NEWS

VHT အထည်ချုပ် စက်ရုံ လစာ ထုတ် မပေးနိုင်

CoverLogo
857 Views
ပဲခူးမြို့ VHT စက်ရုံကသူဌေးက လစာထုတ်ရက်မှာလစာမပေးနိုင်ဘူး။
ဇွန်လစာကို တစ်သိနိးခွဲပဲပေးပါတယ်။
 
ကျန်တာကို ဒီနေ့တနင်္လာနေ့နဲ့ အင်္ဂါနေ့ ၂ရက် စောင့်ခိုင်းပါတယ်။ တစ်သိန်းခွဲပေးတာ ယူတဲ့သူကယူ ၊ မယူတဲ့သူက မယူကြပါဘူး။ စက်ရုံမှာ အလုပ်သမား တစ်သောင်းကျော်လောက်ရှိမယ်။ တိကျတော့မသိပါဘူး။
ဇွန်လလစာ တယောက် လေးသိန်းကျော်လောက်ရမယ်။
 
အရင်လက ၃သိန်းခွဲ ဝန်းကျင် ရကြပါတယ်။ ဇွန်လမှာ အချိန်ပို otကလည်း ၇နာရီခွဲထိဆင်းရတယ်၊ တနင်္ဂနွေ တရက် ဆင်းထားပါတယ်။ အချိန်ပိုက တနေ့ ၃နာရီခွဲ ဆင်းထားရပါတယ်။
 
လစာက ဒေးကြေး ၇၈၀၀ otက ၁၈၀၀ ပါ။ တောက်ပံကြေးလည်း ၁၀၀၀ တိုးထားပါတယ်။ ထောက်ပံကြေးက တနင်္ဂနွေနေ့ နားရက်အတွက် မပါ ပါဘူး။ လက်ရှိ အနွေးထည်‌တွေ ချုပ်နေတာ။ ဒီနေ့လည်း လစာရဖို့က မကြိမ်းသေ။ မနက်ဖြန်မှလို့လည်း ပြောနေပါတယ်။
 
အလုပ်သမားတွေ လစာ မရတော့၊ အကြွေးရှင်တွေက အိမ်ရောက်နေပြီ။ အလုပ်ကလစာမရဘူး။ သူများတွေ ၅ရက်နေ့ လစာထုတ်တယ် ၊နင်တို့ကဘာလို့မရတာလဲ၊ လိမ်တယ်ထင်ကြတယ်။ မယုံကြဘူး။
 
အဆောင်သမားတွေ၊ ရပ်ဝေးသမားတွေက ဒီ လစာပဲ မှီခိုနေရတာ။ အိမ်သားတွေ၊ မိဘတွေက ဒီလစာကိုပဲမျှော်ရတာ။
အချိန်ပို otကျတော့ တနင်္ဂနွေရော ၊ညဘက်‌တွေရော ခေါ်တယ်။
 
တချို့ဆို လစာမရလို့ ငိုပါ ငိုတယ်။
 
လစာ တစ်သိန်းခွဲပဲပေးတာကို ယူချင်တဲ့သူ ယူ၊ မယူချင်တဲ့သူ နောက်မှယူ ဆိုပြီး ပြောပါတယ်။ အချိန်ပို ည ၇ ခွဲ အထိ ဆင်းရလည်း အနားမရဘူး။ ထမင်းစားပြီးကတည်းက ဆက်တိုက် လုပ်ရတာပါ။
 
အိုတီတွေ ခေါ်ထားတော့ လစာတွေ ကောင်းမယ် ထင်ခဲ့တာ၊ အခုတော့ လစာတွေ ပေးဖို့ နေ့ရွှေ့၊ညရွှေ့နဲ့ပါ။ သတိမှတ်အတိုင်း လစာပေးစေချင်ပါတယ်။ အခုလည်း ပြောထားတဲ့ ရက်အတိုင်း လစာ ရချင်ပါတယ် ရှင့်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026