NEWS

WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို

CoverLogo
19 Views
WAN HE SHUO FASHION စက်ရုံက စက်ချုပ်လုပ်သားတွေပါ ရှင့်။
 
စက်ရုံက ပိုက်ဆံထုတ်လာတဲ့ကား အဖမ်းခံရလို့ ဆိုပြီး လစာ ထုတ်မပေးပါဘူး။ ဘာကြောင့်အဖမ်းခံ ရတယ်ဆိုတာ သေချာတော့မသိပါဘူး၊ တကယ်အဖမ်းခံရတာလား၊ အဖမ်းမခံရတာလားလည်း သေချာမသိပါဘူး၊ အခု လစာမထုတ်ပေးလို့ တက်မေးတော့ စက်ရုံတာဝန်ရှိသူက ငွေထုတ်သွားတဲ့ကားပြန်လာအဖမ်းခံရလို့ ဆိုပြီးပြောပါတယ်။ 
 
မေလ အတွက် လစာကို ဘယ်ရက်ပေးမယ်ဆိုတာလည်း တိတိကျကျ မပြောပါဘူး။ တကယ်ဆို လကုန်ပြီး (၅) ရက်နေ့ဆို ပုံမှန်ထုတ်ပေးပါတယ်။
 
အလုပ်သမားတွေဆိုတာ ၅ ရက်နေ့ဆို အဆောင်လစာ၊ အိမ်လစာ၊ စားထားသည့် အကြွေးတွေ ပေးရမှာ ပါ။ ။ လစာမထုတ်သေးလို့ဆိုပြီး အိမ်လစာတို့ စားစရိတ်တွေကို ပေးရမဲ့သူတွေကို ပြောလို့မရပါဘူး။ ယူထားတာတွေက ၅ ရက်နေ့ဆို ၅ ရက်နေ့ အတိအကျပေးရတာဖြစ်ပါတယ်။ အပြင်မှာ ငွေတိုးချေးပေးရင် လည်း အတိုးနှုန်းတွေက ၂၀ တိုး၊ ၃၀ တိုးတွေဖြစ်ပါတယ်။
 
ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် အလုပ်သမားရဲ့ လစာကို စက်ရုံအနေနဲ့ စောစောထုတ်ပေး စေချင်ပါတယ်။
 
မိုးတွင်းရောက်လာတော့ စက်ရုံ ထမင်းစားဆောင်နေရာကို သွားရင် မိုးရွာထဲက ဖြတ်သွားရတယ်။ အမိုးရှိတဲ့နေရာက သွားလို့ရတာကို တံခါးပိတ်ထားတယ်၊ မဖွင့်ပေးဘူး။ အလုပ်သမားတွေ သွားတဲ့လမ်းကိုတော့ အမိုးမလုပ်ပေးဘူး။ မိုးရွာတဲ့နေ့ဆို သွားရေးလာရေး အခက်အခဲတာက တအားဖြစ်ပါတယ်။
 
စက်ရုံထဲမှာ စည်းကမ်းချက်တွေကလည်းအများကြီး၊ မှတ်တောင်မမှတ်မိဘူး၊ တစ်ခုခုဆိုတာနဲ့ ဝမ်တိမ်ထိုးခိုင်းပါတယ်၊ လစာပိုက်ဆံတွေဖြတ်တယ်၊ ဘာတွေကို ဘယ်လိုတွေ ဖြတ်မှန်းလည်းမသိဘူး။
 
အလုပ်က ဖွင့်တာတော့ မကြာသေးဘူး။ တချို့ အလုပ်သမားအမျိုးသမီးတွေဆို ကိုယ်ဝန်ရှိလာတာ သိတာနဲ့ ဘာအကြောင်းမှမပြောတော့ပဲ အလုပ်ကနေ ထုတ်ပါတယ်။
 
ဒါလိုဖြစ်တာတွေကို ဆွေးနွေး တင်ပြပေးမဲ့ သူလည်း လုပ်ငန်းခွင်ထဲမှာ မရှိပါဘူး ရှင့်။
လစာတွေကို ဒီနေ့ ရဖို့ကို ဖြေရှင်းပေးပါရှင့်။
 
WAN HE SHUO FASHION CO.,LTD ပိုင် အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ တံတားအဆင်း အနီးမှာ ဖွင့်လှစ်ထားတယ်။ စက်ရုံပိုင်ရှင်မှာ တရုတ် နိုင်ငံသားပါ၊ Sprandi, CROPP, CLW VISION တံဆိပ်တွေချုပ်ပါတယ်။ အလုပ်သမား ၄၀၀ လောက် ရှိပါတယ် ရှင့်။

Related posts

Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026
Cover
Lucky Top Myanmar တွင် အိုတီရုံးလာရောက်၊ စစ်ဆေးမှုမရှိဘဲ ငွေယူပြန်
May 18, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026