NEWS

Yoyika Garment အထည်ချုပ် သင်္ကြန်ရက်အစား ည ၈ နာရီအထိ လုပ်ကိုင်ခိုင်း

CoverLogo
710 Views
 
Yoyika Garment အထည်ချုပ်စက်ရုံမှာ အချိန်ပို OT တွေ အမြဲခေါ်နေလို့ ရှင့်။ စက်ရုံက လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မူကြိုလမ်းဆုံမှာ ရှိပါတယ်။
 
နေ့တိုင်း အချိန်ပို OT ကို ည၈ နာရီထိ ဆင်းရတာပါ။ အဲလိုဆင်းနေရတာ ၇ လလောက် ရှိနေပါပြီ။ပြိးခဲ့တဲ့ စနေ့နေက သင်္ကြန်ရက်အစားဆိုပြီး ည ၈ နာရီအထိ လုပ်ပေးရပါတယ်။ တနင်္ဂနွေနေ့လည်း ည ၈ နာရီအထိဆင်းပေးရပါတယ်။အချိန်ပိုတွေမဆင်းရင် စက်ရုံ ရုံးခန်းထဲခေါ်ပြီး ပြောဆိုပါတယ်။
 
နေမကောင်းလို့ မဆင်းလို့လည်း မရပါဘူး။ ပြောဆိုခံရမှာ စိုးရိမ်တာနဲ့ ဆင်းနေရတာပါ။နေမကောင်းလို့ ပြန်ခွင့်တောင်းလည်း ပြန်မလွှတ်ပါဘူး။
လုပ်ငန်းခွင် (Meeting) အစည်းအဝေးတွေဆိုရင်တော့ မဆင်းချင် ပြန်လို့ရတယ်ဆို ပြီး အမြဲပြောတာပါ။ တကယ်မဆင်းဘူးဆိုရင်တော့ ခေါ်ပြီး ပြောဆိုတော့တာပါ။
 
ငလျင်လှုပ်တဲ့နေ့ကဆို အလုပ်သမားတွေက ကြောက်လို့ စက်ခုံအောက်မှာ ငုံနေရတာ၊ ငလျင်က လှုပ်နေတာ မငြိမ်သေးဘူး၊ အဲ့ဒါကို သူဌေးမက အလုပ်ကို အတင်းလုပ်ခိုင်းပါတယ်။ အဲ့နေ့ကလည်း ည ၆ နာရီ ပြန်မလွတ်ပဲ ၈ နာရီထိ အလုပ်ဆင်းပေးခဲ့ရပါတယ်။
 
အချိန်ပို မဆင်းနိုင်လို့ အလုပ်သမားရုံးကို ဖုန်းဆက်တိုင်ကြပါတယ်။ လာစစ်တာမရှိပါဘူး။ တစ်ရက် နှစ်ရက်ပဲ ၆ နာရီပြန်လွှတ်ပေးပြီးရင် နောက်ပိုင်း ည ၈ နာရီ အထိလုပ်ခိုင်းပြီးမှ ပြန်လွှတ်ပါတယ်။
 
ညီမတို့ကို ကူညီပေးပါရှင့်။
#အချက်အလက်- Yoyika Garment ရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်တွေမှာ ဖော်ပြခံထားရပါတယ်။ စက်ရုံကတော့ natural plus, as-ideal , LIVADES, Laskikaru, Sinsay နဲ့ Little Kids စတဲ့ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်ခဲ့ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026