NEWS

Wonderful Apparel စက်ရုံ အချိန်ပိုလုပ်ခ မပေးဘဲ ပိတ်ရက်အတွက်ဆိုပြီး လုပ်အား အမြတ်ထုတ်နေ

CoverLogo
803 Views
 
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန် ဟန်စတီးပါဝါလမ်းက Wonderful Apparel အထည်ချုပ် စက်ရုံကပါ ။ အလုပ်သမားတဦးပါ ။ ဌာနတော့ မပြောပါရစေနဲ့။
 
စက်ရုံမှာ အောလင်းတွေ အဆမတန် ဆင်းခိုင်း နေပါတယ် ။ မဆင်းရင်လဲ အောစူပါက လိုင်းသားတွေကို လူအများကြား အော်ဟစ်ပြောဆို ပါတယ် ။ အောလင်းဆင်းရလည်း အိုတီကြေးလုံးဝမရဘဲ ၊ လုပ်ခမရဘဲ ရက်စား ဆင်းပေး ရတာပါ ။
အရင်က တိုင်တန်းသူတွေရှိလို့ အလုပ်သမားရုံးတွေက လာစစ်လည်း စက်ရုံဘက်က ရွေးထားသူတွေပဲ ဖြေခိုင်း ပါတယ် ။
အခန်းထဲမှာ အလုပ်သမားရုံးက လူကြီး မေးလို့ စာရွက်ထဲမှာ ဖြေရပေမဲ့ ၊ အဲဒီ ရေးခဲ့တဲ့ စာတွေက အမှန်တွေ မဟုတ်ပါဘူး။ စက်ရုံဘက်ကို ပြန်လှည့်ကြည့်ပေးပါဆိုပြီး မန်နေဂျာက အလုပ်သမားတွေကို ပြောနေလို့ အမှန် မဟုတ်တာတွေကို ရေးခဲ့ရတာပါ ။
 
“တိုင်ရင် စားပေါက်ပိတ်မှာ” လိုလည်း အလုပ်သမားတွေကို စက်ရုံလူကြီးတွေက ခြိမ်းခြောက်ပြောဆိုပါတယ် ။
အချိန်ပို ဆင်းဖို့ သဘောတူတဲ့ လက်မှတ်တွေကို အရင်ထိုးခိုင်းပြီး အဲ့နေ့ ညနေမှာပဲ ထမင်းဖိုးပေးပြီး တခါတည်း ဆင်းခိုင်းတာပါ။ ငြင်းချိန်လည်း မရပါဘူး ။
 
အချိန်ပို ဆင်းခိုင်းတာက စက်ရုံ အလုပ်သမားတွေရဲ့ သဘောတူညီတာ မဟုတ်ဘဲ၊ အောစူပါတွေ၊ စက်ရုံမှူးတွေ Meeting လုပ်ပြီး စူပါတွေကို ပြောပါတယ် ။ စူပါတွေက တဆင့် အလုပ်သမားတွေကို မဖြစ်မနေ အချိန်ပို ဆင်းဖို့ ပြောတာပါ။
အချိန်ပိုဆင်းဖို့ လက်မှတ် တခါတလေ မထိုးတဲ့သူကို စူပါတွေက ခေါ်ပြီး လူအများရှေ့မှာ အရှက်ရတဲ့အထိ အော်ဟစ် ပြောဆိုပါတယ်။
 
(၇ ရက်နေ့) အမျိုးသားနေ့ကနေ ၁၀ ရက်နေ့ တနင်္ဂနွေအထိ ၄ ရက် စက်ရုံ ပိတ်ခဲ့ပါတယ်။ အဲဒီပိတ်ရက်တွေ အတွက် ရက်စားကို ဒီဇင်ဘာ ၃ ရက် တနင်္ဂနွေနေ့မှာ ဆင်းပေးခဲ့ ရပါတယ်။ အဲဒီလ ၆ ရက်မှာ လည်း အောလင်း ဆင်းပေးခဲ့ရပါတယ်။ အိုတီကြေးမရခဲ့ပါ ။ အလုပ်ချိန် ဖလှယ်ပြီး ဆင်းခိုင်းခဲ့တာပါ ။ အဲဒီ ရက်တွေအတွက် သဘောတူညီမှုလက်မှတ်ကိုတွေကို အလုပ်ကို အရင်ဆင်းခိုင်းပြီး ထိုးခိုင်းခဲ့ပါတယ်။
 
စနေနေ့တွေမှာလဲ ညနေ ၆ နာရီခွဲအထိ ဆင်းပေးခဲ့ရပါတယ် ။ ဇန်နဝါရီ ၆ ရက်မှာလည်း အောလင်း ဆင်းပေးခဲ့ရပါတယ် ။ အဲ့ဒီ အောလင်းက နောက်တပတ် ဇန်နဝါရီ ၁၃ ရက် စနေအတွက် ဆင်းပေးခဲ့ရတာပါ ။ အချိန်ပိုခ မရပါ။
ဇန်နဝါရီ ၁၀ ရက် ဗုဒ္ဓဟူးနေ့မှာလည်း နောက်တကြိမ် အောလင်းဆင်းခဲ့ရပါတယ်။ အဲဒါကတော့ ဇန်နဝါရီ ၁၂ ရက် သောကြာနေ့အတွက် ဆင်းပေးခဲ့ရတာပါ။ အချိန်ပို အိုတီကြေး တပြားတချပ်မှ မရခဲ့ပါ ။ စက်ရုံက ဇန်နဝါရီ ၁၁ ရက်ကနေ ၁၄ ရက်အထိ ၄ ရက်ပိတ်ခဲ့ပါတယ်။
 
အလုပ်သမားတွေက ရက်စားဆင်းပေးနေရတာတွေကို လုံးဝ သဘောမတူပါဘူး။ စက်ရုံဘက်က ဖိအားပေး ဥပဒေ ဖောက်ဖျက်နေပေမဲ့ မလွန်ဆန်နိုင်လို့ လက်မှတ်ထိုးကြရတာပါ ။ (ဒီကနေ့) ဇန်နဝါရီ ၂၀ ရက် စနေနေ့မှာ အောလင်းဆင်းတာကလည်း နောက်တပတ် စနေ့နဲ့အတွက်လို့ ပြောနေပါတယ်။ အလုပ်သမားတွေရဲ့ သဘော ဆန္ဒကို လုံးဝ မေးမြန်းတာမရှိပါဘူး။
အစားထိုးရက် မဆင်းရင်လည်း ရက်မှန်ကြေးပြုတ်မှာမို့ ဆင်းပေးနေရတာပါ။
 
အော်ဒါပါးတယ်ဆိုပြီး စနေနေ့တွေ ပိတ်ရင်လည်း၊ ပြန်ဆင်းရတဲ့ အချိန်ပိုတွေထဲက တစ်ရက်ကို ၂နာရီနှုန်းနဲ့ အစား ပြန်ပေးရပါတယ် ။ အလုပ်ထွက်ရင်လည်း တလ အပြည့်ဆင်းထားရင်တောင် ရက်စားအတွက် ပိုက်ဆံ ဖြတ်ပါတယ် ။
ချုပ်နေတဲ့ လေဘယ်တို့ ၊ ကြယ်သီးတို့ပျောက်ရင်လည်း လျော်ရပါတယ်။ ပိုက်ဆံပေးပြီး လျော်ရတာပါ ။ ဒါကြောင့် အကူအညီတောင်းပါတယ် ။ အားလုံးသိဖို့ တင်ပြပေးပါ ။
 
(Wonderful Apparel စက်ရုံကတော့ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်၊ ဟန်စတီးပါဝါလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၄၅၀) ကျော်နဲ့ လည်ပတ်နေ ပါတယ်။ စက်ရုံက KIABI၊ TROLLKIDS၊ JACKET စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပြီး အလုပ်သမားသမဂ္ဂ ဖွဲ့စည်း မထားဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ကိုတော့ ဖွဲ့စည်းထားတယ်လို့ သိထားပါတယ်။)
 
 
 
 
 
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026