NEWS

Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်

CoverLogo
30 Views
Eslite Garment အထည်ချုပ်စက်ရုံကပါ ရှင့် ။ ညီမတို့ လုပ်ငန်းခွင်မှာ အခက်အခဲတွေ ရှိနေလို့ပါ ရှင့်၊
စက်ရုံမှာ အလုပ်ချိန်က မနက် ၈နာရီ အလုပ်ဝင်ရပါတယ်။ ဂိတ်ပတ်စ်ယူတာ ဖြစ်ဖြစ် အလုပ်နောက်ကျတာ ဖြစ်ဖြစ် စက်ရုံက ပေးထားတဲ ရက်မှန်ကြေး ၅၀၀၀၀ ထဲက ၂၅၀၀၀ ဖြတ်ပါတယ်။
 
ညီမတို့ အလုပ်လုပ်ဖို့ စက်ရုံလာကြတာပါ။ အရေးပေါ်ကိစ္စဖြစ်မှာ ဂိတ်ပတ်စ်ယူတာပါ။ ခွင့်ယူတာလည်း မဟုတ်ပါဘူး။ အလုပ်နောက်ကျအောင် သေချာ မလုပ်ပါဘူး။ စက်ရုံအလာ လမ်းမှာ အခက်အခဲရှိလို့ နောက်ကျတာမျိုးပါ။ မလာချင်ရင် အိမ်ကနေမလာကြဘူး။ အခုက စက်ရုံရောက်မှာ ရက်မှန်ကြေး အဖြတ်ခံနေရတာပါ။
 
စက်ရုံအရဲ့ ဘေစင်တွေ မှာ အရင်ကဆပ်ပြာတွေထားပါတယ်။ အခုမရတော့ပါဘူး ။ ဒါတွေလည်း လိုပါတယ်။
အလုပ်သမားတွေကို ဆဲဆိုတာတွေ အော်ဟစ်ပြောဆိုတာတွေကို မလုပ်ရဘူးလို့ Wcc ကတော့ ပြောထား ပါတယ်။
 
ဒါပေမဲ့ လုပ်ငန်းခွင်မှာ အလုပ်ရှင် တစ်ဖက်သတ် တောင်းတဲ့ စံချိန် အထည်တွေမရရင် စူပါတွေက အော်ဟစ်ဆဲဆိုပါတယ်။ အလုပ်သမားက အကျိုးအကြောင်း ဘာမှာ ပြောခွင့်မရပါဘူး ပြောတယ်ဆိုတာ ထိထိခိုက်ခိုက် ပြောတာပါ၊
 
စက်ရုံဖယ်ရီကားတွေ ပို့ရတဲ့လမ်းကြောင်းနဲ့ အလုပ်သမားဦးရေနှင့် မကိုက်တာတော့ အလုပ် သွားပြန်မှာ တွယ်ကပ်ပြီးလိုက်စီးရပါတယ်။ အခု မိုးတွင်းရောက်ပြီးဆိုတော့ မိုးရေစို ဖျားနာတာဖြစ်နိုင်လို့ လူဦးရေနဲ့ ကိုက်ညီတဲ့ ဖယ်ရီကား စီစဉ်ပေးစေချင်ပါတယ်။
 
လက်ရှိ ဒေးကြေးက ၁၁၀၀၀ ပဲ ရတာပါ။ အခုကုန်ဈေးနှုန်းနဲ့ဆို မလောက်ပါဘူး ။ ဒီဒေးကြေးက တိုးပေးဖို့ လိုအပ်နေပါတယ်။
 
စက်ရုံမှာ အလုပ်ဝင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ အပြင်လူ လုံးဝ လက်မခံပါဘူး။ HRနဲ့သိတဲ့သူ၊ စူပါများနဲ့သိတဲ့လူတွေပဲ အလုပ်ခေါ်ပါတယ်။ ကျွမ်းကျင်မှု ဘယ်လောက်ရှိရှိ အလုပ်မခန့်ဘူး၊ Hrမန်နေဂျာ၊ စူပါတွေနဲ့ သိသူတွေပဲ အလုပ်သွင်းနေပါတယ် ရှင့် ။
 
စက်ရုံမှာ အလုပ်သမား သမဂ္ဂ ဆိုပြီး ရှိပါတယ်။ လစဥ်အဖွဲ့ ဝင်ကြေး ၁၁၀၀၀ ကောက်ပါတယ်။ ပြီးတော့ အလုပ်သမားများအရေးဆို ဘာမှ တိတိကျကျဆောင်ရွက်တာမရှိပါဘူး။
 
Eslite Garment အထည်ချုပ် စက်ရုံ တရုတ်နိုင်ငံသားပိုင်ပါ ။ ရွှေလင်ဗန်းစက်မှူဇုန်၊ မောင်ကျန်သီးလမ်းမှာပါ။ တရုတ်နိုင်ငံသားပိုင်ပါ။ လက်ရှိတော့ ALPINESTARS တံဆိပ် ချုပ်နေပါတယ်။
 
 

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026