်ဘူးလို့ ပြောပြီ ပြန်လွှတ်လိုက်ပါတယ်"လို့ အလုပ်ဖြုတ်ခံခဲ့ရတဲ့ နစ်နာသူ အလုပ်သမားက ပြောဆိုထားပါတယ်။

အလုပ်သမားတွေ မတရား အလုပ်ထုတ်ခံရတဲ့အတွက် နစ်နာကြေး တစ်စုံတစ်ရာမရတဲ့အပြင် စက်ရုံမှာ ကျန်နေတဲ့ နှစ်ကြီး အလုပ်သမားတွေကိုလည်း အဓမ္မ စက်လိုင်းပြောင်းတာတွေ စတဲ့ အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ နစ်နာမှုတွေကို သက်ဆိုင်ရာ အလုပ်သမားရုံး တာဝန်ရှိသူတွေက ကူညီဖြေရှင်းပေးဖို့ အကူအညီ တောင်းဆိုထားပါတယ်။

MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026