NEWS

Yangon Art Materials Incorporation စက်ရုံမှာအချိန်ပိုကြေးမပေးဘဲ ခိုင်းစေနေ

CoverLogo
374 Views

လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် ခြံအမှတ် - ၊ မြရတနာလမ်းမှာ ဖွင့်လှစ်ထားသော Yangon Art Materials Incorporation Limitedစက်ရုံအလုပ်ရှင်ဟာ  အလုပ်သမားတွေကို အချိန်ပိုကြေးမပေးဘဲ ခိုင်းစေနေတာကြောင့် အချိန်ပိုဆင်းခိုင်းပါက အချိန်ပိုကြေးရှင်းပေးရန် တောင်းဆိုလိုလိုတယ်လို့ ပြောပါတယ်။

နေ့စားအလုပ်သမားတွေကို စနေနေ့မှာလည်း အလုပ်ချိန် ၈ နာရီအပြည့်ဆင်းခိုင်းပြီး ၄၈၀၀ ကျပ် နဲ့ အချိန်ပိုကြေးမပေးဘူးလို့ ပြောပါတယ်။

အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူရွယ်လုပ်သားတွေကို လူကြီးတွေနဲ့တန်းတူ ခိုင်းစေနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"ဆုကြေးပေးရင်လည်း တကယ်အလုပ်လုပ်တဲ့ အလုပ်သမားကမရဘူး ပေးချင်တဲ့လူကိုပေးတာ ခုကာလ စားဝတ်နေရေး မပြေလည်လို့လုပ်နေတာကို လုပ်အားကျတော့ အတင်းညှစ်ထုတ်ခိုင်းစေပြီး လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက် ပုံစံမျိုးနဲ့ စံချိန်တွေကို မတရားတောင်းခံပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

 အဆိုပါစက်ရုံဟာ အလုပ်သမား(၁၀၀)ကျော်နဲ့ လည်ပတ်နေတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး  ပန်းချီဘောင်များ ထုတ်လုပ်နေသောစက်ရုံဖြစ်ကာ အသက်အရွယ်မပြည့်သေးတဲ့လူငယ်များကိုလည်း လူကြီးများတန်းတူခိုင်စေသလို  နေ့စားခိုင်းသော်လည်းစနေနေ့အိုတီမပေးဘဲခိုင်းစေတဲ့အပြင်  ဒေးကြေးကိုလည်း ၄၈၀၀ ကျပ်သာပေးတာကြောင့် အလုပ်သမားများဟာအခက်အခဲများဖြစ်နေတယ်လိုံ့ သိရပါတယ်။ 

အလုပ်ရှင်ဟာ   စက်ရုံအလုပ်သမားအား လုပ်အားညှစ်ထုပ်ခိုင်းစေခြင်းနဲ့ အလုပ်သမားများနဲ့ မသက်ဆိုင်သောအလုပ်များကို ခိုင်းစေနေခြင်း၊ အလုပ်သမားများကို စက်ရုံအလုပ်နဲ့ မသက်ဆိုင်တဲ့အလုပ်ဖြစ်သော စက်ပစ္စည်းကိုဖြုတ် ခိုင်းခြင်း၊ ဖောကလစ်ဖြင့်သယ်ရမည် စက်ပစ္စည်းများကို လူဖြင့်ဆွဲခိုင်းပြီး အခြားနေရာသို့ မိုးရွာကြီးထဲတွင် ပစ္စည်းများသယ်ခိုင်းခြင်း၊ အလုပ်သမားများမှ မလုပ်နိုင်ဘူးပြောသော်လည်း အားဓမ္မစေခိုင်းစေခြင်း၊ နောက်ပြီးလုပ်ငန်းခွင်ထဲတွင် ဆေးများကိုင်၍လုပ်ရခြင်းကြောင့် အနံများရှိခြင်း ၎င်းဆေးသုံးပြီးလုပ်ကိုင်ရ သောအလုပ်များဖြစ်သောကြောင့် အလုပ်ရှင်မှ အကာအကွယ်ပစ္စည်း မပေးထားသည့်အတွက် အန္တရာယ်ရှိ ခြင်း၊  စက်ရုံတွင်အလုပ်သမားများအတွက် ဆေးခန်းမရှိခြင်းနဲ့ အခြေခံထားရှိရမည့်ဆေးလည်းအလုံအလောက်မရှိဘူးလို့ သိရပါတယ်။ 

ဒါ့အပြင် အလုပ်သမားများကို အလုပ်ရှင်ဘက်မှ သတ်မှတ်ထားသော စံချိန်ပြည့်မှီပါက ပထမဆု ဒုတိယဆု၊ တတိယဆုပေးမယ်ပြောပြီး အလုပ်ရှင်ဘက်ကသတ်မှတ်စံချိန်ပေးထားပြီး ၁၅ပတ်လည်ပန်းချီ ဘောင် ၅၀၀ ပြီးလျင် ဆုကြေး (၂၀၀၀)ကျပ်ပေးမည်ဆိုတာကြောင့်   အလုပ်သမားများက အိမ်သာမသွား  ရေမသောက်ပဲ အသဲသန် စံချိန်ကိုပြည့်မှီအောင်လုပ်ခြင်းကြောင့် သတ်မှတ်စံချိန်ပြည့်သော်လည်း အလုပ်ရှင်က ပြောထားတဲ့အတိုင်း ၂၀၀၀ကျပ်ကိုမပေးတော့ပဲ အလုပ်သမားများကို လိမ်ညာ၍ခိုင်းစေတယ်လို့လည်းအလုပ်သားတွေကပြောပါတယ်။

အလုပ်သမားများကိုမိမိဌာနအလိုက်မခိုင်းစေဘဲ အခြားဌာနများသို့ခိုင်းစေပြီး ၎င်းခိုင်းစေသောဌာနမှ သတ်မှတ်စံချိန်ကိုတောင်းခံခြင်း၊ အလုပ်သမားများမှာ မိမိဌာနမှလုပ်နေကြ အလုပ်မဟုတ်သည့်အတွက်  ၎င်းဌာနမှသတ်မှတ်စံချိန်ကိုပေးရန် အခက်ခဲဖြစ်ခြင်းကြောင့် သတ်မှတ်စံချိန်ကိုမပေးနိုင်ခြင်းကို အလုပ်ရှင် ဘက်မှစံချိန်အရေအတွက် မပြည့်ဟုဆိုကာ အခြားဌာနသို့ စေလွှတ်ခိုင်းစေခြင်းခံရသော  အလုပ်သမားများ ကိုအချိန်ပိုအိုတီမခေါ်တော့ပဲ  အငြိုးအတေးထားခြင်း၊ ခွဲခြားဆက်ဆံပြီး အချိန်ပိုအိုတီကိုမဆင်းခိုင်းခြင်းတွေ ကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့ 

 ၁။ အလုပ်ရှင်မှ အလုပ်သမားများကို မိမိစက်ရုံနှင့် မသက်ဆိုင်သော အလုပ်များကိုမခိုင်းစေရန်နှင့် မနိုင်ဝန် များကိုမခိုင်းစေရန်။

 ၂။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို စနေနေ့တွင် အလုပ်ချိန်၈နာရီခိုင်းစေသည့်အတွက် အချိန်ပိုအိုတီ ၄နာရီစာပိုက်ဆံပေးရန်နှင့် အချိန်ပိုအိုတီကို အလကားမဆင်းခိုင်းရန်။ 

၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများအတွက် အန္တာရယ်ရှိသော အလုပ်များခိုင်းစေလျင် အကာကွယ်ပစ္စည်း များပေးရန်။ 

၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကိုမိမိဌာနတွင် ခိုင်းစေရန်နှင့် အခြားဌာနခိုင်းလျင်လည်း အလုပ်သမား များသဘောဆန္ဒမေးမြန်းရန်။ 

၅။ အလုပ်ရှင်ဘက်မှ လုပ်ငန်းခွင်ထဲတွင် အခြေခံထားရှိရမည်ဆေးများကို လုံလောက်စွာထားရှိပေးရန်။ ၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီကိုခွဲခြားပြီးမခေါ်ရန်စတဲ့ တောင်းဆိုချက် ၆ ချက်ကို ဖြေရှင်းပေးရန် တောင်းဆိုထားတယ်လို့ သိရပါတယ်။

 


Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026