NEWS

Yangon Global Star အထည်ချုပ် အလုပ်ခန့်လစာထက် လျှော့ပေး

CoverLogo
894 Views
ရန်ကုန်က ရွှေပေါက်ကံစက်မှုဇုန် အဝင်လမ်းမှာ ဖွင့်ထားတဲ့ အထည်ချုပ်စက်ရုံက အလုပ်ခန့်တော့ လစာက တမျိုး၊ လခရှင်းပေးတော့ လစာတွေ လျှော့ပေးနေလို့ပါ။
စက်ရုံနာမည်ကYangon Global Star (YGS)ပါ။ ရွှေပေါက်ကံ ရေဝေးထိပ်နားက စက်ရုံပါ ။ ကူညီပါအုံးရှင်။
အလုပ်ခေါ်စာကြော်ညာမှာတော့ ဒေးကြေးက၇၅၀၀ ဆိုပြီး လစာ salary ပေးတော့ ၇၀၀၀ နဲ့ ရှင်းပေးပါတယ်။
တခြး စက်ရုံတွေမှာ ဒေကြေး ၈၀၀၀ ဖြစ်နေပါပြီ။ အိုတီကြေးတွေဆိုလည်း တိုးပေးနေတာပါ။ ညီမတို့ စက်ရုံက အိုတီ တနာရီ ၁၇၅၀ ပဲ ပေးပါတယ်။
စနေနေ့ကိုဆို ညနေ ၄ နာရီခွဲ မပြန်ရပါဘူး။ အဲ့နေ့ အချိန်ပိုခကို ၂ ဆ လည်း မပေးပါဘူး။
ဖူလုံရေးကြေးကို လတိုင်းဖြတ်ပါတယ်။ ဖူလှုံရေးကဒ်လည်း လုပ်မပေးသလို စက်ရုံဘက်က ဖူလုံရေး ကြေး တကယ်ဆောင်ရဲ့လားဆို မသေချာပါဘူး။
စက်ရုံမှာ ဆေးပေးခန်းလည်းမရှိပါဘူး။ ဖျားလို့လည်း ဆေးတလုံးမပေးပါဘူး။
အထည်စံချိန်တွေ အရမ်းတောင်းပါတယ်။
လစာရတော့ စက်ရုံရဲ့ အမြင့်ဆုံးဂရိတ်ရသူက တခြား စက်ရုံကအကူ Helper လစာလောက်ပဲ ရပါတယ်။
မတ်လ လစာက A++ လို စက်ချုပ်သမားက ၄၃၀၀၀၀ ပဲရပါတယ်။ ဒါတောင် အလုပ်ပိတ်ရက် ၂ ရက်ကို အချိန်ပိုဆင်းထားရတာပါ။
အဲဒီလစာကမှာ အိုတီကြေး ၂ဆ မရတဲ့အပြင် ၊ ရတဲ့လစာက ၁ ပိုင်းက ရတဲ့ လစာထက် နည်းနေ ပါတယ်။
အောစူပါတေကလည်း ဒါကို မဖြေရှင်းပေးပါဘူး။
တာဝန်ရှိသူတွေအနေနဲ့ အလုပ်သမားတိုင်း တခြားစက်ရုံတွေလို ဒေးကြေး၊ အိုတီကြေး တန်တူရရှိဖို့ အရေးယူ ကူညီဖြေရှင်းပေးအုံးလို့ တောင်းဆိုပါရစေရှင့်။
ခေတ်ကာလအခြေနေအရ ဆူတာပူတာလည်း မလုပ်ချင်ပါဘူးရှင့် ။
ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026