NEWS

Wonderful Apparel အထည်ချုပ် အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
791 Views

မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန် အမှတ် (-) ဟန်စတီးပါဝါလမ်းတွင် ဖွင့်လှစ်ထားသော Wounderful Apparel Co,Ltd စက်ရုံသည်အလုပ်သမားများဟာ  အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရသလို အချိန်ပိုတွေလည်း မဆင်းမနေရ ဆင်းပေးနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

စက်ရုံအလုပ်တက်ချိန်မှာ နံနက်(၇း၃၀)နာရီမှ ည(၇)အထိ နေ့စဉ်ဆင်းနေရခြင်းဖြစ်ပြီး  အထည်စံချိန်အရေးကြီးရင် အရေးကြီးသလို အောနိုက်၊ အောလင်းများကိုလည်း အလုပ်သမားများကို ကြိုတင်ပြောကြားထားခြင်းမရှိဘဲ မဆင်းမနေဆင်းပေးနေရလို့ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

ခွင့်ခံစားခွင့်များနှင့်ပတ်သတ်ပြီး မည့်သည့်ခွင့်အမျိုးအစားမှ အလုပ်သမားများခံစားခွင့်မရရှိခြင်း၊ လူမှုဖူလုံရေးမှနေမကောင်းလို့ ခွင့် ၃ ရက် ယူပါက အလုပ်ရှင်ဘက်မှခွင့်ကို၂ရက်ထက်ခွင့်မပေးပဲ အလုပ်မှ ဥပဒေမဲ့အလုပ်ထုတ်ပြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ လုပ်ငန်းခွင့်ထဲတွင် အလုပ်သမားက၂၀၀ကျော်လောက်သာ ကျန်တော့တယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ရှောင်တခင်ခွင့်ယူရန် ဖုန်းဆက်တိုင်ကြားပါကလည်း ဒေးကြေး ၄၈၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် နဲ့ ရက်မှန်ကြေး ၂၀၀၀၀ နဲ့ စုစုပေါင်း ၂၅၈၀၀ ကျပ် ဖြတ်တောက်ခံရသလို ခွဲခြားဆက်ဆံခံရပြီး အငြိုးအတေးထားခံရတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲတွင် ဆေးခန်းရှိသော်လည်း ဆေးမရှိခြင်း၊ စက်ရုံကမန်နေဂျာက ဆေးခန်းမှာပဲလာပြီးထိုင်နေခြင်းကြောင့် အလုပ်သမားတွေက ဆေးခန်းလာမပြရဲကြခြင်း၊ အလုပ်သမားများကို အထည်စံချိန်မတရားတောင်းခံခြင်း၊ နှစ်ယောက်ချုပ်ရမည်ပွိုင့်များတွင် တစ်ယောက်ထဲ ချုပ်ခိုင်းပြီး အထည်စံချိန်ကိုအပြည့်အဝပေးရခြင်း၊   စံချိန်တောင်းခံရာတွင်အလုပ်သမား စက်လိုင်းတစ် လိုင်းတွင် စူပါအပါ ၁၉ ဦးရှိပြီး တစ်လိုင်းလုံးအနေဖြင့် တစ်နာရီလျှင်အထည်စံချိန် (၉၀)အထိပေးရခြင်း၊ ၎င်းအထည်များမှာ လက်ဝင်ခြင်း၊ အသဲသန်ချုပ်လုပ်ရခြင်း၊ သန့်စင်ခန်းမသွား၊ ရေမသောက်ဘဲ ချုပ်ပါက အထည်၄၀လောက်သာ ချုပ်နိုင်တဲ့အထည်ကို ဖိအားပေးပြီးအထည်(၉၀)အထိတောင်းခံနေတာဖြစ်လို့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

"သူတို့ဘက်က မတရားသတ်မှတ်ပြီးတောင်းတဲ့အထည်စံချိန်ကို မရဘူးဆိုရင် အောစူပါတွေစူပါတွေက နေ့စဉ်နဲ့အမျှ ဆဲဆိုနေတာ တရုတ်အမျိုးသမီးဆိုရင်လည်း အလုပ်သမားတွေချုပ်တာအဆင်မပြေရင် အလုပ်ထွက်ဆိုပြီး ခြိမ်းခြောက်နေတာပါ လိုင်းစူပါတွေဆိုရင်လဲ တော်လို့A+ပေးထားတဲ့ သူတောင်မချူပ်နိုင် တဲ့ပွိုင့်ကို ချူပ်ခိုင်းပြီးတော့ အထည်စံချိန် လည်းပေးရသေးတယ် အထည်ချူပ်တာမကောင်းရင် ဆဲဆိုကြိမ်းမောင်းပြီး အောစူပါတွေနဲ့ မန်နေဂျာနဲ့ပေါင်းပြီး အလုပ်သမားတွေအပေါ် အမျိုးမျိုးဖိနှိပ်တာခံနေရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အဆိုပါစက်ရုံက အလုပ်သမား(၂၀၀) ကျော်ဖြင့်လုပ်ငန်းလုပ်ကိုင်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်ကာ  TROLLKIDS၊ OCHNIK၊ balapala၊ CUH၊ ENCUENTRO၊ ဂျာကင်အထည်  အင်္ကျီဂျပန်အော်တာများချုပ်လုပ်နေတာလို့ သိရပါတယ်။

စက်ရုံအလုပ်သမားများတွေအနေနဲ့ 
အလုပ်ရှင်ဘက်မှစံချိန်တောင်းခံရာတွင် အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းခံရန်၊ 
အလုပ်ရှင်ဘက်မှအလုပ်သမားများ ခံစားခွင်ရှိသော ခွင့်ရက်များ ဆေးခွင့်များခံစားခွင်ပေးရန်၊  
အောစူပါများမှာ စံချိန်တောင်းခံရာတွင် အလုပ်သမားများကို ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းမပြုလုပ် ရန်၊  ဆေးခန်းတွင် ဆရာမထိုင်နေပေးရန်နှင့်ဆေးများထားရှိပေးရန်
အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီခေါ်လျင် အလုပ်သမားများ ကြိုတင်ပြောကြားရန်စတဲ့ တောင်းဆိုချက်၅ချက်ကိုထုတ်ဖော်ပြောဆိုထားတယ်လို့ သိရပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026