NEWS

Yangon Art Materials Incorporation Limited ပန်းချီဘောင်ထုတ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
737 Views

လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြရတနာလမ်းမှာဖွင့်လှစ်ထားတဲ့ Yangon Art Materials Incorporation Limited ပန်းချီဘောင်ထုတ်စက်ရုံမှာ လုပ်ငန်းခွင်အတွင်း အလုပ်သမားတိုင်း  ခွင့်ခံစားခွင့်မရဘဲ  ခွဲခြားပြီးပေးတာ စံချိန်ထက်ကျော်လွန်အောင် လုပ်ဆောင်ပေးခြင်းမရှိတဲ့အလုပ်သမားကို အငြိုးအတေးထားတာ ဝမ်တိမ်လက်မှတ်ထိုးခိုင်းတာတွေ နဲ့ အခြားသော အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတာလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၂၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတာဖြစ်ပြီး ဘေးနားမှာ အလုပ်သမား ၃၀ ဝန်းကျင်နဲ့ ပိတ်စက်ရုံဖွင့်လှစ်ထားပြီး အလုပ်သမားတွေကို တစ်လလျှင် အိုတီ နာရီပေါင်း ၁၀၀ ကျော်ခိုင်းစေနေတာလို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

ဒါ့အပြင်  MG ဌာနရှိအလုပ်သမားများမှာ သတ်မှတ်ဌာနမဟုတ်ဘဲ အခြားဌာနများသို့သွားရောက်လုပ်ကိုင်ရပြီး  သတ်မှတ်ထုတ်ကုန် စံချိန်ကျော်လွန်သော်လည်း  ဆုကြေးမပေးတာ ခွဲခြားဆက်ဆံမှုတွေပြုလုပ်တာရှိတယ်လို့ လည်းအလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေရဲ့ အငြင်းပွားမှုဆိုင်ရာကိစ္စရပ်တွေကိုဖြေရှင်းဖို့ ညှိနှိုင်းရေးကော်မတီ wcc ရှိပေမယ့်  အလုပ်ရှင်ဘက်မှလည်း wcc ကိုအသိမှတ်မပြုခြင်းကြောင့် ၎င်းကိုယ်စားလှယ်များသည် လုပ်ငန်းခွင်ထဲရှိအခက်ခဲမျိုးစုံကို အလုပ်ရှင်နှင့် ဆွေးနွေးညှိနှိုင်းမှုမပြုလုပ်နိုင်းခြင်းကြောင့် အလုပ်သမားများအတွက် အလုပ်သမားများရရှိမည့်အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုများရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"TC ဌာနမှာဆိုရင်လည်း ပိတ်ရက်မရှိ ခိုင်းနေတာရှိတယ်  စက်ကြီးပေါ်ကအလုပ်သမားတွေဆိုရင် နားချိန်မရှိဘဲ တစ်နေ့ ၁၀ နာရီအပြည့်လုပ်ရတာ ပြီးတော့ စက်ကို ဆက်တိုက်မောင်းထားတာဆိုတော့ အလုပ်သမားက ထမင်းစားချိန်တောင်မရဘူး အလုပ်လုပ်နေရင်းနဲ့ပဲစား အဲ့လိုမျိုးဖြစ်နေတယ် မုန့်စားနားချိန်လည်းမရှိ ထမင်းတောင်ကောင်းကောင်း မစားရဘူး အချိန်ပိုဆိုရင်လည်း TC ဌာနကလူတွေကိုပဲ အချိန်ပိုခေါ်ပြီး တခြားဌာနကအလုပ်သမားတွေက ပိတ်ရက်တွေရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာနက အလုပ်သမား ၁၀ ယောက်အထက်ရှိတဲ့ လုပ်ငန်းဌာနအမျိုးမျိုးက အလုပ်သမားတွေကို လစဉ် အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်ပေးဖို့ ထုတ်ပြန်ခဲ့ပေမယ့် အမှန်တကယ်ပေးချေဖို့ တောင်းဆိုတဲ့အလုပ်သမားတွေကို ဝမ်တိန်( သတိပေးလက်မှတ်) ထိုးခိုင်းတာတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

အလုပ်သမားတွေအနေနဲ့ ခံစားခွင့်ရှိသော ခွင့်ရက်များကို အလုပ်သမားတိုင်းခံစားခွင့်ပေးရန် အလုပ်သမားများကို သတ်မှတ်ထားဌာနများတွင်သာ ခိုင်းစေရန် TC ဌာနရှိအလုပ်သမားများကို ထမင်းစားချိန်သီသန့်ပေးရန် 
 ၊ အလုပ်သမားများအပေါ် အငြိုးအတေးထားကာ ဝမ်တိန်လက်မှတ်များထိုးခိုင်းခြင်း မပြုလုပ်ရန် သတ်မှတ်စံချိန်ပြည့်မီတဲ့ အလုပ်သမားများကို သတ်မှတ်စံချိန်ပြည့်မှီသည့်အတွက် ဆုကြေးပေးရန်စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ ပြောဆိုပါတယ်။

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026