NEWS

Tianjin Fashion Mile Stone လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်မှုတွေ ကြုံနေရ

CoverLogo
544 Views
 
သက်ဆိုင်ရာ တာဝန်ရှိသူများရှင့်
 
ညီမတို့က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ဆိပ်ကမ်းသာလမ်းက Tianjin Fashion Mile Stone စက်ရုံ အလုပ်သမားတွေပါ။
 
လုပ်ငန်းခွင်ထဲမှာခြိမ်းခြောက်မှုတွေ ဆိုးဆိုးရွားရွားခံစားနေရလို့ပါ။
 
စက်ရုံရှိ B1 စက်လိုင်းမှ စူပါဗိုက်ဆာ (Supervisor) နဲ့ လီတာ (Leader) တို့က သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကိုပဲ မတရားသဖြင့် အခွင့်အရေးပေးပါတယ်။ ဆွေမျိုးသားချင်းများကို Grade အမြင့်များပေးပြီး ချုပ်ရမဲ့ ပွိုင့်အရေအတွက်ကို လျှော့ပေးပါတယ်။ စူပါနဲ့ အဆင်မပြေတဲ့ အလုပ်သမားတွေကိုတော့ Grade အနိမ့်ဆုံး ပေးထားပြီး လူနှစ်ယောက်ချုပ်ရမဲ့ အထည်တွေကိုင် တစ်ယောက်တည်း အတင်းအကျပ် ချုပ်ခိုင်းပါတယ်။
 
B1 စူပါနဲ့ သူညီ လီတာ၊ သူ့သမီးရယ်က "လူမိုက်ငှားပြီး သတ်ပစ်မယ်" ဆိုပြီး အသက်အန္တရာယ် ခြိမ်းခြောက် တာတွေ မကြာခဏ ပြုလုပ်နေပါတယ်။ ၇ လပိုင်း ၂၀ ရက်နေ့လောက် စူပါဗိုက်ဆာက အထည်အရေအတွက် မပြည့်လို့ဆိုပြီး အလုပ်သမားတစ်ဦးကို ဆဲဆိုကြိမ်းမောင်းပါတယ်။ အဆဲခံရတဲ့ အလုပ်သမားက ပြန်လည်ပြောလို့ ဆိုပြီး စူပါက အဲ့အလုပ်သမားရဲ့ ကျောကို လက်ဖြင့် ရိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုါ ပြုလုပ်ခဲ့ပါတယ်။
 
ညီမတို့ အလုပ်သမားတွေက ဒီ မတရားမှုတွေ ခြိမ်းခြောက်မှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စက်ရုံ WCC (Worker’s Committee Council) နှင့် HR Manager ဆီသို့ အကြိမ်ကြိမ် တိုင်ကြားခဲ့ပါတယ်။ လက်ရှိ အချိန်အထိ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်သေးပါဘူး။
 
လက်ရှိလည်း စုံစမ်စစ်ဆေးနေတယ်လို့တော့ ကြားပါတယ်။ ညီမတို့မှာ အချိန်ကြာလာတဲ့အမျှ စိုးရိမ်မှုက ပိုများလာပါတယ်။
 
တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် အားလုံး အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ပူပန်နေရပြီး လုပ်ငန်းခွင်က ကြောက်ရွံမှု တွေ ဖြစ်နေတာပါ။
 
ဒါကြောင့် အလုပ်သမားဥပဒေတွေနဲ့အညီ အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လုပ်ငန်းခွင်ခွဲခြားဆက်ဆံမှုတွေကို ကျူးလွန်ခဲ့တဲ့ စူပါနဲ့ လီတာတွေကို အရေးယူပြီး ဘေးကင်းလုံခြုံမှုကို အာမခံပေးဖို့ တောင်းဆိုပါ
တယ်။
 
လေးစားစွာဖြင့်၊
B1 စက်လိုင်းမှ လုပ်သားများ

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026