ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင်ရှိသော Xing Yuan စက်ရုံသည် အလုပ်သမားများအပေါ် အချိန်ပို အလကားဆင်းခိုင်းခြင်းများပြုလုပ်နေပါသည်။
အထည်စံချိန် မပြည့်ခြင်းကို အကြောင်းပြကာ အလုပ်သမားများအား အချိန်ပိုများကို မနက်မိုးလင်းသည်ထိ ခေါ်ယူမှုများရှိနေပါသည်။
ကျွန်မတို့ကို အထည်စံချိန်မပြည့်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် အချိန်ပိုဆင်းပေးရမယ်ဆိုပြီး စူပါ၊လီတာတွေက ပြောတယ်။
"စက်ရုံက နင်တို့ကို ဘာမှ မပေးနိုင်ဘူး။”ဆိုပြီး စူပါများပြောသည့် ။ ဒါဟာ အထည်စံချိန်ကို သက်သက်အကြောင်းပြပြီး အချိန်ပိုကြေး မပေးဘဲ အလုပ်ဆင်းခိုင်း တာပါ။ အလုပ်သမားတွေရဲ့ ဘဝအခြေအနေက အလုပ်ဖို့လိုသလို ထိုက်တန်တဲ့ အခကြေးငွေ ရဖို့လည်း လိုပါတယ်။
စက်ရုံသည် ဖွင့်လှစ်ပြီးသည်မှာ ၁နှစ်ခန့်သာရှိပြီး Sinsay¸GUESS အစရှိသော ကုန်အမှတ်တံဆိပ်များကို ချုပ်လုပ်နေသော စက်ရုံတရုံဖြစ်ပါသည်။






