NEWS

Xin Rui အထည်ချုပ်စက်ရုံမှာ အလုပ်သမား ဥပဒေပါ ရပိုင်ခွင့်တွေ တောင်းဆိုပါက ခွဲခြားဆက်ဆံခံနေရ

CoverLogo
716 Views
Xin Rui အထည်ချုပ်စက်ရုံမှာ ကျွန်တော်က အလုပ်လုပ်တာပါ။
အဓိက ပြောချင်တာကတော့ စက်ရုံတွင်းမှာ ဥပဒေပါ ရပိုင်ခွင့်တွေ မရတာကော၊ လုပ်ငန်းခွင် အခြေအနေတွေ ဆိုးရွားနေတာကော ပြောချင်တာပါ။
ကျွန်တော်တို့ စက်ရုံက လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဆရာရှမ်းလမ်းမှာ ဖွင့်လှစ်ထားတာပါ။
စက်ရုံမှာက သတ်မှတ်ထားတဲ့ အလုပ်ချိန်မတိုင်ခင်ကို ကြိုပြီးအလုပ်လုပ်ခိုင်းပါတယ်။ နောက်ပြီး အစည်းအဝေး တွေကို အလုပ်ချိန်ပြင်ပ အနားယူတဲ့အချိန်တွေမှာ လုပ်ပါတယ်။ အချိန်ပိုအိုတီတွေကို နားချိန်မပေးဘဲ ဆက်တိုက် ခိုင်းပါတယ်။
အချိန်ပိုတွေကို အဆမတန်ခေါ်ပေမယ့် စက်ရုံဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု မရှိပါဘူး။ အိုတီချိန်မှာ မုန့်ကျွေးရင် မကောင်းတဲ့မုန့်တွေ ကျွေးပါတယ်။
အရေးကြီးကိစ္စရှိလို့ ဂိတ်ပတ်တောင်းရင် ရဖို့ခက်ခဲပါ တယ်။ အဓိကကတော့ အလုပ်သမားတွေ ရပိုင်ခွင့်အတွက် တောင်းဆိုတဲ့သူတွေကို လုပ်ငန်းခွင်တွင်းမှာ ခွဲခြားဆက်ဆံတာတွေ လုပ်ပါတယ်။ ရပိုင်ခွင့်တွေ တောင်းဆိုတဲ့သူတွေကို အချိန်ပိုအိုတီတွေ မဆင်းခိုင်းပါဘူး။
နောက်လုပ်သက်ခွင့်တွေကြေးတွေ တောင်းဆိုရင်လည်း မပေးပါဘူး။
လုပ်ငန်းခွင်တွင်းက ဆေးပေးခန်းမှာလည်း ဆေးမရှိပါဘူး။ သောက်ရေတွေလည်း မသန့်ရှင်းတာတွေ သောက်ရပါတယ်။ နောက်ပြီး ဝန်ထမ်းတွေရဲ့ ဂုဏ် သိက္ခာ ကျဆင်းအောင် ရည်ရွယ်ပြောဆိုတာတွေ၊ ဆဲဆိုကြိမ်းမောင်းတောတွေလည်း လုပ်ပါတယ်။
အလုပ်သမား တွေကို တိုးပေးတဲ့ ထောက်ပံ့ကြေး (၂၀၀၀) ဆိုတာလည်း ကျွန်တော်တို့စက်ရုံမှာ အပြည့်မရပါဘူး။ (၁၀၀၀) ပဲ ပေးပါတယ်။
ဒီလို အခြေအနေတွေကို အလုပ်သမားရုံးကို တိုင်ပါတယ်။ ဒါပေမယ့် အခုထိ ဆက်သွယ်ဖြေရှင်းပေးတာ မရှိပါဘူး။ စက်ရုံဘက်က လာဘ်ထိုးပြီး မလာအောင်ကြန့်ကြာအောင် လုပ်ထားတယ်လို့လည်း သိရပါတယ်။
ဒီအခြေအနေတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို အမြန်ဆုံး လာရောက်ဖြေရှင်းပေးစေချင်ပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026