NEWS

W&F အထည်ချုပ် အချိန်ပို ညလုံးပေါက်ဆင်းခိုင်းပြီး ဥပဒေမဲ့ အလုပ်ထုတ်

CoverLogo
592 Views
 
သမီးတို့က ဝါးတရာ သိမ်ကျောင်းလမ်း W&F စက်ရုံကပါ ။
ကတ်တင်(cutting) ဆရာ နဲ့ စက်လိုင်းက တရုတ် အမျိုးသမီး က အရမ်းဆိုးပါတယ်။
ကတ်တင်ဆရာက ဂရိတ်ကြေးပေးရင် သူနဲ့ အဆင်ပြေတဲ့သူ ဆိုရင် ပေးတယ် ၊ ရာထူးလည်း တိုးပေးတယ် ။ မတည်တဲ့သူ၊ အဆင်မပြေ တဲ့သူ ဆိုရင် အလုပ်ထုတ်ဖို့ပဲ အမြဲကြည့်နေတာပါ။ အဲဒီ ဆရာနဲ့ အဆင်မပြေလို့ ထွက်သွားရတဲ့သူတွေ၊ အများကြီးပါ။
ကတ်တင်စူပါတွေ ဥပဒေမဲ့ အလုပ်ထုတ်ခံရတာ အယောက်ပေါင်းမနည်းတော့ဘူး။ အဲ့ဆရာက အလုပ်သမားကို ဆက်ဆံရင် အော်ဟစ်သောင်းကျန်းပြီး လူလိုမဆက်ဆံပါဘူး။
စက်လိုင်းက တရုတ်အမျိုးသမီကလည်း အဲ့ဆရာလိုပါပဲ။ အဲ့အမျိုးသမိးက မြန်မာစကား ပြောတတ်တယ်။ သူနဲ့ တည့်တဲ့ စူပါတွေဆို တမျိုး၊ မတည့်ရင်နောက်နေ့မလာနဲ့ လာစရာမလိုတော့ဘူးဆိုပြီး ဥပဒေမဲ့ အလုပ်ထုတ် ပါတယ်။
အလုပ်ထုတ်ခံရတဲ့ စူပါတွေလည်း တိုင်တာတွေလုပ်ပ်ရင် နောက်ရုံက အလုပ် မခန့်မှာ ကြောက်လို့၊ မတိုင်ရဲ ကြပါဘူး။
အချိန်ပို အိုတီတေဆိုလည်း ညလုံးပေါက် ဆင်းခိုင်းတယ်။ အိုတီဆင်းခိုင်းပြီး အိပ်ပြန်လို့မရဘူး။ အိပ်ဖို့လည်း နေရာ မပေးဘူး။ သမီးတို့မှာ ခြင်တွေကိုက်လို့ တစ်ညလုံး မအိပ်ရတဲ့ အပြင် နောက်နေ့ မနက်ကို အလုပ် ပြန်ဆင်းရပြန်ရော ။
အရင်တုန်းကဆို ညနေ ၆ နာရီခွဲအထိပဲ ဆင်းရတယ်။ အခုဆို ၇ နာရီခွဲအထိ ဆင်းရတယ်။ မုန့်လည်း မကျွေးဘူး။ မုန့်စား နားချိန်လည်း မပေးဘူး။ ညနက် ၁၂ နာရီအထိ ဆင်းမှ ထမင်းကြွေးတာပါ။
စက်ရုံက တရုတ်စကားကလည်း အရမ်ရိုင်းပါတယ်။ သူနဲ့မဆိုင်တဲ့ အလုပ်တွေကို ဝင်ပြောပြီး အလုပ်သမားတွေကို အော်ဟစ် ရိုင်းဆိုင်းပါတယ်။ အထည်ပုံတာတို့၊ ပယ်ထည်ကျတာတို့က သူနဲ့လည်း မပတ်သက်ပါဘူး။ စာရေးမတွေကိုဆို ေ-ာက်လုပ်ေ-ာက်ကိုင်မရှိ၊ ေ-ာက်ဆံ လိုချင်တယ် ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောပါတယ်။
တရုတ်အမျိုးသမီး အညှိုးထားမှာ စိုးလို့ HR ဌာနလည်း မတိုင်ရဲကြဘူး။
ဖယ်ရီ အဆင်မပြေလို့ ရုံးခန်းကို ပြောမိပါတယ်၊ ရုံးခန်းထဲက စာရေးမက သမီးတို့ကို ပြန်ပြီး အပြစ်တင်ပါတယ်။ သမီးတို့ အလုပ်သမားတွေ ကျန်နေရင် ဖယ်ရီက မစောင့်ပါဘူး။ ရုံးခန်းစာရေးမကတော့ သူစီးချင်တဲ့ အချိန် လာစီးတာကို သမီးတို့အလုပ်သမားတွေက ပြန်စောင့်ပေး ရပါတယ်။
ရုံးစာရေးမက ဖယ်ရီကားအကြောင်း ပြောရင် တော်တော်လေးနာပါတယ်။ ဖယ်ရီကားပိုင်ရှင်က စကားပြန်ပါ။ အဲဒါကြောင့် အလုပ်သမာတွေကို သူတို့က စိတ်ကြိုက် လုပ်ချင်သလို လုပ်နေတာပါ။
ရုံးခန်းက စာရေးမတွေက မြန်မာလူမျိုး အချင်းချင်း စောင့်ရှောက်ရမဲ့အစား ချောက်ထဲရောက်အောင် တွန်းချ နေသလိုပါပဲ ။
သောက်ရေလည်း မကောင်း၊ အလုပ်သမားတွေက ကိုယ်တိုင် ဝယ်သောက် ရပါတယ်။ အဆိုးဆုံးက အိုတီ ၁၂ အထိခိုင်းပြီး အိပ်ဖို့နေရာမပေးဘဲ၊ တရုတ်အမျိုးသမီးက ပြန်ခိုင်းတာတွေပါ။ ခေတ်ကာလ အခြေအနေအရ မလုံခြုံတဲ့ အခြေအနေကို ပြန်ခိုင်းတာပါ။
ည ၁၂ နာရီ ဆက်တိုက် အလုပ်ဆင်းရတော့ မျက်လုံးတွေတောင် ကောင်းကောင်းမမြင်ရတော့ဘူး။ ရုံးလည်း မတိုင်ရဲတော့ဘူး၊ ရုံးတိုင်လို့ လိုင်းနံပါတ် ၅ က တယောက် အလုပ်ထုတ်ခံရပါတယ်။ တိုင်သူကို ဘယ်လိုသိ သလဲဆို ရုံးကပဲ သိနိုင်တဲ့ ကိစ္စပါ။
မန်နေဂျာကလည်း အားကိုးမရပါဘူး၊ တရုတ်အမျိုးသမီး လူယုံပါ။ အလုပ်ပြန်လို့ လူလိုက်နည်းတဲ့ ဖယ်ရီကားဆို ဖြုတ်ပါတယ်။ စက်ရုံအလုပ်သမားတွေ နစ်နာတာတွေ များလွန်းလို့ပါရှင့် ၊ ကူညီပေးပါနော်။
#အချက်အလက်- W&F Group Co.,Ltd စက်ရုံက ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်မှာ အလုပ်သမား ၈၀၀ လောက်နဲ့ FSBN တံဆပ် အထည်တွေချုပ်လုပ်နေတယ်လို့ NLF Myanmar အလုပ်သမားအဖွဲ့ချုပ်ဆီက သိရပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ဥပဒေချိုးဖောက် အချိန်ပို ခေါ်ခိုင်းမှုကြောင့် အလုပ်သမားဝန်ကြီးဌာနက တရားစွဲဆိုခံခဲ့ရတာ Myanmar Labour News မှာ ဖော်ပြထား ပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026