NEWS

Uni-Win Leather စက်ရုံ အမျိုးသား အောစူပါမှ ဆဲဆို ခိုင်းစေ

CoverLogo
247 Views
 
Uni-Win Leather ပိုက်ဆံအိတ်စက်ရုံက လှည်းကူးမြိုနယ် ပိုက်ကြီးဝဲကျေးရွာအနီးမှာ ရှိပါတယ်။ ညီမတို့ အောစူပါက အမျိုးသားတစ်ယောက်ပါ။ လုပ်ငန်းခွင်အတွင်း သူနဲ့ အဆင်မပြေတဲ့သူဆို နှမချင်း မစာမနာ ဆဲဆိုပါတယ်။ ကိုယ့်အမေအရွယ် ရှိသူကိုလည်း ငါတတ်ပြီး ဆဲပါတယ်။
 
အဆင်ပြေတဲ့တဲ့ အလုပ်သမားကိုတော့ စူပါ ခန့်ပါတယ် ။ သူ့ကြောင့်နဲ့ အလုပ်ထွက်သူတွေလည်း အများပါပဲ။ ဝောာ်တော်ဆိုးဆိုးပါ ၊ ပြန်ချင်တဲ့အလုပ်သမားမှာ ကောင်းကောင်းမွန်မွန် မပြန်ရပါဘူး ၊ ပြန်ဖို့ကို သူရဲ့ လတ်မှတ်မထိုးပေးရင် လုံခြုံရေးတွေက ထွက်ခွင့်မပြုလို့ ကားလတ်မှတ်ဆုံးတဲ့ အလုပ်သမားတွေ ရှိပါတယ်။
 
HR ကို တိုင်ပါတယ်။ WCC ဖွဲထားတယ်သာပြောတာ သူတိုအချင်းချင်းပဲ ပတ်လည်ထည့်ထားဝောာ့ တိုင်တဲ့ အလုပ်သမားကိုပဲ ဖိနှိပ်ပါတယ်။
 
စက်ရုံကလည်း လှည်းကူးတဝိုက်မှာ အဆိုးဆုံးစက်ရုံပါပဲ။ အချိန်ပိုဆင်းရပြီဆိုရင်လည်း အမြဲတမ်း ၁၀နာရီခွဲ ၁၁ နာရီပါ ။ စနေနေ့ ၅ခွဲလွှတ်ပြီးရင် ည ၇ နာရီခွဲမှာ ပြန်ခေါ်ပြီး ည ၁၀ နာရီခွဲအထိ ဆင်းခိုင်းပါတယ်။ တစ်ချို့အပတ်တွေဆို တနင်္ဂနွေ နားရက်ပါ ဆင်းရပါသေးတယ်။
 
တခြားစက်ရုံတွေမှာ အချိန်ပိုကြေး တစ်နာရီ ၂၀၀၀ နဲ့အထက်မှာ ရှင်းပေးတာကို အလုပ်သမားတိုင်း သိကြမှာပါ။ ဒီ ယူနီဝင်းမှာကတော လူသစ်ဆို ၁၄၀၀ ၊ လူဟောင်း ၁၆၀၀ ပဲ ပေးပါတယ်။ အချိန်ပိုဆင်းရတာက လူသစ်ရော လူဟောင်းရော တူတူဆင်းရတာပါ။ ရက်မှန်ကြေးဆို တခြား စက်ရုံတွေမှာ ၅၀၀၀၀/ ၆၀၀၀၀ ကို မပြောသေးဘူး။
 
အနီးအနားက စက်ရုံတွေက ပေးတဲ့ ၃၀၀၀၀ ကိုတောင် ယူနီဝင်းက မပေးတာပါ။ ပေးတော့ ၁၀၀၀၀ တစ်ရက်ပျက်ရင် အကုန်ဖြတ်ပါတယ်။ ‘
 
ရက်ပျက်မှမဟုတ်ဘူး မနက် အလုပ်ဝင် မျက်နှာစကန်ဖတ်တာ နောက်ကျလည်း ဖြတ်တယ် ။ သတိပေး လက်မှတ်ထိုးရလည်း ဖြတ်တယ်။
 
ကျွမ်းကျင်ကြေးပေးပြီး အပြစ်မရှိအပြစ်ရှာ သတိပေးလက်မှတ် ထိုးခိုင်းတာနဲ့ မကျန်ဘူး။ အလုပ်သမားခေါင်းဆောင်တွေက သူတို့ အဆင်ပြေနေရင် အကုန်မျက်နှာလွှဲပြီး နေတယ်။ အသားကုန်လုပ်ပေးပြီး ပြန်ပြောမိရင် ခေါင်းဆောင်၊ HR က အလုပ်သမားတွေဘက်က ကာကွယ်ပေးတာမရှိဘူး။
 
HRတွေ စည်းမျဉ်းအတိုင်း အရေးမယူပါဘူး။ တရုတ်ဆရာက အိတ်နဲ့ပေါက်တာကိုခံရတာကို HR ကိုတိုင်တာ အအေးတစ်ဗူးနဲ့ ချွေးသိပ်လွှတ်ပါတယ်။ နယ်ဘက်မှာ နိုင်ငံရေးအခြေအနေကြောင့် တက်လာတဲ့ အလုပ်သမား ဆိုရင် နေစရာစားစရာ ရရင်ပြီးရော စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ လုပ်နေကြရပါတယ်။
 
ညီမတို့လည်းအတူပါပဲ။ အိမ်ပြန်လိုလည်း နိုင်ငံရေးအခြေအနေကြောင့် မဖြစ်နိုင်ပါဘူး။ လူပင်ပန်းတာတွေတင်မကဘူး မြန်မာလူမျိုးကို မြန်မာလူမျိုးကပဲ ပြန်ဖိတာမျိုးက စိတ်ပင်ပန်းတာပါ။ ထိထိရောက်ရောက်အရေးမယူပေးနိုင်ရင်တောင် အရမ်းဆိုးရွားတာမျိုးတွေ မဖြစ်စေချင်ပါဘူးရှင့်။
 
(စက်ရုံမှာ Guess လက်ကိုင်၊ ပိုက်ဆံအိပ်တွေ အဓိက ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။)

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026