NEWS

Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်

CoverLogo
237 Views
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ရွှေလင်ဗန်းစက်မူဇုန် ၊ဆိပ်ကမ်းသာလမ်း Tianjin fashion Milestone စက်ရုံကပါ ။
Packing မန်နေဂျာက ဝန်ထမ်း‌တွေ အပေါ်ကို ခွဲခြားဆက်ဆံနေပါတယ် ။ OT ခေါ်ရင်လဲ ပါကင်၊ စနက် ၊ အိုင်းရွန်းကိုခေါ်ပြီး Finishing QCတေကို မခေါ်ပါဘူး ။
 
အခုအချိန် ကုန်စျေးနုန်းကြီးတာနဲ့ ရတဲ့လစာနဲ့ ဆို မလုံလောက်တဲ့အတွက်ဝန်ထမ်းတေ OT ဆင်းချင်ကြတာပါပဲ။ မခေါ်လည်း အကုန်မဟုတ်ဘဲ ခွဲခြားပြီးခေါ်ပါတယ် ။
 
အထည်တွေကို QC မစစ်ဘဲ ကွန်တိန်နာ တင်ပြီး အော်ဒါ ထွက်ပါတယ်။ QC မစစ်ဘဲ အခုလို အော်ဒါထွက်တာကို အော်ဒါရှင်တွေ လက်ခံတာလား ။
 
စက်ရုံမှူးက အဲ့လိုလုပ်တာကို လက်ခံလား။ QC မစစ်ဘဲ အော်ဒါထွက်နေတာကိုသူဌေးက လက်ခံလား။ အခုလိုလုပ်ရပ်က မြန်မာအထည်ချုပ်လုပ်ငန်း‌ တွေရဲ့ အရေအသွေးပိုင်း ထိခိုက်မှာ စိုးရိမ်ပါတယ်။
 
စက်လှိုင်းက ချုပ်ပြီးရင် Snap ရိုက်ရတယ်၊ ပြီးရင် QC စစ်ရတယ်။ ပြီးမှ Iron မီးပူတိုက်၊ ပါကင်ပိတ် အော်ဒါထွက်ရတာက အထည်အိပ်စပို့ လုပ်ငန်းစဉ်ပါ။
 
QC စစ်ပြီး အော်ဒါထွက်တာတောင် အထည် ပြန်ကျတာမျိုး ရှိပါတယ်။ QC လုံးဝမစစ်ပဲ အော်ဒါ ထွက်တာ၊ အဲ့အထည်တွေရဲ့ အရည်အသွေးက ကောင်းမလား? အဲလို့ QC မစစ်တာကို အော်‌ဒါ ဘိုင်ရာ‌တွေ လက်ခံတာလား။
 
အလုပ်သမားခ သက်သာရေးနဲ့ အော်ဒါ အချိန်မြနိဆန်ရေး အတွက် အလုပ်တစုမှာလည်း ခွဲခြားဆက်ဆံခံနေရတာပါ။
QC မစစ်တဲ့ အထည် တံဆိပ်အထည်တွေရဲ့ ပုံတွေကိုလည်း ပို့ထားပေးပါတယ်။

Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026